နမ့်စန်မြို့ စစ်မှုထမ်းရန် လူဦးရေစာရင်း လိုက်လံ ကောက်ခံနေ ၊ ပိုက်ဆံပါ ပေးဆောင်ရ

သျှမ်းပြည် လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်အတွင်းရှိ အိမ်ထောင်စုစာရင်းများမှ စစ်မှုထမ်းရန် အတွက် လူဦးရေ စာရင်းကို အာဏာသိမ်း စစ်ကောင်စီမှ လိုက်လံ ကောက်ယူနေကြောင်း သတင်းသိရသည်။

ယမန်နေ့ (ဖေဖော်ဝါရီလ ၂၉) ရက်တွင် နမ့်စန်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဌာန (ထွေ/အုပ်) မှ တစ်ဆင့် နမ့်စန်မြို့ ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများကို အစည်း အဝေးခေါ်ယူကာ စစ်မှုထမ်းရန် အတွက် စာရင်းကောက်ယူမည်ဟု ပြောဆို ရှင်းလင်းခဲ့ကြောင်း အသက် (၃၀) ဝန်းကျင် ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံဝော်ဆင့်ကို ပြောသည်။

“ပထမတစ်ဆင့် အနေနဲ့ အိမ်ထောင်စု ဇယားလိုက်ကောက်မယ်တဲ့၊ ပြီးတော့ စစ်မှုထမ်းဖို့အတွက် အသက်ပြည့်ပြီး တဲ့သူ တစ်ယောက်စာအတွက်ကို ပိုက်ဆံ ၂၀၀၀ ကျပ်လည်း ပေးဆောင်ရမယ်တဲ့။ ထောက်ပံ့စားရိတ်လို့ တော့ပြောတယ်။ နောက်ဆို ပိုတောင်းလာမှာလည်း မသိဘူး” ဟု အသက် (၃၀) ဝန်းကျင် နမ့်စန်မြို့ခံ အမျိုးသား တစ်ဦးက သျှမ်းသံဝောာ်ဆင့်ကို ပြောသည်။

လက်ရှိအချိန်တွင် နမ့်စန်မြို့ရှိ ရပ်ကွက် နှင့် ကျေးရွာများ အချို့၌ စစ်ကောင်စီတပ်မှ အိမ်ထောင်စုစာရင်း လိုက်လံကောက်ယူမှု စတင်လုပ်ဆောင်နေသည့်အတွက် ဒေသခံများက လူအပြင် ပိုက်ဆံပါ ပေးဆောင်ရန် အတွက် ရင်လေးနေကြကြောင်းလည်း သိရသည်။

စစ်ကောင်စီထံ စစ်မှုမထမ်းလိုသည့် နမ့်စန်မြို့မှ ဒေသခံအမျိုးစုသည် ပြည်ပသို့ ထွက်ခွာမှု များပြား နေကြောင်းလည်း ၎င်းအမျိုးသားက သျှမ်းသံဝောာ်ဆင့်ကို ဆက်ပြောသည်။

“လူရော ငွေရော ပေးရမယ်ဆိုတော့ သူတို့ကို အများကြီး ပေးဆောင်ရမှာကို ပြည်သူတွေက ကြောက်နေကြတာ။ သူတို့ထံမှာ စစ်မှုလည်း မထမ်းချင်ကြတော့ လူငယ်အများစုက ပြည်ပ လွတ်ကြတာများတယ်။ အများစုက ထိုင်းဘက်ထွက်ပြေးသွားကြတာပေါ့” ဟု အထက်ပါ နမ့်စန်မြို့ခံ အမျိုးသားက ပြောသည်။

နမ့်စန်မြို့သည် စစ်ကောင်စီ အခြေစိုက် မြို့ဖြစ်သော်လည်း လက်ရှိ နိုင်ငံရေး နှင့် စစ်ရေး အခြေအနေများကြောင့် စစ်မှုထမ်း မဖြစ်ချင်ကြသည့် ပြည်သူအများစုက ပိုင်ဆိုင်မှုများ ထုခွဲရောင်းချကာ ပြည်ပထွက်သူများ၊ နေရာပြောင်းရွှေ့မှုများ ပြုလုပ်နေကြကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်နေ့တွင် ထုတ်ပြန်လာသည့် အသက် ၁၈ နှစ်ပြည့် အမျိုးသား နှင့် အမျိုးသမီးများ အသုတ်လိုက် စစ်မှုမထမ်း မနေရသည့် စစ်ကောင်စီ၏ ဥပဒေကြောင့် ပြည်သူအများစု ထိတ်လန့်ကြသလို လူငယ်အများစုက ပြည်ပထွက်ခွာမှုများပြားနေကြခြင်းဖြစ်သည်။

ထို့အပြင် စစ်အာဏာသိမ်းမှု ၃ နှစ်တာ ကာလအတွင်း၌ နမ့်စန်မြို့တွင်း တရားမဝင် လောင်းကစားဝိုင်းများ၊ ဂိမ်းဆိုင်များ ပေါ်တင်ဖွင့်လှစ်မှုများပြားလာပြီး ဒေသအတွင်း ခိုးဆိုးလုယက်မှုလည်း ပေါများလာကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...