တားဆီး၍မရပ်လျှင်ပစ်သတ်ခွင့်ရှိကြောင်း မန်ပန်ဌာနေပြည်သူ့စစ်တပ်မှူး တဦးက လူထုနင့်တွေ့ဆုံစဉ် ပြောကြား

သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် မိုင်းရယ်မြို့တွင်း အခွန််ကောက်ခံမှု၊ လူထုစုဆောင်းမှု နှင့် ပတ်သက်ပြီး လူထုနှင့်တွေ့ဆုံစဉ် မန်ပန်ဌာနေ ပြည်သူ့စစ် အကြီးအကဲ တဦးက ခရီးသွားလာပြည်သူများအား တားဆီး စစ်ဆေးဖို့ ရပ်တန့်ပေးခြင်းမပြုလျှင် ပစ်သတ်ခွင့်ရှိသည်ဟု ပြောသည်။

အောက်တိုဘာလ ၃၀ ရက်နေ့က လားရှိုးခရိုင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်းထံ မိုင်းရယ်မြို့နယ် ဟိုယအုပ်စုဒေသခံများက စာရေးသားပေးပို့တိုင်ကြားလာရာ ထိုသို့ပါရှိကြောင်းသိရသည်။

“စက်တင်ဘာလ ၁၅ ရက်နေ့ တုန်းက ဟိုယအုပ်စု ဘုန်းကြီးကျောင်းမှာ လူထုနဲ့တွေ့ဆုံပြီး မန်ပန်ဌာနေပြည် သူ့စစ်ရဲ့ ဟိုယအုပ်စုကအကြီးအကဲ ဗိုလ်ကြီးစိုင်းသန်းက ပြောတာ။ တားလို့ မရပ်ရင်ပစ်သတ်ခွင့်ရှိ တယ်ဆိုပြီးတော့ လက်လွတ်စပယ်မပြောသင့်ဘူး။ အဲဒီမှာ လူထုနဲ့မတွေ့ခင် ၂ ရက်က စက်တင်ဘာလ ၁၃ ရက်နေ့တုန်းက အုပ်စုထဲမှာ အသုဘရှိတယ်။အဲဒီမှာ သွားကူပြီး ည ၉ နာရီလောက်မှာ အိမ်ပြန်လာတဲ့ ရွာသား လူငယ် ၂ ယောက်ကို ဟိုယအုပ်စုအထက်တန်းကျောင်းရှေ့မှာ လုံခြုံရေးတာဝန်ယူနေတဲ့ မန့်ပန်ဌာနေပြည်သူ့စစ်က တားတာ။ ရွာသား ၂ ယောက်က ဆိုင်ကယ်ချက်ချင်းမရပ်နိုင်တဲ့အပေါ် ပြည်သူ့စစ်က သေနတ်ပစ်ခြိမ်း ခြောက်တယ်။ လူကိုမထိပေမယ့် ဆိုင်ကယ်ကိုတော့ထိသွားတယ်။ လူထိရင်လည်း သေနိုင်တဲ့အနေအထား ရှိတယ်။ အဲဒီအတွက် လူထုလုံခြုံရေးကိုစိတ်ပူပန်မိတယ်။ ဒီဟာက မဖြစ်သင့်ဘူး။ ဒါကြောင့်ထပ်မဖြစ်အောင်စီစစ်ပေးဖို့ပြည်သူ့စစ်ခေါင်းဆောင်ထံကို ကျနော်တို့ အကူအညီတောင်း ဆွေးနွေးရပါလိမ့်မယ်။

ဒေသခံလူငယ် ၂ ဦးအား ရွာလယ်တွင်ပင် ပြည်သူ့စစ်တပ်ဖွဲ့က သေနတ်ပစ်ခြိမ်းခြောက်သည့်အပေါ် ဒေသခံများစိုးရိမ်ထိတ်လန့်ရသည့်အပြင် ပြည်သူ့စစ်ခေါင်းဆောင် စိုင်းသန်း ရွာသားများနှင့်တွေ့ဆုံကာ ထိုသို့ထပ်မံပြောကြားသဖြင့် လုံခြုံရေးအတွက်ပိုမိုစိုးရိမ်နေကြောင်းသိရသည်။

“ကျနော်တို့မှာ လုံခြုံရေးအတွက် တာဝန်ရှိတယ်။ မဟုတ်တာတွေလုပ်ရင် ကျနော်တို့မှာ တာဝန်ရှိတယ်။ တားလို့မရပ်ရင် ပစ်ဖို့ အထက်က ညွှန်ကြားထားပြီးသား ”- ဟု နမ့်ပေါင်တိုက်နယ် အတွင်း တာဝန်ကျသည့် ပြည်သူ့စစ်ရဲဘော် အိုက်ပန်း ကလည်းပြောသည်။

“ကလေးတွေမှားရင်လည်း အဲလိုသေနတ်ပစ်ခြိမ်းခြောက်တာတော့မလုပ်သင့်ဘူး။အသက်အန္တရာယ်နဲ့နီးတယ်။ ကလေးမိဘတွေ သို့မဟုတ်ရပ်ရွာလူကြီးတွေနဲ့တွေ့ဆုံပြီး ငြိမ်းချမ်းတဲ့နည်းနဲ့ဖြေရှင်းသင့်တယ်လို့မြင်ပါတယ်”- ဟု စိုင်းဝမ်းလျန်းခမ်းကပြောသည်။

စစ်အစိုးရ မှ လူမှုထူးချွန်ဆု အပ်နှင်းထားသည့် တန့်ယန်းမြို့နယ် အခြေစိုက် ဗိုလ်မွန်းဦးဆောင်သည့် မန်ပန်ဌာနေပြည်သူ့စစ်၏ ဒေသတွင်းအကြီးအကဲများသည် လားရှိုးမြို့နယ်၊ မိုင်းရယ်မြို့နယ်၊ တန့်ယန်းမြို့နယ် အတွင်း ကျေးလက်ဒေသခံလူထုထံမှ လုပ်အားပေးများတောင်းခံခြင်း၊ ရံပုံငွေများကောက်ခံခြင်း၊ တပ်သားသစ်များကောက်ယူခြင်း ပြုလုပ်သည့် နှစ်ဦးပိုင်းကလည်း သျှမ်းပြည်နယ်လွှတ်တော်တွင် တင်ပြဆွေးနွေးမှုများရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့နယ်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် တရုတ်နိုင်ငံသားများ ဖမ်းဆီးရမိ

0
စိုင်းဆိုင်အိုက်၊ ၂၀၂၆ ဩဂုတ်လ ၈ ရက် ရွှေတြိဂံဟု နာမည်ကြီးသည် မြန်မာ-ထိုင်း-လာအိုနယ်စပ် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသားများကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ သြဂုတ် ၆ရက် မနက်ပိုင်းတွင် တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)အုပ်စု၊ဝှေလေလန် ပူးပေါင်းစစ်ဆေးရေးဂိတ်အနီးရှိ ရှောင်ကွင်းလမ်းတွင် မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့်...

ထိုင်းရောက် အာဏာသိမ်းသမ္မတနှင့် စစ်ရာဇဝတ်မှု စွပ်စွဲချက်များ

0
အာဏာသိမ်း သမ္မတ၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းအစိုးရက လက်ခံတွေ့ဆုံမှုကို ထိုင်းအရပ်ဘက်အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်ဖြစ်ခဲ့ပြီး ၎င်းကိုယ်တိုင် စီစဉ်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများမှ သမ္မတဖြစ်လာသူ ဦးမင်းအောင်လှိုင်၏ ထိုတွေ့ဆုံမှုသည် စစ်အာဏာသိမ်းမှုကို နိုင်ငံရေးအရ တရားဝင်မှု ပေးအပ်ရာရောက်ပြီး မြန်မာပြည်သူများ...

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

မြန်မာ အာဏာသိမ်း သမ္မတ ထိုင်းလွှတ်တော်သို့ ရောက်ရှိစဉ် ထိုင်းလွှတ်တော်အမတ်တစ်ဦး အော်ဟစ် ဆန္ဒပြ

0
ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင် ယနေ့ ဩဂုတ်လ ၇ ရက် (သောကြာနေ့) က ထိုင်းလွှတ်တော်သို့ ရောက်ရှိလာစဉ် ထိုင်းလွှတ်တော်အမတ်တစ်ဦးက "ငြိမ်းချမ်းရေးအတွက်၊ လူသားချင်းစာနာမှုအတွက်" (For peace, for humanity) ဟု ကျယ်လောင်စွာ ကြွေးကြော်၍ ပြင်းပြင်းထန်ထန်...