ကရင်နီစစ်ဘေးရှောင်နေအိမ်များ ဖောက်ထွင်းခံရ

သျှမ်းပြည်အတွင်းသို့ “၁၁.၁၁ စစ်ဆင်ရေး”ကြောင့် ထွက်ပြေးလာသည့် စစ်ရှောင်များ၏ နေအိမ်များ ယခုရက်ပိုင်း ဖောက်ထွင်းခံနေရကြောင်း စုံစမ်းသိရသည်။

လွိုင်ကော် စစ်ရှောင်

သျှမ်း-ကရင်နီတကြော “၁၁.၁၁ စစ်ဆင်ရေး”ကြောင့် နိုဝင်ဘာလ ၁၅ ရက်မှထွက်ပြေးလာကြပြီး၊ အိမ်တွင် ကျန်စောင့်နေခဲ့ သူများလည်းရှိပြီး၊ ခိုးဆိုးလုယက်မှုများ စိုးရိမ်နေရသည့်အတွက်ကြောင့် ကရင်နီပြည် သို့ ပစ္စည်းပြန်သယ်ယူ နေသူများရှိနေကြောင်း စစ်ဘေးရှောင်လာသူတစ်ဦးက သျှမ်သံတော်ဆင့်ကို ပြောသည်။

“ပစ္စည်းတွေ ပြန်သယ်ကြတာပေါ့။ရေခဲသတ္တာတွေစောင်တွေအစရှိတာလေးတွေပေါ့။ခုထွက်လာတာလည်း အဝတ်တစ်ထည်ကိုယ်တခုနဲ့ထွက်ခဲ့ကြတယ်လေ။ တချို့တွေကြတော့ အိမ်စောင့်ကျန်တာတွေရှိတယ်။ တချို့တွေက ခိုးဖို့ကို စောင့်နေတာတွေရှိတယ်။မရှိမဲ့ရှိမဲ့လေး နဲ့ဝယ်ထားကြတာလေ။ ”ဟု စစ်ရှောင် အမျိုးသားတစ်ဦးက ပြောသည်။

ကရင်နီတွင် ပိတ်မိသူ၊ အိမ်တွင်စောင့်နေသူများကိုလည်း ပြန်လည်း‌ ခေါ်ဆောင်နေ ကြပြီး စားဝတ်နေရေး အတွက် နှင့် နေထိုင်ခင်း ကျပ်တည်းခြင်းကြောင့် ပစ္စည်းများကို ပြန်လည်း သယ်ဆောင် နေကြောင်း ဒေသခံများကပြောသည်။

လွိုင်ကော် စစ်ရှောင်

ညောင်ရွှေမြို့နယ်၊ လက်ရှိ စစ်ရှောင်ဦးရေမှာ တစ်သောင်းနှစ်ထောင်ခန့် ရှိနေပြီ ဖြစ်သည်။ ထိုစစ်ရှောင်များသည် ဘုရားဆောင်းတန်းများ၊ ဘုန်းကြီးကျောင်းများ နှင့် ဇရပ်များတွင်နေထိုင်ရပြီး စစ်ရှောင်စခန်း တစ်ခုလျှင် လူဦးရေ (၂၀၀) ခန့် စုပေါင်း နေထိုင်ကြကြောင်းသိရသည်။

သျှမ်း-ကရင်နီတကြော “၁၁.၁၁ စစ်ဆင်ရေး”ကြောင့် နိုဝင်ဘာလ ၁၅ ရက်မှထွက်ပြေးလာပြီး၊ လက်ရှိတွင် သျှမ်းပြည် တောင်ပိုင်း ပင်လောင်း၊ ညောင်ရွှေ၊ အင်းလေးနှင့် ဆီဆိုင် ဒေသများတွင် ကရင်နီပြည်မှ အရေးပေါ် တိမ်းရှောင်လာပြီး ဘုန်းကြီးကျောင်းများနှင့် ဆွေမျိုးအိမ်များသို့ လာရောက် စစ်ဘေးရှောင်နေကြပြီး စားဝတ်နေရေး နှင့် အနွေးထည်များ လိုအပ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...