နမ့်ခမ်းမြို့နယ် သန်းခေါင်စာရင်း ကောက်ယူမည်ဟု TNLA ပြော

သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်‌ရေးတပ်မတော် (TNLA) က လူဦးရေစာရင်း သိရှိနိုင်ရန် သန်းခေါင်စာရင်း ကောက်ယူသွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

TNLA နမ့်ခမ်း

ဇန်နဝါရီလ ၁၅ ရက် နေ့လယ် ၁ နာရီဝန်းကျင်တွင် နမ့်ခမ်းမြို့ စည်ပင်သာယာရေးရုံးတွင် TNLA တပ်ဖွဲ့၏ အထွေထွေအုပ်ချုပ်ရေးဌာနက နမ့်ခမ်းမြို့နယ်အတွင်းရှိ ကျေးရွာဥက္ကဋ္ဌနှင့် အုပ်ချုပ်ရေးမှူးများကို ဒုတိယအကြိမ် အစည်းအဝေးခေါ်ယူခဲ့သည်။

ထိုကဲ့သို့ အစည်းအဝေး ခေါ်ယူစဉ် TNLA တပ်ဖွဲ့၏ နမ့်ခမ်းမြို့နယ်မှူး ဆိုသူ မိုင်းအိုက်ယီ(ခ) တာ့တောင်တန်း က နမ့်ခမ်းမြို့နယ်အတွင်းရှိ လူဦးရေစာရင်း သိရှိနိုင်ရန် မကြာခင်အချိန်အတွင်း ‌ကျေးရွာတိုင်းကို သန်းခေါင်စာရင်း လိုက်လံကောက်ယူမည်ဟု ပြောကြားခဲ့ကြောင်း နမ့်ခမ်းမြို့ဒေသခံများက ပြောသည်။

“အဓိက အွန်လိုင်းပေါ်က သတင်းတွေကို မယုံကြဖို့၊ အတူနေတိုင်းရင်းသားတွေ စည်းလုံးညီညွတ်ကြဖို့၊ နမ့်ခမ်းမြို့ ဖွံ့ဖြိုးတိုးတက်ဖို့ ကူညီလုပ်ဆောင်ကြဖို့ ဒါတွေပြောတယ်။ မကြာခင်မှာ TNLA ကလူတွေ ရွာတိုင်းကို သန်းခေါင်စာရင်း လိုက်ကောက်မယ်၊ စစ်သားကောက်ဖို့မဟုတ်ဘူး၊ လူဦးရေ ဘယ်လောက်ရှိလဲဆိုတာ သိရဖို့ဆိုပြီးတော့ ပြောတာပေါ့”ဟု နမ့်ခမ်းမြို့မှ ၎င်းအစည်းအဝေးသို့ သွားတက်ရောက်ခဲ့သည့် ကျေးရွာဥက္ကဋ္ဌနှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် TNLA တပ်ဖွဲ့အနေဖြင့် အခြားလူမျိုးများအပေါ် တပ်သားသစ် စုဆောင်းခြင်း လုံးဝ မလုပ်ဆောင်ပါကြောင်း၊ လက်ရှိ ဥက္ကဋ္ဌနဲ့ အုပ်ချုပ်ရေးမှူးများလည်း နဂိုအတိုင်း တာဝန်ထမ်းဆောင်ခွင့်ရှိမည်ဖြစ်ကြောင်း စသည်တို့ကို နမ့်ခမ်းမြို့နယ်မှူးဆိုသူ မိုင်းအိုက်ယီ(ခ) တာ့တောင်တန်းက ရှင်းလင်းပြောကြားခဲ့ပြီး နမ့်ခမ်းရဲမှူးဆိုသူ တာ့နော်လိန်းကလည်း ဥပဒေ လိုက်နာကြရန် တိုက်တွန်းပြောဆိုခဲ့သည်ဟု အစည်းအဝေး တက်ရောက်သူများနှင့် နီးစပ်သည့် ၎င်းနမ့်ခမ်းဒေသခံက ဆက်ပြောသည်။

ယခုကဲ့သို့ TNLA တပ်ဖွဲ့က နမ့်ခမ်းမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ဒုတိယအကြိမ် အစည်းအဝေး ခေါ်ယူခဲ့ခြင်းနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်က TNLA တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူရုံးသို့ ဆက်သွယ်မေးမြန်းသော်လည်း လက်ရှိအချိန်ထိ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

အလားတူ ဇန်နဝါရီလ ဒုတိယပတ်အတွင်းကလည်း နမ့်ခမ်းမြို့ရှိ ရွှေလီမြစ်အတွင်း လှေဆိပ်များတွင် လေလံဆွဲသူများ၊ သားငါးနှင့် ကုန်စည်ဒိုင်များမှ လေလံဆွဲသူများအပြင် စီးပွားရေးလုပ်ငန်းရှင်များကိုလည်း TNLA တပ်ဖွဲ့က ဆင့်ခေါ်ပြီး အခွန်ကိစ္စများ ဆွေးနွေးခဲ့သည်ဟု နမ့်ခမ်းမြို့မှ အမည်မဖော်လိုသည့် ကုန်သည်တစ်ဦးက သျှမ်းသံ‌တော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်တွင် ကျရောက်သည့် ၆၁ နှစ်မြောက် တအာင်းတော်လှန်ရေးနေ့ ဂုဏ်ပြုမိန့်ခွန်းထဲတွင် TNLA တပ်ဖွဲ့ဉက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ဒေသခံတိုင်းရင်းသားလူမျိုး မခွဲခြားဘဲ တရားမျှတမှုရှိသည့် ဉပဒေများ ရေးဆွဲပြဋ္ဌာန်းပြီး လုံခြုံရေးနှင့် အုပ်ချုပ်ရေး ယန္တရားအသစ် စတင်လည်ပတ်နိုင်အောင် လက်တွေ့ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...