ညောင်ရွှေမြို့နယ် လက်နက်တင် ကားတစ်စီးကို စစ်ကောင်စီ စစ်ဆေးဖမ်းဆီးရမိ

သျှမ်းပြည်၊ တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်အနီး၌ လက်နက်များ တင်ဆောင်လာသည့် ကားတစ်စီးကို အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် ၎င်း၏ လက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့ PNA တို့က စစ်ဆေးဖမ်းဆီးရမိကြောင်း စုံစမ်းသိရသည်။

ညောင်ရွှေမြို့

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းတွင် အာဏာသိမ်း စစ်ကောင်စီ နှင့် ပအိုဝ်းပြည်သူ့စစ် PNA တို့ စောင့်ကြပ်စစ်ဆေးနေသည့် ညောင်ရွှေမြို့နယ်၊ မှော်ဘီကျေးရွာတောင်ဘက်ရှိ စစ်ဆေးရေးဂိတ်၌ လက်နက်များကို စစ်ဆေးဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

“ငှက်ပျောသီး ပင်နဲ့ အဖီးတွေကို အပေါ်ကနေတင်ပြီး လက်နက်တွေကို အောက်မှာ ဝှက်ပြီးသယ်လာတဲ့ ကားပေါ့နော်။ အဲ့ဒီမှာ စကစ နဲ့ PNA တွေက စစ်ဆေးပြီး တွေ့မိသွားတာ။ ကားပေါ်မှာ ပါတဲ့ အမျိုးသား (၃) ဦးလည်း အဖမ်းခံရတယ်” ဟု ဖြစ်စဥိကို သိရှိသည့် အမည်မဖော်လိုသူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ လက်နက်စစ်ဆေး ဖမ်းဆီးရမိပြီးသည့်နောက်ပိုင်းတွင် အဆိုပါ လမ်းကြောင်းလည်း ပိတ်ထားပြီး လမ်းသွားလမ်းလာနှင့် ဈေးသည်များ အားလုံးကို စစ်ကောင်စီတို့ဘက်မှ တင်းကြပ်သည့် စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ လမ်းကြောင်းသည် မှော်ဘီကျေးရွာ တောင်ဖက် လွိုင်ကော်သွားလမ်း၊ အနောက်ဖက် ပင်လောင်းလမ်း ၊မြှောက်ဖက်တောင်ကြီးလမ်းနှင့်အရှေ့ဖက် ဆီဆိုင်မြို့သွားလမ်း ဆုံသည့် နေရာဖြစ်ကြောင်းလည်း သိရသည်။

“ကားလမ်းကတော့ တစ်ရက်ပဲ ပိတ်ပြီး ပြန်ဖွင့်ပေးတယ်။ မဖွင့်ပေးလည်း အဆင်မပြေဘူးလေ။ ဈေးသည်တွေ က အစ ဒီလမ်းကိုပဲ အသုံးပြုနေရတာ။ ဒါပေမဲ့ ဖမ်းဆီးခံရတဲ့ (၃) ယောက်ရဲ့ အခြေအနေကိုတော့ မသိရသေးဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံဝောာ်ဆင့်ကို ဆက်ပြောသည်။

ညောင်ရွှေမြို့နယ်၊ မှော်ဘီကျေးရွာ အနီး၌ လက်ရှိ လက်နက်စစ်ဆေးဖမ်းမိသည့် စစ်ဆေးရေးဂိတ် အပါအဝင် စစ်ကောင်စီ၏ စစ်ရေးဂိတ် နှစ်နေရာ ရှိနေပြီး ငွေကြေးကောက်ခံ တောင်းယူမှုနှင့် စစ်ဆေးမှု တင်းကြပ်မှု ရှိနေသည့် အတွက် ဒေသခံများက ခက်ခဲနေကြောင်းလည်း သိရသည်။

လက်ရှိတွင် လက်နက်နှင့်အတူ စစ်ဆေးဖမ်းမိသည့် ကားပေါ်ပါ အမျိုးသား (၃) နှင့်လည်း အဆက်အသွယ် မရသေးသည့်အပြင် ၎င်းတို့ကို မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်ထားကြောင်းကိုလည်း မသိရသေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...