Tuesday, January 27, 2026

နမ့်ခမ်းမြို့နယ် သန်းခေါင်စာရင်း ကောက်ယူမည်ဟု TNLA ပြော

သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်‌ရေးတပ်မတော် (TNLA) က လူဦးရေစာရင်း သိရှိနိုင်ရန် သန်းခေါင်စာရင်း ကောက်ယူသွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

TNLA နမ့်ခမ်း

ဇန်နဝါရီလ ၁၅ ရက် နေ့လယ် ၁ နာရီဝန်းကျင်တွင် နမ့်ခမ်းမြို့ စည်ပင်သာယာရေးရုံးတွင် TNLA တပ်ဖွဲ့၏ အထွေထွေအုပ်ချုပ်ရေးဌာနက နမ့်ခမ်းမြို့နယ်အတွင်းရှိ ကျေးရွာဥက္ကဋ္ဌနှင့် အုပ်ချုပ်ရေးမှူးများကို ဒုတိယအကြိမ် အစည်းအဝေးခေါ်ယူခဲ့သည်။

ထိုကဲ့သို့ အစည်းအဝေး ခေါ်ယူစဉ် TNLA တပ်ဖွဲ့၏ နမ့်ခမ်းမြို့နယ်မှူး ဆိုသူ မိုင်းအိုက်ယီ(ခ) တာ့တောင်တန်း က နမ့်ခမ်းမြို့နယ်အတွင်းရှိ လူဦးရေစာရင်း သိရှိနိုင်ရန် မကြာခင်အချိန်အတွင်း ‌ကျေးရွာတိုင်းကို သန်းခေါင်စာရင်း လိုက်လံကောက်ယူမည်ဟု ပြောကြားခဲ့ကြောင်း နမ့်ခမ်းမြို့ဒေသခံများက ပြောသည်။

“အဓိက အွန်လိုင်းပေါ်က သတင်းတွေကို မယုံကြဖို့၊ အတူနေတိုင်းရင်းသားတွေ စည်းလုံးညီညွတ်ကြဖို့၊ နမ့်ခမ်းမြို့ ဖွံ့ဖြိုးတိုးတက်ဖို့ ကူညီလုပ်ဆောင်ကြဖို့ ဒါတွေပြောတယ်။ မကြာခင်မှာ TNLA ကလူတွေ ရွာတိုင်းကို သန်းခေါင်စာရင်း လိုက်ကောက်မယ်၊ စစ်သားကောက်ဖို့မဟုတ်ဘူး၊ လူဦးရေ ဘယ်လောက်ရှိလဲဆိုတာ သိရဖို့ဆိုပြီးတော့ ပြောတာပေါ့”ဟု နမ့်ခမ်းမြို့မှ ၎င်းအစည်းအဝေးသို့ သွားတက်ရောက်ခဲ့သည့် ကျေးရွာဥက္ကဋ္ဌနှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် TNLA တပ်ဖွဲ့အနေဖြင့် အခြားလူမျိုးများအပေါ် တပ်သားသစ် စုဆောင်းခြင်း လုံးဝ မလုပ်ဆောင်ပါကြောင်း၊ လက်ရှိ ဥက္ကဋ္ဌနဲ့ အုပ်ချုပ်ရေးမှူးများလည်း နဂိုအတိုင်း တာဝန်ထမ်းဆောင်ခွင့်ရှိမည်ဖြစ်ကြောင်း စသည်တို့ကို နမ့်ခမ်းမြို့နယ်မှူးဆိုသူ မိုင်းအိုက်ယီ(ခ) တာ့တောင်တန်းက ရှင်းလင်းပြောကြားခဲ့ပြီး နမ့်ခမ်းရဲမှူးဆိုသူ တာ့နော်လိန်းကလည်း ဥပဒေ လိုက်နာကြရန် တိုက်တွန်းပြောဆိုခဲ့သည်ဟု အစည်းအဝေး တက်ရောက်သူများနှင့် နီးစပ်သည့် ၎င်းနမ့်ခမ်းဒေသခံက ဆက်ပြောသည်။

ယခုကဲ့သို့ TNLA တပ်ဖွဲ့က နမ့်ခမ်းမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ဒုတိယအကြိမ် အစည်းအဝေး ခေါ်ယူခဲ့ခြင်းနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်က TNLA တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူရုံးသို့ ဆက်သွယ်မေးမြန်းသော်လည်း လက်ရှိအချိန်ထိ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

အလားတူ ဇန်နဝါရီလ ဒုတိယပတ်အတွင်းကလည်း နမ့်ခမ်းမြို့ရှိ ရွှေလီမြစ်အတွင်း လှေဆိပ်များတွင် လေလံဆွဲသူများ၊ သားငါးနှင့် ကုန်စည်ဒိုင်များမှ လေလံဆွဲသူများအပြင် စီးပွားရေးလုပ်ငန်းရှင်များကိုလည်း TNLA တပ်ဖွဲ့က ဆင့်ခေါ်ပြီး အခွန်ကိစ္စများ ဆွေးနွေးခဲ့သည်ဟု နမ့်ခမ်းမြို့မှ အမည်မဖော်လိုသည့် ကုန်သည်တစ်ဦးက သျှမ်းသံ‌တော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်တွင် ကျရောက်သည့် ၆၁ နှစ်မြောက် တအာင်းတော်လှန်ရေးနေ့ ဂုဏ်ပြုမိန့်ခွန်းထဲတွင် TNLA တပ်ဖွဲ့ဉက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ဒေသခံတိုင်းရင်းသားလူမျိုး မခွဲခြားဘဲ တရားမျှတမှုရှိသည့် ဉပဒေများ ရေးဆွဲပြဋ္ဌာန်းပြီး လုံခြုံရေးနှင့် အုပ်ချုပ်ရေး ယန္တရားအသစ် စတင်လည်ပတ်နိုင်အောင် လက်တွေ့ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...