မိုးမိတ်စစ်ကောင်စီတပ်က အရပ်သား ၅ ဦးကို ပစ်သတ်၊ အမျိုးသမီး ၅ ဦး အပါအဝင် ၄၀ ဦးထက်မနည်း ဖမ်းဆီးထား

သျှမ်းပြည် မိုးမိတ်မြို့နယ် စစ်ကောင်စီတပ်က အိမ်စောင့်ကျန်ခဲ့သည့် အရပ်သား ၅ ဦးကို ပစ်သတ်ခဲ့ပြီး အမျိုးသမီး ၅ ဦးအပါအဝင် ၄၀ ဦးထက်မနည်းကိုလည်း ဖမ်းဆီးထားကြောင်း စုံစမ်းသိရသည်။

ဖေဖော်ဝါရီလ ၂ ရက် ညနေပိုင်းတွင် မိုးမိတ်မြို့နယ် ရွှေဇာလီကျေးရွာတွင် အိမ်စောင့်ကျန်ခဲ့သည့် အရပ်သား ၅ ဦးကို အကြောင်းပြချက်မရှိဘဲ စစ်ဆေးရန်ဟုဆိုကာ စစ်ကောင်စီတပ်မှ ရွာလယ်ဘုရားသို့ ခေါ်ဆောင်သွားခဲ့ပြီး ပစ်သတ်ခဲ့ကြောင်း မိုးမိတ်မြို့ဒေသခံများက ပြောသည်။

“အိမ်ထဲမှာနေတဲ့လူ အကုန်လုံးကို ထွက်ခိုင်းတာ။ သူတို့ ငါးဦးက ဘုရားထဲကို ခေါ်သွားပြီးမှ စစ်မယ်၊ ဆေးမယ်ဆိုပြီးတော့ သတ်လိုက်တာပေါ့။ ၂ ရက်နေ့ ညနေပိုင်းကို ခေါ်တာ၊ နောက်ရက် မနက်မှ သေတယ်ဆိုတာ အတည်ပြုလို့ရတာ။ အဲ့လိုပဲ တစ်ညတိတ် ခေါ်စစ်နေကျ၊ မနက်ဆို ပြန်လွှတ်ပေးနေကျပဲပေါ့။ အဲ့တာ မလွှတ်တော့ ဟိုမှာသွားကြည့်တာ သေနေပြီ”ဟု မိုးမိတ်မြို့မှ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုးမိတ်စစ်ကောင်စီတပ်က ရွာလယ်ဘုရားတွင် ပစ်သတ်ခဲ့သူများမှာ ရွှေဇာလီကျေးရွာနေ အသက် ၄၀ မှ ၅၀ နှစ်အရွယ်ရှိ ဦး‌ဇော်ဝင်း၊ ပန်းရံဆရာဖြစ်သူ ဦးမောင်မြင့်နှင့် ဦးမောင်တင့်၊ ဈေးသည်တစ်ဦးနှင့် အခြားအရပ်သားတစ်ဦးတို့ဖြစ်ကြောင်း မိုးမိတ်ဒေသခံများထံမှ သိရသည်။

အလားတူ မိုးမိတ်မြို့ မြောက်ပိုင်းရပ်ကွက်ရှိ မြို့လယ်သာသနာ့ဗိမာန်တွင် တပ်မ-၉၉ နှင့် နယ်မြေခံတပ်မှ စစ်ကောင်စီတပ်သားများက နေအိမ်ပြန်ကြည့်သည့် စစ်ဘေးရှောင်ဦးရေ ၄၀ ဦးထက်မနည်းကို ဖမ်းဆီးထားပြီး ငွေခြိမ်းခြောက်တောင်းနေကြောင်း မိုးမိတ်ဒေသခံများက ပြောသည်။

“အခုမြို့ထဲမှာလည်း မိန်းကလေး ၄ ဦး ၅ ဦးလောက် ပါတယ်၊ ယောကျ်ားလေးကတော့ ဆိုင်ကယ်တွေ့တာ အစီး ၄၀ လောက်ရှိတယ်။ စစ်ကောင်စီတွေက အိမ်တွေထဲ ဝင်မွှေပြီး တံခါးဖွင့်ခံထားရတော့ တံခါးသွားပိတ်ကြတာ။ အာသံလမ်း၊ ရွှေဇာလီလမ်းပွင့်တယ်ဆိုပြီး ဝင်တဲ့လူတွေကို အကုန်ဖမ်းထည့်ထားတာ။ ပိုက်ဆံနဲ့ ရွေးရမယ်လို့ ပြောတယ်”ဟု မိုးမိတ်မြို့မှ ၎င်းဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ထို့အပြင် ရွှေဇာလီနှင့် နမ့်မောင်းချောင်းတံတားတွင်လည်း စစ်ကောင်စီလက်အောက်ခံ တပ်မ-၉၉ နှင့် ပျူစောထီးအဖွဲ့ဝင်များက စစ်ဘေးရှောင်များထံမှ ပစ္စည်းလုယူနေကြောင်း မိုးမိတ်ဒေသခံများက ပြောသည်။

မိုးမိတ်မြို့ စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် KIA တို့၏ နှစ်ဘက်ထိတွေ့တိုက်ပွဲ တစ်လအတွင်း စစ်ဘေးရှောင်ဦးရေ တစ်သောင်းခန့်သည် မန္တလေး၊ ပြင်ဦးလွင်မြို့ဘက်သို့ အများအပြား ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ခုပ်ပင်နှင့် မိုးဘုံရွာတွင်လည်း စစ်ဘေးရှောင် ၁၀၀၀ ကျော် ခိုလှုံလျက်ရှိကာ စားနပ်ရိက္ခာနှင့် အဝတ်အထည်များ လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

မိုးမိတ်မြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုများကြောင့် အမျိုးသမီး ၄ ဦးအပါအဝင် စုစုပေါင်း ၁၇ ဦးထက်မနည်း သေဆုံးခဲ့ပြီး မိုးမိတ်မြို့မဈေးနှင့် ပြည်သူနေအိမ် ၂၀၀ ကျော်လည်း မီးလောင်ပျက်စီးခဲ့ကြောင်း မိုးမိတ်ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...