စက်တင်ဘာလ ၁၉ ရက် နိုင်ငံတော်အတိုင်အပင်ခံ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုဆိုင်ရာ နိုင်ငံတော်အခြေပြမိန့်ခွန်းအပေါ် SNLD ပါတီပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ်အမြင်

ဒီနေ့နိုင်ငံတော်အတိုင်အပင်ခံဒေါ်အောင်ဆန်းစုကြည်ပြောသွားတဲ့မိန့်ခွန်းဟာ အမျိုးသားပြန်လည်ရင်ကြားစေ့ ရေးနဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုဆိုင်ရာ နိုင်ငံတော်အခြေပြမိန့်ခွန်းလို့ပြောရမှာပေါ့နော်။ ဒီမိန့်ခွန်းရဲ့အနှစ် ချုပ်ကိုပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင် လတ်တလောဖြစ်ပွါးနေတဲ့ရခိုင်အရေးနဲ့ပတ်သက်ပြီးတော့ မြန်မာပြည်တွင်းမှာရှိတဲ့ပြည်သူလူထုနဲ့ နိုင်ငံတကာကအဖွဲ့အစည်းတွေ နောက် နိုင်ငံရေးခေါင်းဆောင်တွေ အကုန်လုံး ဒီကိစ္စနဲ့ပတ်သက်ပြီး ထဲထဲဝင်ဝင်လေ့လာပြီးတော့မှ ရှင်းရှင်းလင်းလင်းသိမြင်သွားအောင် မီးမောင်းထိုးပြလိုက်တယ်လို့ယူဆတယ်။ အခု ရခိုင်မှာဖြစ်နေတဲ့ပြသနာကို သေချာလေ့လာဆန်းစစ်ပြီးတော့မှ အပျက်သဘောထက်ကို အရှိသဘောဝေဖန်ထောက်ရှုပြီးတော့မှ ဘယ်အပိုင်း ဘယ်ကဏ္႑ကနေကူညီဆောင်ရွက်သွားနိုင်မလဲဆိုတာကို လူသားချင်းစာနာထောက်ထားမှုအမြင်နဲ့ ၀ုိင်းဝန်းပြီးနော့မှ လက်တွဲဆောင်ရွက်ဖို့ သူ့အနေနဲ့ဖိတ်ခေါ်သွားတဲ့အချက်တွေဟာကြိုဆိုရ မယ့်အချက်တွေလို့ကျနော်မြင်ပါတယ်။

တဖက်ကလည်း နိုင်ငံတကာခေါင်းဆောင်ပြောကြားချက်အရဆိုရင် ရခိုင်ပြည်နယ်အရေးကိုအာဏာသုံး ရပ်တန့်ရင်ရနိုင် တယ်လို့ ပြောပါတယ်။

တကယ်တော့ ဒီပြသနာကိုဒေါ်အောင်ဆန်းစုကြည်တယောက်ထဲက ချက်ချင်းလက်ငင်းရပ်တန့်သွားအောင်လုပ်ဆောင် နိုင် မယ် လို့ကျနေ်ာတို့ယတိပြတ်ပြောလို့မရဘူး။ ကျနော်တို့တိုင်းရင်းသားပြည်သူလူထုတရပ်လုံး လက်တွဲညီညီ ၀ုိင်းဝန်းဖြေရှင်းဆောင်ရွက်တဲ့အပြင် နိုင်ငံတကာကိုယ်တိုင်ကကိုယ့်ရဲ့ရခိုင်အရေးပြသနာအရင်းအမြစ်ကို တိတိ ကျကျခိုင်ခိုင်လုံလုံရှင်းရှင်းလင်းလင်းနားလည်သဘောပေါက်ပြီး လက်တွဲဆောင်ရွက်မှ ပြေလည်သွား နိုင်မယ်လို့ကျနော်မြင်ပါတယ်ခင်ဗျ။

ရခိုင်အရေးနဲ့ပတ်သက်ပြီး သျှမ်းနဲ့ကချင်အရေးကိုနှိုင်းယှဉ်ကြည့်မယ်ဆိုရင် အဓိကကတော့ ပြသနာဖြစ် တည်လာပုံချင်း အခြေခံအဖြစ်ချင်းလုံးဝ မတူပါဘူး။ ရခိုင်ပြသနာကလူ့အခွင့်အရေး ပြသနာဖြစ် တယ်။ နောက်တချက် အချုပ်အခြာအာဏာဆိုင်ရာတဲ့ပြသနာဖြစ်တယ်။ နောက် အစ္စလာမ်အသိုင်းအဝိုင်းနဲ့ ဆက် စပ်ပြီး တော့မှ နိုင်ငံတကာရဲ့စောင့်ကြည့်ခြင်းကိုခံနေရတဲ့ပြသနာဖြစ်တယ်။ အဲဒီပြသနာကို ကိုင်တွယ် ဖြေရှင်း တဲ့နေရာမှာ ပြသနာနဲ့ပြသနာရဲ့အရင်းအမြစ်ကို ကျနော်တို့သေသေချာချာ ကိုင်တွယ်ပြီးတော့ မဖြေရှင်း နိုင်ဘူး ဆိုရင် မြန်မာပြည်တွင်းရဲ့လုံခြုံရေး စီးပွါးရေးသာမကဘူး။ ဒေသတွင်းနိုင်ငံတွေရဲ့ တည်ငြိမ်အေးချမ်း ရေးနဲ့လုံခြုံ ရေး ကိုပါ ရိုက်ခတ်လာနိုင်ပါတယ်။ အကိုင်အတွယ်မတတ်ရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုဂ္ဂိုလ်ရေး ဆိုင်ရာ ပုံရိပ်ကိုပါထိခိုက်လာနိုင်ပါတယ်။ ပြီးတော့ ရခိုင်အရေးပြသနာကို စစ်တပ်ကသာလျှင်ဖြေရှင်းလို့ရတယ်။ စစ်အင် အားသုံးပြီး မှသာလျှင် ဖြေရှင်းလို့ရမယ်ဆိုတဲ့တဖက်သတ်ပုံဖော်နေတာကိုလည်း ဖြေရှင်းရခက်သွားပါ လိမ့်မယ်။ အအဲ့ကြောင့်မို့လို့ဒီအရေး ဒီပြသနာကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အသေအချာအချိန် ပေးပြီးတော့မှဇောင်းပေးပြီးတော့မှလုပ်နေတာလို့ကျနော်မြင်တယ်။ ဒါက ချက်ချင်းလက်ငင်းထပြီးဖြေရှင်း ရမယ့်ပြသနာလို့ကျနော်မြင်ပါတယ်။

ကျနော်တို့သျှမ်းပြည်နယ် ကချင်ပြည်နယ်ဘက်မှာဖြစ်နေတဲ့ပြသနာကကျတော့ ဒါလူ့အခွင့်အရေးပြသနာသက်သက်မဟုတ်ဘူး။ တိုင်းရင်းသားအခွင့်အရေးပြသနာ ဖွဲ့စည်းပုံဥပဒေအခြေခံဆိုင်ရာပြသနာ တနည်းအားဖြင့်နိုင်ငံရေးဆိုင်ရာပြသနာဖြစ်တယ်။ ဒီပြသနာက တနေ့တရက်တည်းထပြီးဖြေရှင်းလို့မရသလို အခုမှထပြီးဖြစ်ပေါ်လာတဲ့ပြသနာမဟုတ်ဘူး။ ဒါကြောင့်မို့လို့ တဦးတယောက်ထည်းကနေတစုတဖွဲ့တည်းကနေချက်ချင်းလက်ငင်းထပြီးဖြေရှင်းလို့ကလည်းမလွယ်ပါဘူး။ ပြသနာကဖြစ်တည်လာတာရှည်ကြာလာတာနဲ့အမျှ ရှုပ်ထွေးထွေပြားမှုတွေကလည်းအင်မတန် များပြား လာပါ တယ်။ အဲဒီကိစ္စကိုတကယ့်စေတနာအမှန်နဲ့ ယုံယုံကြည်ကြည်ဖြေရှင်းမယ်ဆိုရင်တောင်မှ လူတဦး တယောက် တည်းဖြေရှင်းလို့မရဘူး။ တဖက်မှာလည်းဘဲနိုင်ငံတကာရဲ့စိတ်ဝင်စားမှုနည်းပါးနေတယ်။ ရှေ့ဆက်အနေနဲ့ ကတော့ သျှမ်းပြည်ပြသနာဆိုလို့ရှိရင် ဥပမာ ၀ လိုဟာမျိုးရဲ့ပြသနာကလွဲရင်နိုင်ငံတကာရဲ့စိတ်ဝင်စားမှုမရှိဘူး။ ဒါကြောင့်မို့လို့ ဒီ သျှမ်းတို့ကချင်တို့မှာဖြစ်နေတဲ့ပြသနာကကျတော့ တိုင်းရင်းသားအချင်းချင်း အချိန်ယူပြီး တော့မှ စေတနာမှန်မှန် နောက်ဇွဲရှိရှိနဲ့ဖြေရှင်းသွားရမယ့်ပြသနာဖြစ်တယ်။ ဒီဥစ္စာကိုဒေါ်အောင်ဆန်းစုကြည် တယောက်ထဲက တချက်လွှတ်အမိန့်ပေးပြီးတော့မှ ကြေအေးဆိုပြီးတော့လုပ်လို့မရဘူးလို့ကျနော်ထင်ပါတယ်။

ဖြည့်စွက်ပြောကြားလိုတာက- နိုင်ငံတကာကဖိအားပေးမှ နိုင်ငံတကာရဲ့အာရုံစိုက်ခြင်းခံရမှ ပြသနာပါလို့ ဖြေရှင်းလို့မရသလို နိုင်ငံတကာကစိတ်မဝင်စားပေမယ့်လည်း ကိုယ့်ရဲ့ပြည်တွင်းရေးမှာအနှစ် ၄၀-၅၀ မက ဖွဲမီးလိုမျိုးပြည်တွင်းရေးပြသနာ တိုင်းရင်းသားအရေးပြသနာကိုလည်းဘဲ ရခိုင်အရေးပြသနာလိုဟာမျိုး သဘောထားပြီးရှေ့တန်းတင်တပြိုင်တည်းဖြေရှင်းမှသာလျှင် ကျနော်တို့ရဲ့ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ကြီးပွါးဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူပြုစေနိုင်မှာဖြစ်ပါတယ်။ငြိမ်းချမ်းရေးကိုဂရုမစိုက်ဘူး တိုင်းရင်းသားအရေးကို အလေးမထားဘူးဆိုလို့ရှိရင် ကျနော်တို့ရဲ့အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကလည်း အလှမ်းဝေးနေမှာဖြစ်တယ်။ ဒါကြောင့်မို့လို့ နိုင်ငံတကာဆိုင်ရာပြသနာများ နိုင်ငံတကာကစိတ်ဝင်စားတဲ့ပြသနာများကိုတပြိုင်တည်းဖြေရှင်းပေးဖို့ တိုင်းရင်းသားအရေး တိုင်းရင်းသားပြသနာကိုလည်းဘဲတကြိမ်တည်းတပြိုင်တည်းမှာဦးစားပေးပြီးဖြေရှင်းဖို့လိုအပ်တယ်ဆိုတာကတော့ ဖြည့်စွက်ပြောကြားလိုပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

မြန်မာတဝှမ်း ရေဘေးသင့်ကြုံတွေ့ချိန် စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၄ ဦးသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေချိန် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိကာ နေအိမ် ၂၀ ခန့် ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ယမန်နေ့ (သြဂုတ် ၁၂)ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ မဘိမ်းမြို့နယ်တွင် ဇူလိုင်လ နောက်ဆုံးပတ်မှစတင်၍ တရုတ်နိုင်ငံဘက်ရှိ ရွှေလီမြစ်အထက်ပိုင်းမှ ဆည်ရေများ လွှတ်ချမှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရွှေလီမြစ်နှင့် နမ့်ပေါ်ချောင်းရေများ မြင့်တက်လာကာ ကျေးရွာအချို့နှင့် မြို့ပေါ်ရပ်ကွက်အချို့တွင် ရေလွှမ်းမိုးမှုများဖြစ်ပွားနေကြောင်း သိရသည်။ ထိုသို့ ရေဘေးကြုံနေရချိန်တွင် ဇူလိုင်လ ၂၈ ရက် မှ ဩဂုတ်လ ၈ ရက်အထိ စစ်ကောင်စီတပ်က မဘိမ်းမြို့နယ်အတွင်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ရေဘေးကြုံနေရသည့်အချိန်တွင် အရပ်သားများကို လေကြောင်းမှ တိုက်ခိုက်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်သည့်အပြင် လူသားမဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “တစ်ဖက်က ပြည်သူတွေ ရေဘေးသင့်နေချိန် အချင်းချင်းကူညီရမယ့်အချိန်မှာ အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာက လူ့အခွင့်အရေးကို ချိုးဖောက်သလို တော်တော်ကို လူမဆန်တဲ့ လုပ်ရပ်တွေကို လုပ်ခဲ့တာပါ။ခုထိလည်း စစ်ရေးအခြေနေတွေက တင်းမာနေပါတယ်” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ (ဇူလိုင်လ ၂၈ ရက်) မနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်က Y-12 လေယာဉ်ဖြင့် မဘိမ်းမြို့ ရပ်ကွက် (၂) နှင့် (၃) ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာအရပ်သား ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကာ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့သည်။ (ဇူလိုင်လ ၃၀ ရက်)တွင် မဘိမ်းမြို့နယ် ဘဟဲကျေးရွာနှင့် ရပ်ကွက် (၃) ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၄ ဦး ဒဏ်ရာရရှိပြီးနေအိမ် ၅ လုံးခန့် ပျက်စီးခဲ့ကြောင်း သိရသည်။ ထို့အပြင် (ဩဂုတ်လ ၃ ရက်) ည ၁၁ နာရီခန့်တွင် မဘိမ်းမြို့ ရပ်ကွက် (၂) ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး သေဆုံးပြီးနေအိမ် ၃ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။ (ဩဂုတ်လ ၆ ရက်) ည ၁၁ နာရီခန့်တွင်လည်း မဘိမ်းမြို့ ရပ်ကွက် (၃) ရှိ မဘိမ်းဆေးရုံကြီးကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးရုံအဆောက်အအုံ ၃ လုံး ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ထားသည်။ လက်ရှိတွင် မဘိမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာမှုဆက်လက်ရှိနေကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက် မှ စတင်ပြီး မိုးမိတ်မြို့အနီးတွင် KIA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီးဩဂုတ်လ ၁၂ ရက်အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဟန်ပြ မြစ်ရေထိန်းသိမ်းမှုအောက်က အဆိပ်သင့် နယ်စပ်ဖြတ်ကျော်မြစ်ရေ

0
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ခမ်းနားထည်ဝါလှသော Queen Sirikit National Convention Center အတွင်း၌ အာဏာသိမ်းသမ္မတနှင့် ထိုင်းအစိုးရ တာဝန်ရှိသူများသည် ပြုံးရယ်လျက် လက်မှတ်ရေးထိုးနေကြသည်။ နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်ရေး၊ အလုပ်သမားရေးရာနှင့် နယ်စပ်ဖြတ်ကျော် မြစ်ရေညစ်ညမ်းမှု ထိန်းသိမ်းရေး အပါအဝင် သဘောတူညီချက် (၄) ခုကို နှစ်ဉီးသား...

မိုးမိတ်မြို့အနီး ၂ ရက်ဆက် တိုက်ပွဲပြန်ဖြစ်၊ စစ်ရေးဆက်လက်တင်းမာနေ

0
သျှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နင့် စစ်ကော်မရှင်တပ် တို့ အကြား တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး စစ်ရေး ဆက်လက်တင်းမာနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (ဩဂုတ်လ ၁၁ ရက်) မွန်းလွဲ ၁ နာရီခန့်မှစတင်ကာ မိုးမိတ်မြို့နှင့် ၂ မိုင်ခန့်အကွာရှိ ညောင်နီကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ယမန်နေ့(...

တောင်ကြီး လမ်းဘေးစျေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ မြို့မဈေးအနီးရှိ လမ်းဘေးဈေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်းသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်တွင် တောင်ကြီးမြို့ နံနက်ခင်းဈေးတခုတွင် လမ်းဘေးဈေးသည်များကို “ဈေးမသိမ်း”ဟူသော အကြောင်းပြချက်ဖြင့် စည်ပင်များကို ဝင်ရောက်ရိုက်နှက်ကာ ပစ္စည်းများကို သိမ်းဆည်းကာ ကားပေါ်တင်သွားကြောင်း သိရသည်။ အဆိုပါ...