Thursday, May 2, 2024

မျက်ကန်းမျိုးချစ်နှင့် နယ်မြေချဲ့ထွင်ရေးဝါဒများကို ဆန့်ကျင်သော မိတ်ဆွေများနှင့် ပူးပေါင်းချီတက်သွားမည်ဟု SSPP ပြော

Must read

အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒ၊ ကျဉ်းမြောင်းသော အမြင်ရှိသည့် မျက်ကန်းမျိုးချစ်ဝါဒနှင့် နယ်မြေချဲ့ထွင်ရေး ဝါဒနာများကို ဆန့်ကျင်သော မိတ်ဆွေများနှင့် ပူးပေါင်းချီတက်သွားမည်ဟု SSPP က ထုတ်ပြန် ပြောဆိုလိုက်သည်။

SSPP တပ်သားများ

အဆိုပါ ပြောဆိုမှုသည် (ဇန်နဝါရီလ ၂၀ ရက်) မှ (ဇန်နဝါရီလ ၂၉ ရက်) အထိ ပြုလုပ်ခဲ့သော ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ၏ နှစ်ချုပ်အစည်းအဝေး ဗဟိုဌာနချုပ်၌ ဆွေးနွေးပြောကြားခဲ့ခြင်း ဖြစ်သည်။

အစည်းအဝေးတွင် ဗိုလ်ချုပ်ကြီး ဆေထင်က သဘာပတိအဖြစ်ဆောင်ရွက်ပြီး ဗဟိုကော်မတီဝင် (၂၃) ဦး၊ အရံဗဟိုကော်မတီဝင် (၆) ဦးနှင့် တပ်ကိုယ်စားလှယ် (၁၂၅) ဦး၊ နယ်ဘက်အုပ်ချုပ်ရေး ဘက်ကိုယ်စားလှယ် (၄၈) ဦး၊ ဗဟိုဌာနများနှင့် ရုံးအဖွဲ့ဝင်များ (၅၀) ဦး စုစုပေါင်း (၂၅၃) ဦး တက်ရောက်ခဲ့ကြောင်း ယနေ့ (ဇန်နဝါရီလ ၃၀ ရက်)မှာ ထုတ်ပြန်လာသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ၏ အထွေထွေလုပ်ငန်းစဉ်၌ ချမှတ်ထားသော မှုဝါဒအတိုင်း အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒနှင့် နယ်မြေချဲ့ထွင်ရေးဝါဒတို့ကို ဆန်ကျင်ပြီး တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ခံသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဆက်လက်တည်ဆောက်သွားမည်ဟု ရေးသားဖော်ပြထားသည်။

ထို့အပြင် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ကမ္ဘာ့နိုင်ငံနှင့်ပတ်ဝန်းကျင် နိုင်ငံများ၏ စီးပွားရေးကို ခြိမ်းခြောက်နေသည် ကျားဖြန့်လုပ်ငန်း၊ အွန်လိုင်းငွေကြေး လိမ်လည်သည့်လုပ်ငန်းများကိုလည်း ဆက်လက်နှိမ်နင်းသွားမည်ဖြစ်ကြောင်း ဆိုသည်။

တစ်ဖက်တွင် သျှမ်းပြည်ပြည်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS က နိုင်ငံရေး ပြဿနာကို တွေ့ဆုံဆွေးနွေးခြင်း နည်းလမ်းဖြင့်သာ ဖြေရှင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ယမန်နေ့ (ဇန်နဝါရီလ ၂၉ ရက်) တွင် ထုတ်ပြန်ထားသည်။

SSPP/SSA ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ ပေးထားသည့် ဖုန်းနံပတ်များကို ဆက်သွယ်မေးမြန််းသော်လည်း ဖုန်းစက်ပိတ်ထားသည်။

Leave a Comments

- Advertisement -spot_img

Latest article