လားရှိုး စစ်ကောင်စီတပ် ဧည့်စာရင်းရှောင်တခင်စစ်ဆေးနေပြီး အမျိုးသမီး ၂ ဦး အပါအဝင် လူငယ် ၃ ဦးကို ဖမ်းဆီးသွား

သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကောင်စီလက်အောက်ခံ တပ်နှင့်ရဲ ပူးပေါင်းအဖွဲ့က အမျိုးသမီး ၂ ဦး အပါအဝင် လူငယ် ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း စုံစမ်းသိရသည်။

လားရှိုးမြို့

ယမန်နေ့ (ဇန်နဝါရီလ ၂၄ ရက်) ည ၈ နာရီမှ ၁၁ နာရီခန့်အတွင်း လားရှိုးမြို့ စစ်ကောင်စီလက်အောက်ခံ တပ်နှင့်ရဲ ပူးပေါင်းအဖွဲ့များက ရပ်ကွက်(၁၂) ကောင်းခါးရှိ ပြည်သူနေအိမ်များကို ဧည့်စာရင်း ရှောင်တခင် ဝင်ရောက်စစ်ဆေးပြီး အမျိုးသမီး ၂ ဦးအပါအဝင် လူငယ် ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း လားရှိုးဒေသခံများက ပြောသည်။

“ရပ်ကွက် ၁၂ ကောင်းခါးမှာ မနေ့ညက စစ်ကားတွေ လာရပ်ပြီးတော့ လမ်းကြားထဲ တရုတ်ရပ်ကွက်ကို ဝင်စစ်တာ။ ကောင်လေးတစ်ယောက်ပါသွားတယ်။
သူကတော့ ဖုန်းထဲမှာ သေနတ်ပုံတွေ့တာပြောတယ်။ နောက်တစ်အိမ်က တရုတ်မိန်းကလေး ၂ ယောက်ကိုလည်း ဖမ်းသွားတယ်။ သူတို့ကတော့ ပြည်သူ့စစ် ယူနီဖောင်း တွေ့တယ်လို့ ပြောတာပေါ့”ဟု လားရှိုးမြို့မှ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ (ဇန်နဝါရီ ၂၄)ရက် ညတွင် စစ်ကောင်စီ ပူးပေါင်းအဖွဲ့ဝင် အင်အား ၅၀ ခန့်သည် လားရှိုးမြို့ ရပ်ကွက်(၁၂) ကောင်းခါးရှိ ပြည်သူနေအိမ်များသို့ ဝင်ရောက်စစ်ဆေးခဲ့ပြီး အသက် ၂၅ နှစ်အရွယ်ခန့်ရှိ စိုင်းလောဝ်တိုင်း နှင့် အခြားအမျိုးသမီး ၂ ဦးတို့ကို လားရှိုးမြို့ အမှတ်(၂) မြို့မ ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု လားရှိုးဒေသခံများထံမှ သိရသည်။

လားရှိုးမြို့

“အခုက တိုင်းရုံးထဲကကော ရဲနဲ့ကော အဖွဲ့ပေါင်းစုံ လာဖမ်းသွားတာဆိုတော့ စစ်မေးပြီးမှပဲ အာမခံနဲ့ လွတ်ပေးမလားဆိုတာ ပြောနိုင်မယ်ထင်တယ်”ဟု လားရှိုးမြို့မှ ၎င်းဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

လက်ရှိတွင် လားရှိုးမြို့ပေါ် ရပ်ကွက်(၁၂)ခုရှိ ပြည်သူနေအိမ်များကို စစ်ကောင်စီလက်အောက်ခံ တပ်နှင့်ရဲ ပူးပေါင်းအဖွဲ့များက မာရှယ်လောကြေညာထားသည့် ည ၆ နာရီနောက်ပိုင်းတွင် ဧည့်စာရင်းကို ရှောင်တခင် ဝင်ရောက်စစ်ဆေးပြီး တင်းတင်းကျပ်ကျပ် စစ်မေးနေခြင်းကြောင့် စိုးရိမ်ထိတ်လန့်နေရကြောင်း လားရှိုးဒေသခံများက ပြောသည်။

“ဒီလိုမျိုး အိမ်တိုင်းကို ဝင်စစ်ရင်တော့ စိတ်ပူရတယ်။ သူတို့ဖမ်းချင်ရင် တနည်းမဟုတ် တနည်းနဲ့ အကြောင်းရှာပြီး အရေးယူမှာပဲဆိုတော့လေ။ အဓိကတော့ လူငယ်များတဲ့အိမ်ဆိုရင် ပိုစိတ်ပူရတယ်။ ကိုယ်က ရိုးရိုးသားသား ဘာမှမလုပ်ရင်တောင်မှ သူတို့က အပြစ်ရှာချင်တာမျိုးဆို သတိထားရမှာ”ဟု လားရှိုးမြို့မှ အသက်(၅၀)ကျော်အရွယ် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ဇန်နဝါရီလ ၂၂ ရက် ညပိုင်းတွင် လားရှိုးမြို့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တွင် လုံခြုံရေးကင်းစောင့်နေသည့် စစ်ကောင်စီတပ်သားအချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ ၂ ဦးသေဆုံးခဲ့ပြီး ၁ ဦးဒဏ်ရာရရှိခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

အလားတူ ဇန်နဝါရီလ ၁၆ ရက်ကလည်း ည ၇ နာရီဝန်းကျင်တွင် လားရှိုးမြို့နယ် ပန်နားကျေးရွာ အုပ်စု ဝိန်းစုံရွာနေ အမျိုးသားတစ်ဦးသည် မီးသွေးသွားရောင်းပြီး အလောတကြီးအိမ်ပြန်လာစဉ် AD ဂိတ်တွင်ရှိသည့် စစ်ကောင်စီ တပ်သားက သေနတ်ဖြင့်ပစ်ခတ်ခဲ့၍ ထိုနေရာ၌ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း လားရှိုးဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

စစ်တပ်ထိန်းချုပ် လားရှိုးမြို့ပေါ် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲမှုများလာ၊ ဖမ်းဆီးအရေးယူမှုမရှိ

0
သျှမ်းပြည် လားရှိုးမြို့တွင် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး ဖမ်းဆီးအရေးယူမှုလည်း မရှိသလောက် နည်းပါးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် တစ်နှစ်ကျော်အတွင်း ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး မေလ ပထမပတ်အတွင်း အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုယက်ခံရပြီး ခရိုင်ရဲစခန်းအနီးရှိ နေအိမ်တစ်အိမ်တွင်လည်း...