Friday, May 17, 2024

ကရင်နီစစ်ရှောင် ထပ်မံစစ်ပြေး နေရာထိုင်ခင်းအခဲဖြစ်

Must read

သျှမ်းပြည် ဆီဆိုင်မြို့နယ်အတွင်းမှ ညောင်ရွှေမြို့နယ်သို့ ထွက်ပြေးတိမ်းရှောင်လာသူများအတွက် နေရာထိုင်ခင်း အခက်အခဲများ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

ညောင်ရွှေမြို့နယ် စစ်ဆေးရေးဂိတ်တခု

ကရင်ပြည်တွင် “၁၁.၁၁ စစ်ဆင်ရေး” ကြောင့် ဆီဆိုင်မြို့နယ်သို့ရောက်ရှိလာသော ကရင်နီစစ်ဘေးရှောင် များသည် စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူစစ် (PNO/PNA) နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တို့တိုက်ပွဲများကြောင့် ညောင်ရွှေမြို့သို့ ထပ်မံထွက်ပြေးလာရသည်။

ထိုထပ်မံ ထွက်ပြေးလာရသည့် စစ်ရှောင်များသည် နေရာ ထိုင်ခင်းများအတွက် အခက်အခဲများကြုံတွေ့နေရကြောင်း စစ်ဘေးရှောင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“အကိုတို့နေတဲ့နေရာတွေက ပြည့်နေပြီး။ လာနေတာတွေတော့ရှိတယ် အိမ်တွေတော့ ငှားနေရတာပေါ့။ ဘုန်းကြီး ကျောင်းတွေမှာ လာနေလို့တော့ မရတော့ဘူး။လူတွေကတော့ ပြည်နေပြီလေ ၃၀၀ ကျော်လောက်ရှိနေပြီ။ ဝင်ငွေတွေမရှိတော့ တချို့တွေကတာ့ ရှိတာလေး ရောင်းပီး ၁လလည်း ၁လ ၂လလည်း ၂လပေါ့ အဲ့လိုလေးနဲ့ မိန်းပြီးပြီးနေနေရတာပေါ့။ပြီးတော့ စားဝတ်နေရေးအတွက်ပြန်ရုန်းကန်နေရတာပေါ့။”ဟု ကရင်နီစစ်ဘေးရှောင် အမျိုးသားတစ်ဦးက ပြောသည်။

ဆီဆိုင်စစ်ရှောင်

သျှမ်းပြည်သို့ “၁၁.၁၁စစ်ဆင်ရေး”ကြောင့် ရောက်ရှိလာသည့် ကရင်နီစစ်ရှောင်ဦးရေ စုစုပေါင်း ၅သောင်းဝန်းကျင်ရှိသည်။

ထို့ပြင်ဆီဆိုင်မြို့နယ်တွင် PNLO/PNLA နှင့် PNO/PNA တို့တိုက်ပွဲဖြစ်ပွားမှုကြောင့်စစ်ဘေးရှောင်လူဦးရေ စုစုပေါင်း ၄၃၇၃၀ ဦးအထက်ရှိ ကြောင်း
Pa-o Youth Organization မှထုတ်ပြန်ထားသည်။

ထိုထဲတွင် ကယား (ကရင်နီ)ပြည်နယ်မှ တိမ်းရှောင်လာသည့် ဒေသခံများသည် ထပ်မံတိမ်းရှောင်ရသည်။

Leave a Comments

- Advertisement -spot_img

Latest article