Wednesday, January 28, 2026

နမ့်ဖတ်ကာ တိုက်ပွဲ ၃ ပတ်အတွင်း အရပ်သား ၁၀ ဦးထက်မနည်း သေဆုံး

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာတွင် စစ်ကောင်စီနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့၏ နှစ်ဘက်တိုက်ပွဲ ၃ ပတ်ကျော်အတွင်း အရပ်သား ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

ဒီဇင်ဘာလ နောက်ဆုံးပတ်မှ စတင်ပြီး ယနေ့ (ဇန်နဝါရီလ ၁၈ ရက်)အထိ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာအခြေစိုက် စစ်ကောင်စီတပ် ခလရ-၁၂၃ ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး နှစ်ဘက်ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့သည့် ၃ ပတ်တာကာလအတွင်း လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နမ့်ဖတ်ကာဒေသခံများက ပြောသည်။

“နမ့်ဖတ်ကာမှာ သေဆုံးတာ ၉ယောက်လောက်ရှိပြီ။ ဒဏ်ရာရသူကတော့ ဘယ်လောက်လဲတော့ မသိသေးဘူး။ အများအားဖြင့် မရှောင်ဘဲနဲ့ ကျန်ခဲ့တဲ့လူတွေ အိမ်စောင့်တွေ ထိတာ”ဟု နမ့်ဖတ်ကာရွာမှ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုထဲမှ နမ့်ဖတ်ကာကျေးရွာ ရပ်ကွက် ၂ တွင် နေထိုင်သည့် အသက် ၃၀ ဝန်းကျင်ရှိ အိုက်ဆမ် နှင့် ခယ်မ တို့သည် ရွာ၌ မနေရဲသဖြင့် ထွက်ပြေးတိမ်းရှောင်နေချိန် ပစ်သတ်ခံခဲ့ရသည်။

ဇန်နဝါရီလ ၁၆ ရက်တွင်လည်း နမ့်ဖတ်ကာကျေးရွာကို လာရောက်တိုက်ခိုက်သည့် စစ်ကောင်စီတပ် ဂျက်ဖိုက်တာ တိုက်လေယာဉ်မှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးပြီး နေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့ကာ ၎င်းတိုက်လေယာဉ်ကို KIA တပ်ဖွဲ့မှ မနော်ယာန်အနီး ပစ်ချနိုင်ခဲ့သည်ဟု နမ့်ဖတ်ကာဒေသခံများက ပြောသည်။

“၁၆ ရက်က လေယာဉ်ဗုံးကြဲလို့ ရပ်ကွက် ၃ ဘက် လမ်းလျှောက်လာတဲ့ အမျိုးသား နှစ်ယောက်ထိတယ်။ အိမ်တွေတော့ တော်တော်များများ ပျက်စီးကုန်ပြီ၊ လေယာဉ်ပျက်ကျတာ မနော်ယာန်ရွာမ ဘက်လို့ပြောတယ်။ လေယာဉ်ကျတာ မြင်တယ်”ဟု နမ့်ဖတ်ကာမှ ၎င်းဒေသခံအမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ဒုတိယပတ်မှ စတင်ပြီး နမ့်ဖတ်ကာကျေးရွာမှ ဒေသခံပြည်သူများသည် စစ်ကောင်စီတပ်နှင့် KIA တပ်ဖွဲ့တို့၏ နှစ်ဘက်တိုက်ပွဲများကြောင့် နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနှင့် ဆေးဝါး အခက်အခဲများ ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။

ထို့ကြောင့် စစ်ရှောင်များသည် မိုင်းယု၊ နမ့်အွန်၊ မော်ဆောင်း၊ မန်နိမ်း၊ ဟိုမော၊ နားငင်းကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရပြီး နမ့်ဖတ်ကာကျေးရွာရှိ ဒေသခံ ၉၀ ရာခိုင်နှုန်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း နမ့်ဖတ်ကာမှ စစ်ရှောင်အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ရှောင်တွေကတော့ တောထဲတောင်ထဲမှာဆိုတော့ အစားအစာ အခက်အခဲတွေ့တယ်။ ဆောင်းတွင်းဆိုတော့ အေးမယ်၊ စားစရာပြတ်တော့ ရွာထဲလည်း ပြန်ယူမရဘူး”ဟု ၎င်းဒေသခံအမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“၁၀၂၇ စစ်ဆင်ရေး” သုံးလနီးပါးကာလအတွင်း ကွတ်ခိုင်မြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီး နှင့် လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး ၁၀ ဦးနှင့် ကလေး ၆ ဦး အပါအဝင် စုစုပေါင်း ၃၄ ဦး သေဆုံးပြီး ၅၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကွတ်ခိုင်ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...