Tuesday, January 27, 2026

ဟိုပန်မြို့နယ်အတွင်း တိုက်ပွဲ ပြင်းထန်နေပြီး ညီနောင်မဟာမိတ်တပ်ဖွဲ့များ မြို့အတွင်း နေရာယူ တပ်စွဲထား

သျှမ်းပြည် ဟိုပန်မြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ နှင့် ညီနောင် မဟာမိတ် (၃)ဖွဲ့ တပ်ဖွဲ့တို့၏ တိုက်ပွဲက ပြင်းထန်နေလျက်ရှိပြီး မဟာမိတ်တပ်က မြို့အတွင်း နေရာယူ တပ်စွဲထားကြောင်း စုံစမ်းသိရသည်။

ဟိုပန်မြို့နယ် အတွင်း ညီနောင်မဟာမိတ် ဝင်ရောက်တပ်စွဲထား

ယနေ့( ဇန်နဝါရီလ ၅ ရက်) နံနက်ပိုင်း ၄ နာရီဝန်းကျင်မှ စတင်ကာ ညီနောင်မဟာမိတ် နှင့် ပူးပေါင်းတပ်ဖွဲ့တို့က ဟိုပန်မြို့အတွင်း ဝင်ရောက်လာပြီး ဟိုပန်ရဲစခန်း နှင့် စစ်ကောင်စီ လက်အောက်ခံ ကင်းတပ် စခန်းနေရာများကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

“ပစ်ခတ်သံကတော့ မနက်မိုးမလင်းခင် ၄ နာရီလောက်ကတည်း စပြီး ကြားရတယ်။ ဟိုပန်ရဲစခန်းလည်း ကျပြီ။ မြို့ဝင်/ထွက် ကင်းတပ်စခန်းတွေလည်း အကုန်ကျပြီး အခုဆိုရင်မြို့ထဲမှာ MNDAA စစ်သား နဲ့ မဟာမိတ်တပ် တွေ နေရာယူထားတာ။ ဆေးရုံဝန်းထဲမှာလည်း သူတို့ စစ်သားတွေ နေရာယူထားတယ်” ဟု ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ အချိန်တွင် စစ်ကောင်စီလက်အောက်ခံ ဟိုပန်မြို့ ရဲစခန်း အပြင် ၊ မြို့နယ် အထွေထွေအုပ်ချုရေး ဦးစီးဌာနရုံး နှင့် ဆေးရုံတို့ကိုလည်း မဟာမိတ် ပူးပေါင်း တပ်ဖွဲ့တို့က ထိန်းချုပ်နေရာယူထားလျက်ရှိပြီး လက်ရှိအချိန်၌ ဟိုပန်မြို့ အခြေစိုက် စစ်ကောင်စီ တပ်အမှတ် ခလရ (၁၄၅) ဘက် တိုက်ပွဲ ဆက်လက်ဖြစ်နေကြောင်းလည်း ၎င်း အမျိုးသားက ဆက်ပြောသည်။

“ဟိုပန်မြို့ကတော့ မဟာမိတ်တပ်တွေ အားလုံးနီးပါး ထိန်းချုပ်နိုင်ပြီလို့ ပြောနိုင်ပါတယ်။ ခုလည်း ခလရ (၁၄၅) ဘက် တိုက်ပွဲဖြစ်နေတာ၊ လားရှိုးကနေလည်း လက်နက်ကြီးနဲ့ လှမ်းပစ်ကူတာ ရှိနေတယ်။ တစ်မြို့လုံးလည်း ဘယ်သူမှ အပြင်မထွက်ရဲကြဘူး” ဟု အထက်ပါ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ဆိုသည်။

ဟိုပန်မြို့တွင်း တိုက်ပွဲ အခြေအနေများ နှင့် ပတ်သက်ပြီး လူနေအိမ် နှင့် နှစ်ဖက် တပ်သားတို့၏ ထိခိုက်ကျဆုံးမှုများ ရှိနေသည့် သတင်းထွက်ပေါ်သော်လည်း သျှမ်းသံတော်ဆင့်မှ ဆက်လက် အတည်ပြု စုံစမ်းနေဆဲ ဖြစ်သည်။

ဟိုပန်မြို့သည် ချင်းရွှေဟော်၊ကွမ်းလုံမြို့တို့နှင့် ထိစပ်နေပြီး မြန်မာ – တရုတ်နယ်စပ် ကုန်သွယ်ရေး အတွက် အဓိက အရေးပါသည့် ဆက်သွယ်ရေး လမ်းကြောင်း တစ်ခု ဖြစ်သည့် အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ အရာရှိများ နှင့် ဌာနဆိုင်ရာဝန်ထမ်းများ လာရောက် ရှောင်တိမ်းနေသောနေရာဖြစ်ကြောင်းသိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၄ ရက်နေ့မှာလည်း လောက်ကိုင်မြို့ အနီးရှိနေသည့် စစ်ကောင်စီ တပ်တစ်ခုဖြစ်သည့် ဒကစတပ်လည်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့နှင့် ညှိနှိုင်း လက်နက်ချလိုက်ပြီဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...