RCSS/SSA ခေါင်းဆောင် တရုတ်နယ်စပ် ရွှေလီမြစ်ဝှမ်းဒေသခံများနှင့် ပထမဆုံးသွားရောက်တွေ့ဆုံ

သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်ဦးဆောင်သည့်အဖွဲ့ သျှမ်းပြည်မြောက် ပိုင်း မူစယ်မြို့ ရွှေလီမြစ်ဝှမ်းရှိ သျှမ်းဒေသခံများအား နှင့် ပထမ ဆုံးအကြိမ်သွားရောက်ကာ ယနေ့တွေ့ဆုံကြ သည်ဟု သိရသည်။

နို၀င်ဘာလ ၁ ရက် နေ့ နံနက် ၁၀ နာရီ ၁၂ နာရီထိ ဗိုလ်ချုပ်ကြီးယွက်စစ် နှင့် အဖွဲ့က သျှမ်းပြည်မြောက် ပိုင်းမူစယ်မြို့နယ် မန့်ဟျိုးမြို့နယ်ခွဲ မန့်ဟောင်းတုံကျေးရွာသို့ ရောက်ရှိလာပြီး ရွှေလီ၊ စယ်ဂေါ၀်၊ မူစယ်၊ နမ့်ခမ်း၊ မန့်ဟျိုး ဒေသခံ ရာဂဏန်း နှင့်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ဒေသခံများအား ဗိုလ်ချုပ်ကြီးယွက်စစ်က နေပြည်တော်ခရီးစဉ်အကြောင်း၊ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကြောင်း၊ NCA စာချုပ်အကြောင်း၊ သျှမ်းပြည်ညီညွတ်ရေးအကြောင်း၊ မူးယစ်ဆေးဝါးတိုက်ဖျက် ရေးအ ကြောင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ အကြောင်းတို့ကို ရှင်းလင်းပြောပြခဲ့ သည်ဟုသိရသည်။

စဝ်ယွက်စစ်လာမယ့်အကြောင်း ကြိုမသိဘူး။ တဆင့်စကားတဆင့်နားနဲ့သာကြားရပြီးသွားစောင့်တာ ။ နောက် ကျ မှသိတဲ့လူတွေ လာနားထောင်ချင်တယ်၊ လာတွေ့ချင်ကြတယ် ဒါပေမယ့် မမှီလိုက်ဘူး။ နမ့်ခမ်းဘက်က၊ မူစယ်ဘက်က လာကြတယ်လေ။ မမှီလိုက်ဘူးအများကြီးဘဲ- ဟု ဒေသခံ စိုင်းအိုက်ခမ်းပေါင်းကပြောသည်။

NCA လက်မှတ်ရေးထိုးခြင်း ၂ နှစ်ပြည့်အခမ်းအနားသို့ ဗိုလ်ချုပ်ကြီးယွက်စစ် နှင့်အဖွဲ့ တက်ရောက်ပြီး နောက် အောက်တိုဘာ ၁၇ ရက်နေ့တွင် သျှမ်းပြည်တောင်ပိုင်း ဒေသခံပြည်သူလူထုနှင့်တွေ့ဆုံခဲ့ပါသေးသည် ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံက သက်ငယ်မုဒိန်းကျူးလွန်သည့် အမျိုးသား နှစ်လကျော်ကြာသည်အထိ မဖမ်းမိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တပင်ပျော်ကျေးရွာမှ သက်ငယ်မုဒိမ်းကျူးလွန်သည့် အမျိုးသား နှစ်လကျော် ကြာသည်အထိ မဖမ်းမိသေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ဒုတိယပတ်တွင် ရွာငံမြို့နယ် တပင်ပျော်ကျေးရွာ၌ အသက်(၁၄)နှစ်အရွယ် မိန်းကလေးတစ်ဦးကို တစ်ရွာတည်းနေ အသက်(၄၀)ကျော်အရွယ် မောင်တူးဆိုသူက အဓမ္မပြုကျင့်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်အပြီး တရားခံဖြစ်သူကို ဖမ်းဆီးစစ်ဆေးနေစဉ် မောင်တူးသည် ရွာငံဆေးရုံမှ...

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...

တောင်ကြီးတွင် အချင်းချင်း စကားများရန် ဖြစ်ရာမှ ဓားဖြင့် ထိုးသတ် အမျိုးသားတစ်ဦး သေဆုံး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ စိန်ပန်းရပ်ကွက်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး အချင်းချင်းစကားများ ရန်ဖြစ်ရာမှ ဓားဖြင့်ထိုးသတ်မှုဖြစ်ပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ (၉)ရက်နေ့တွင် စိန်ပန်းရပ်ကွက် နှင်းဆီလမ်းထိပ် အရက်ဆိုင်တွင် သက်လတ်ပိုင်းအရွယ် ကိုထွန်းထွန်းနိုင်နှင့် ကိုထက်ပိုင်မှူး တို့ စကားများရန်ဖြစ်ကြပြီး ဓားဖြင့်ထိုးမှုကြောင့် ကိုထက်ပိုင်မှူး...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...

စရိတ်ကြီးမားမှုကြောင့် G-Z များ အိမ်မွေးတိရိစ္ဆာန်များ မွေးရန် ပိုရွေးချယ်လာ

0
ထိုင်းနိုင်ငံတွင် ကလေးမွေးဖွားမှုနှုန်း အလျင်အမြန်ကျဆင်းလာနေပြီး နေထိုင်စရိတ်ကြီးမြင့်လာမှုများကြောင့် မိသားစုဘဝထူထောင်ခြင်းအပါအဝင် ဘဝ၏အရေးကြီးသော ဆုံးဖြတ်ချက်များကိုပါ ရပ်ဆိုင်းလာနေကြကြောင်း ဘန်ကောက်ပို့စ်သတင်းတွင်ဖော်ပြသည်။ ယမန်နှစ်က မွေးဖွားသူဦးရေ ခန့်မှန်းခြေ ၄၁၆,၅၀၀ ဦးသာ ရှိခဲ့သော်လည်း သေဆုံးသူဦးရေမှာ ၅၅၉,၀၀၀ ကျော်အထိ မြင့်တက်လာခဲ့ရာ ထိုင်းနိုင်ငံ၏ စုစုပေါင်းလူဦးရေသည် သိသာစွာ နည်းလာစေပြီး လူဦးရေဆိုင်ရာအကျပ်အတည်းများဖြစ်ပေါ်လာနေလျက်ရှိသည်။ Deloitte ၏...