Tuesday, January 27, 2026

တားဆီး၍မရပ်လျှင်ပစ်သတ်ခွင့်ရှိကြောင်း မန်ပန်ဌာနေပြည်သူ့စစ်တပ်မှူး တဦးက လူထုနင့်တွေ့ဆုံစဉ် ပြောကြား

သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် မိုင်းရယ်မြို့တွင်း အခွန််ကောက်ခံမှု၊ လူထုစုဆောင်းမှု နှင့် ပတ်သက်ပြီး လူထုနှင့်တွေ့ဆုံစဉ် မန်ပန်ဌာနေ ပြည်သူ့စစ် အကြီးအကဲ တဦးက ခရီးသွားလာပြည်သူများအား တားဆီး စစ်ဆေးဖို့ ရပ်တန့်ပေးခြင်းမပြုလျှင် ပစ်သတ်ခွင့်ရှိသည်ဟု ပြောသည်။

အောက်တိုဘာလ ၃၀ ရက်နေ့က လားရှိုးခရိုင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်းထံ မိုင်းရယ်မြို့နယ် ဟိုယအုပ်စုဒေသခံများက စာရေးသားပေးပို့တိုင်ကြားလာရာ ထိုသို့ပါရှိကြောင်းသိရသည်။

“စက်တင်ဘာလ ၁၅ ရက်နေ့ တုန်းက ဟိုယအုပ်စု ဘုန်းကြီးကျောင်းမှာ လူထုနဲ့တွေ့ဆုံပြီး မန်ပန်ဌာနေပြည် သူ့စစ်ရဲ့ ဟိုယအုပ်စုကအကြီးအကဲ ဗိုလ်ကြီးစိုင်းသန်းက ပြောတာ။ တားလို့ မရပ်ရင်ပစ်သတ်ခွင့်ရှိ တယ်ဆိုပြီးတော့ လက်လွတ်စပယ်မပြောသင့်ဘူး။ အဲဒီမှာ လူထုနဲ့မတွေ့ခင် ၂ ရက်က စက်တင်ဘာလ ၁၃ ရက်နေ့တုန်းက အုပ်စုထဲမှာ အသုဘရှိတယ်။အဲဒီမှာ သွားကူပြီး ည ၉ နာရီလောက်မှာ အိမ်ပြန်လာတဲ့ ရွာသား လူငယ် ၂ ယောက်ကို ဟိုယအုပ်စုအထက်တန်းကျောင်းရှေ့မှာ လုံခြုံရေးတာဝန်ယူနေတဲ့ မန့်ပန်ဌာနေပြည်သူ့စစ်က တားတာ။ ရွာသား ၂ ယောက်က ဆိုင်ကယ်ချက်ချင်းမရပ်နိုင်တဲ့အပေါ် ပြည်သူ့စစ်က သေနတ်ပစ်ခြိမ်း ခြောက်တယ်။ လူကိုမထိပေမယ့် ဆိုင်ကယ်ကိုတော့ထိသွားတယ်။ လူထိရင်လည်း သေနိုင်တဲ့အနေအထား ရှိတယ်။ အဲဒီအတွက် လူထုလုံခြုံရေးကိုစိတ်ပူပန်မိတယ်။ ဒီဟာက မဖြစ်သင့်ဘူး။ ဒါကြောင့်ထပ်မဖြစ်အောင်စီစစ်ပေးဖို့ပြည်သူ့စစ်ခေါင်းဆောင်ထံကို ကျနော်တို့ အကူအညီတောင်း ဆွေးနွေးရပါလိမ့်မယ်။

ဒေသခံလူငယ် ၂ ဦးအား ရွာလယ်တွင်ပင် ပြည်သူ့စစ်တပ်ဖွဲ့က သေနတ်ပစ်ခြိမ်းခြောက်သည့်အပေါ် ဒေသခံများစိုးရိမ်ထိတ်လန့်ရသည့်အပြင် ပြည်သူ့စစ်ခေါင်းဆောင် စိုင်းသန်း ရွာသားများနှင့်တွေ့ဆုံကာ ထိုသို့ထပ်မံပြောကြားသဖြင့် လုံခြုံရေးအတွက်ပိုမိုစိုးရိမ်နေကြောင်းသိရသည်။

“ကျနော်တို့မှာ လုံခြုံရေးအတွက် တာဝန်ရှိတယ်။ မဟုတ်တာတွေလုပ်ရင် ကျနော်တို့မှာ တာဝန်ရှိတယ်။ တားလို့မရပ်ရင် ပစ်ဖို့ အထက်က ညွှန်ကြားထားပြီးသား ”- ဟု နမ့်ပေါင်တိုက်နယ် အတွင်း တာဝန်ကျသည့် ပြည်သူ့စစ်ရဲဘော် အိုက်ပန်း ကလည်းပြောသည်။

“ကလေးတွေမှားရင်လည်း အဲလိုသေနတ်ပစ်ခြိမ်းခြောက်တာတော့မလုပ်သင့်ဘူး။အသက်အန္တရာယ်နဲ့နီးတယ်။ ကလေးမိဘတွေ သို့မဟုတ်ရပ်ရွာလူကြီးတွေနဲ့တွေ့ဆုံပြီး ငြိမ်းချမ်းတဲ့နည်းနဲ့ဖြေရှင်းသင့်တယ်လို့မြင်ပါတယ်”- ဟု စိုင်းဝမ်းလျန်းခမ်းကပြောသည်။

စစ်အစိုးရ မှ လူမှုထူးချွန်ဆု အပ်နှင်းထားသည့် တန့်ယန်းမြို့နယ် အခြေစိုက် ဗိုလ်မွန်းဦးဆောင်သည့် မန်ပန်ဌာနေပြည်သူ့စစ်၏ ဒေသတွင်းအကြီးအကဲများသည် လားရှိုးမြို့နယ်၊ မိုင်းရယ်မြို့နယ်၊ တန့်ယန်းမြို့နယ် အတွင်း ကျေးလက်ဒေသခံလူထုထံမှ လုပ်အားပေးများတောင်းခံခြင်း၊ ရံပုံငွေများကောက်ခံခြင်း၊ တပ်သားသစ်များကောက်ယူခြင်း ပြုလုပ်သည့် နှစ်ဦးပိုင်းကလည်း သျှမ်းပြည်နယ်လွှတ်တော်တွင် တင်ပြဆွေးနွေးမှုများရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အဆောင်ထဲက အိပ်မက်ဆိုး – ပုဂ္ဂလိကကျောင်းဆရာ ပြုကျင့်သည့် သက်ငယ်မုဒိမ်းမှု

0
“ကလေးက ကြောက်နေတယ်၊ အခု သူဘယ်သူနဲ့မှ အတွေ့မခံဘူး။ မျက်နှာမှာလည်း ဒဏ်ရာတွေ ရထားတယ်” ဟု မုဒိမ်းကျင့်ခံရသည့် မိန်းကလေးငယ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ဘာသာရပ်တွေကို လေ့လာသင်ယူချင်စိတ်၊ ကစားချင်စိတ်တို့ဖြင့် တောက်ပနေရမည့် မိန်းကလေးငယ်တစ်ဦး၏ မျက်ဝန်းများတွင် ယခုတော့ အကြောက်တရားနှင့် သံသယများသာ လွှမ်းမိုးထားတော့မည်။ ဤဖြစ်ရပ်သည် ဇန်နဝါရီလ ၁၅...

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

“ပလက်ဖောင်း ကိုကိုကြီး” ဟု ခေါ်ခံရသည့် PP ဥက္ကဌ ရွေးကောက်ပွဲရှုံးနိမ့်

0
ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် နေရာ ဝင်ရောက် ယှဉ်ပြိုင်သည့် ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး ရွေးကောက်ပွဲ ရှုံးနိမ့်ကြောင်း ပါတီ တာဝန်ရှိသူ တဦးက သျှမ်းသံတော်ဆင့်ကို ဇန်နဝါရီလ ၂၅ ရက် ညပိုင်းတွင် အတည်ပြုပြောသည်။ စစ်ကောင်စီ ရွေးကောက်ပွဲသည် မြေပေါ် နိုင်ငံရေး (ဝါ)...

တာချီလိတ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ပေါ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း မြို့ခံများက ပြောသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၉ နာရီကျော် အချိန်တွင် ဆန်ဆိုင်း (က) ရပ်ကွက်နေ အသက် (၅၀) အရွယ်ခန့် အမျိုးသမီးတစ်ဦးသည်...

ပင်လောင်းတွင် စစ်ဘေးရှောင်များ နေရပ်ပြန်မဲမထည့်ပါက ရွာထဲနေခွင့်မပြုဟု ရွာသူကြီးများက ဖိအားပေးနေ

0
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်များအား ရောက်ရာအရပ်မှ ပြန်လာခိုင်းပြီး မဲထည့်ခိုင်းကာ မဲမထည့်ပါက နောင်တွင် ရွာထဲ၌နေခွင့်မပြုဟုဆိုကာ ရွာသူကြီးများက ဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းမှစတင်၍ ပင်လောင်းမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ မဲရုံများတွင် ရွေးကောက်ပွဲ အပိုင်း...