ဆီဆိုင်မြို့တိုက်ပွဲ စစ်ကောင်စီ အလောင်း ၅၀ တွေ့၊ လက်နက် ၅၀ သိမ်းပိုက်ရရှိ

သျှမ်းပြည် ဆီဆိုင်မြို့အနီးတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီ အလောင်း ၅၀ တွေ့ပြီး လက်နက် ၅၀ ခန့်သိမ်းပိုက်ခဲ့ရရှိခဲ့ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA ပြောဆိုလိုက်သည်။

ယမန်နေ့ (ဇန်နဝါရီလ ၃၀ ရက်)တွင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLAမှ ဆီဆိုင်မြို့နယ်အတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စကို ဆောင်ရွက်နေစဉ် စစ်ကောင်စီတပ်နှင့် မြို့မြောက်ဘက် တစ်နေရာတွင် တိုက်ပွဲခဲ့ကြောင်း PNLA က ယနေ့ (ဇန်နဝါရီလ ၃၁ ရက်)တွင် ထုတ်ပြန်သည်။

ယင်းတိုက်ပွဲဖြစ်ပွားပြီးနောက် PNLA မှသွားရောက် နယ်မြေရှင်းလင်းခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်သား၏ အလောင်း ၅၀ ခန့် တွေ့ပြီး လက်နက် ၅၀ ခန့် သိမ်းပိုက်ရရှိခဲ့ကြောင်း ဆိုသည်။

ထို့နောက် စစ်ကောင်စီတပ်ဖွဲ့သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိ၊ PNLA တပ်ဖွဲ့များ လှုပ်ရှားခြင်း မရှိသည့် လွယ်ထွဲကျေးရွာထဲကို လေယာဉ်ဖြင့် ညပိုင်းတွင်းလာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ယင်းကျေးရွာရှိ ဘုန်းကြီးကျောင်းဆောင် ပျက်စီးသွားခဲ့သည်ဟု ဆိုသည်။

ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲစတင်ဖြစ်ပွားလာချိန်မှစ၍ စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ PNAတို့သည် ပအိုဝ်းကျေးရွာများအား လက်နက်ကြီးများ၊ လေယာဉ်များဖြင့် အသုံးပြုပြီး ပစ်ခတ်ကာ ဖျက်စီးနေလျက်ရှိကြောင်း PNLAက ပြောဆိုထားသည်။

“အခုထိတော့ အိမ်ကိုမပြန်ရဲသေးဘူး။ ရွာတွေဘက်မှာ ခဏစစ်ရှောင်နေတုန်းပဲ။ ဒီမှာနေတာတောင် အသံတွေက တစ်ချက်ချက်ကြားနေရသေးတယ်။ လေယာဉ်သံတွေလည်း ကြားနေရသေးတယ်” ဆီဆိုင်မြို့နယ် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အလားတူ တောင်ကြီးမြို့နယ် ကျောက်တလုံးဒေသနှင့် ဟိုပုံးမြို့နယ်တွင်လည်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLA ၏နာမည်ကို စစ်ကောင်စီနှင့် PNA တို့က အလွှဲသုံးစားပြုပြီး တပ်ဖွဲ့ဝင်အသစ်များကို လိမ်လည်စုဆောင်းနေသည်ဟု ထပ်လောင်းပြောဆိုထားသည်။

PNLA တပ်ဖွဲ့အနေဖြင့် အဆိုပါကျေးရွာများတွင် တပ်ဖွဲ့ဝင်အသစ်များ စုဆောင်းခြင်းမရှိကြောင်း အသိပေးထားသည်။

လက်ရှိအချိန်ထိ စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ PNO တို့သည် ဆီဆိုင်မြို့နှင့် ကျေးရွာဒေသကို လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်း၊ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် မြို့တွင်းအခြေအနေမှာ လုံခြုံမှုအားနည်းနေဆဲ ဖြစ်သည်။

ထို့ကြောင့် ဒေသခံပြည်သူများအနေဖြင့် မလိုအပ်ဘဲ နေအိမ်ပြန်ကြည့်ခြင်း၊ ပစ္စည်းများ ပြန်သယ်ခြင်းများ မပြုလုပ်ကြသေးရန်နှင့် လုံခြုံဘေးကင်းသည့်နေရာများသို့ ခေတ္တခိုလှုံနေထိုင်ကြရန် တိုက်တွန်းထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

ဆီဆိုင်မြို့နယ်ရှိ ကျေးရွာများတွင် ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် ထမ်ဆိုင်းကျေးရွာနှင့် အနီးနားကျေးရွာများတွင် ဘောင်းဘီဝတ်ခွင့် ပိတ်ပင်ထားပြီး၊ ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလဆန်းပိုင်းမှစကာ ထမ်ဆိုင်းကျေးရွာနှင့် ၎င်းပတ်ဝန်းကျင် အနီးနားရှိကျေးရွာမှ ဒေသခံများ ရိုးရာ ဝတ်စားဆင်ယင်မှု လျော့နည်းလာခြင်း၊ ကျေးရွာ ဂုဏ်သိက္ခာထိခိုက်စေလာမှုကြောင့် ဘောင်းဘီဝတ်ဆင်မှုကို ကျေးရွာသူကြီးများက ကန့်သတ်လိုက်ကြောင်း ၎င်းဒေသခံများက ပြောသည်။ အဆိုပါ ကန့်သတ်ချက်ကို...