အပစ်ရပ်ထားသည့် သျှမ်းမြောက်သို့ စစ်ကောင်စီတပ် အင်အားအများအပြား ဖြည့်တင်းနေ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့သို့ ဦးတည်၍ စစ်ကောင်စီတပ်မှ စစ်သည်အင်အား အများအပြားကို ကုန်းလမ်းဖြင့် ဖြည့်တင်းနေကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဖေဖော်ဝါရီလ ၁၄ ရက်) နေ့လယ်ပိုင်းတွင် အပစ်ရပ်ထားသည့် သျှမ်းမြောက် လားရှိုးမြို့သို့ ဦးတည်နေသည့် စစ်ကောင်စီတပ် ထောက်ပို့ယာဉ် ၂၅ စီးပါ ယာဉ်တန်းရှည်သည် သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်ကို ဖြတ်သန်း၍ မောင်းနှင်သွားကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့သည့် ဒေသခံများက ပြောသည်။

“သျှမ်းတောင်ဘက်က လာတဲ့ စစ်ကောင်စီယာဉ်တန်း ၂၅ စီးလောက်က လားရှိုး၊ မိုင်းရယ်ဘက် ဦးတည်ပြီး မောင်းသွားတယ်။ ကားတွေအကုန်လုံးက မိုးကာတွေ အုပ်ထားတယ်၊ တချို့ကားလည်း စစ်သားပါတယ်။ တော်တော်များတယ်”ဟု စစ်ကောင်စီတပ် အင်အားဖြည့်တင်းနေသည်ကို ကိုယ်တိုင်မြင်တွေ့ခဲ့သည့် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် သျှမ်းမြောက်ရှိ ဒေသခံပြည်သူများမှာ ယာယီအပစ်ရပ်ကာလအတွင်း တရုတ်နှစ်သစ်ကူးပြီးနောက် နှစ်ဘက်တပ်ဖွဲ့များ၏ အနီးကပ် လှုပ်ရှားမှုများကြောင့် တိုက်ပွဲအပြင်းအထန် ပြန်လည်ဖြစ်ပွားမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း ဒေသခံများထံမှ သိရသည်။

“အခုတောင် ပြည်သူတွေက တိုက်ပွဲပြန်စမှာကို စိုးရိမ်နေကြတယ်။ တခြားမြို့မှာ စစ်ရှုံးပြီးတော့ လားရှိုးကို ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေလည်း တရုတ်နှစ်သစ်ကူးပြီးတော့ လှုပ်လှုပ်ရှားရှား ဖြစ်လာတယ်။ သူတို့က တခြားမြို့ကို ပြန်တိုက်မယ်ဆိုလဲ နောက်တန်းက အသိမ်းခံရမယ့် အခြေအနေမျိုး ရှိတာပေါ့”ဟု လားရှိုးမြို့မှ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“၁၀၂၇ စစ်ဆင်ရေး”ဆင်နွှဲနေသည့် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့သည် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ဇန်နဝါရီလ ၁၀/၁၁ ရက်တို့တွင် ကူမင်းမြို့၌ တတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် သျှမ်းမြောက်တွင် ယာယီအပစ်အခတ် ရပ်စဲရန် “ဟိုင်ဂင် သဘောတူညီမှု”ကို ရရှိခဲ့သည်ဟု နှစ်ဘက်စလုံးက တရားဝင်ထုတ်ပြန်ထားသည်။

အဆိုပါ “ဟိုင်ဂင် သဘောတူညီမှု”တွင် နှစ်ဖက်တပ်ဖွဲ့ဝင် အချင်းချင်းကြား ပစ်ခတ်တိုက်ခိုက်မှုနှင့် ထိတွေ့မှုမရှိစေရေး၊ အငြင်းပွားဖွယ်ရာများနှင့် ပစ်ခတ်မှုများ ဖြစ်ပေါ်လာပါက တွေ့ဆုံဆွေးနွေးမှု လမ်းစဉ်ဖြင့် ဖြေရှင်းရေး စသည့် အချက်များအပေါ် သဘောတူညီမှု ရရှိခဲ့သည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ဇန်နဝါရီ ၁၂ ရက်တွင် ထုတ်ပြန်ထားသည်။

သျှမ်းမြောက်ဒေသတွင် ၎င်းယာယီအပစ်ရပ်ကာလအတွင်း မြေပြင်တွင် တိုက်ပွဲများ အမှန်တကယ် ရပ်တန့်ခြင်း မရှိဘဲ စစ်ကောင်စီတပ်မှ အပစ်အခတ်ရပ်စဲရေး လက်မှတ်ကို ပေါ်ပေါ်တင်တင် ချိုးဖောက်ကာ တစ်ဖက်သတ် ပစ်ခတ်မှုများ ဆက်ရှိနေခဲ့ကြောင်း ညီနောင်မဟာမိတ်တပ်များက ပြောသည်။

“၁၀၂၇ စစ်ဆင်ရေး” သုံးလကျော်အတွင်း ညီနောင်မဟာမိတ်တပ်များသည် သျှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်းပေါင်း ၄၀၀ ကျော်အထိ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မြို့ပေါင်း ၂၀ မြို့ကို ထိန်းချုပ်ထားသည်။

စစ်ရေးအဖက်ဖက် ရှုံးနိမ့်နေသည့် စစ်ကောင်စီသည် လူအင်အား နည်းပါးလာသည့်အတွက် အသက်ပြည့်ပြီး နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်အသက်သွင်းလာပြီး ပြည်သူများကို ရွေးချယ်ခေါ်ယူမည့် ပြည်သူ့စစ်မှုထမ်းဗဟိုအဖွဲ့ကို ဖေဖော်ဝါရီလ ၁၃ ရက်တွင် စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး ဦးဆောင်သည့် ၁၈ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...