Saturday, May 4, 2024

မိုးမိတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်ရောက်တိုက်ခိုက်

Must read

သျှမ်းပြည် မိုးမိတ်မြို့ရှိ စစ်ကောင်စီ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်ဖွဲ့ ( KIA) နှင့် ပူးပေါင်းတပ်ဖွဲ့တို့ ယနေ့ (ဇန်နဝါရီလ ၁၈ ရက်) နံနက်အစောပိုင်း ၅ နာရီဝန်းကျင်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့၍ တိုက်ပွဲပြင်းထန်နေကြောင်း စုံစမ်းသိရသည်။

မိုးမိတ်မြို့နယ်

ယနေ့ (ဇန်နဝါရီလ ၁၈ ရက်) နံနက်အစောပိုင်း ၅ နာရီဝန်းကျင်မှစပြီး မိုးမိတ်မြို့ရှိ စစ်ကောင်စီ တပ်စခန်းကို ကချင်လွတ်လပ်ရေးအဖွဲ့ KIA နှင့် ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်သောကြောင့် မြို့၏အနီး ဘေးပတ်ပတ်လည်တဝိုက်မှာ ထိတွေ့တိုက်ပွဲပြင်းထန်နေကြောင်း မိုးမိတ်မြို့ဒေသခံတစ်ဦးက ပြောသည်။

“တိုက်ပွဲကတော့ တော်တော်ပြင်းထန်။ စစ်ကောင်စီဘက်ကလည်း ဂျက်ဖိုက်တာ ၂ စင်းနဲ့ ပစ်ကူနေတယ်။ နေအိမ်တွေလည်း ထိတယ်။ လူထိခိုက်သေဆုံးမှု ရှိ၊ မရှိတော့ ကျနော်တို့ သွားမကြည့်ရဲဘူး။ အခုလူတွေအကုန်ပြေးရတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိသတင်းရေးသားချိန်ထိ တိုက်ပွဲသည် ပြင်းထန်နေလျက်ရှိပြီး ထွက်ပြေးတိမ်းရှောင်နိုင်သူများက ထွက်ပြေးနေရသလို မပြေးနိုင်သူ ကလေးငယ်နှင့် သက်ကြီးရွယ်များက တိုက်ပွဲကြား ပိတ်မိနေကြောင်း ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်တွင် မိုးမိတ်မြို့နယ် ကျန်ကန်တပ်စခန်းကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA မှဝင်ရောက်တိုက်ခိုက်ခဲ့၍ သိမ်းပိုက်နိုင်ခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article