လားရှိုးရောက် အာဏာသိမ်းစစ်ခေါင်းဆောင်က စစ်ဘေးရှောင်များ အမြန်ဆုံးနေရပ်ပြန်နိုင်ရန် ကြိုးပမ်းမည်ဟုဆို

သျှမ်းပြည် လားရှိုးမြို့သို့ ရောက်ရှိလာသည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်ဘေးရှောင်များ အမြန်ဆုံးနေရပ်ပြန်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ မြန်မာ့အလင်း သတင်းစာက ယနေ့ (ဒီဇင်ဘာ ၁၁ ရက်) တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီခေါင်းဆောင်မှ လားရှိုးစစ်ရှောင်များ အဝတ်အထည်ပေးနေစဥ်

“၁၀၂၇ စစ်ဆင်ရေး” တစ်လကျော်အကြာ ဆင်နွှဲပြီးနောက်ပိုင်း ယမန်နေ့ (ဒီဇင်ဘာလ ၁၀ ရက်) နေ့လယ်ပိုင်းအချိန်က စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် အပေါင်းအပါများနှင့်တကွ လားရှိုးမြို့သို့ ရောက်ရှိလာပြီး မန်ဆူသျှမ်းကျောင်းရှိ စစ်ဘေးရှောင်များအတွက် အလှူငွေ ကျပ်သိန်း ၅၀၀၀ ၊ အဝတ်အထည်နှင့် ဆန်တို့ကို လှူဒါန်းခဲ့ကာ စစ်ဘေးရှောင်များနှင့် တွေ့ဆုံစဉ် အမြန်ဆုံး နေရပ်ပြန်နိုင်ပြီး နယ်မြေတည်ငြိမ်အေးချမ်းမှု ရရှိအောင် လုပ်ဆောင်ပေးသွားမည်ဟု ပြောဆိုခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

ထို့အပြင် လားရှိုးစစ်ဆေးရုံရှိ “၁၀၂၇ စစ်ဆင်ရေး”အတွင်း ထိခိုက်ဒဏ်ရာရစစ်သား၊ ရဲတပ်ဖွဲ့ဝင်များနှင့်လည်း တွေ့ဆုံခဲ့ပြီး အားပေးစကားပြောကြားခဲ့သည်ဟု သတင်းဖော်ပြထားသည်။

ယခုကဲ့သို့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က “၁၀၂၇ စစ်ဆင်ရေး” တစ်လကျော်အကြာတွင် လားရှိုးမြို့သို့ ရောက်ရှိလာခြင်းသည် ၎င်း၏ နိုင်ငံခြားရေးဝန်ကြီးက တရုတ်နိုင်ငံအနေဖြင့် မြန်မာပြည်တွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုရရှိဖို့ ထောက်ခံကူညီပေးရန် တောင်းဆိုခဲ့ခြင်းနှင့်လည်း တိုက်ဆိုင်နေသည်။

အလားတူ ယခုဖြစ်ပွားနေသည့် တိုက်ပွဲဖိအားများ လျှော့ချနိုင်ရန် မြန်မာနိုင်ငံအတွင်း စစ်ရေးပဋိပက္ခနယ်မြေများတွင် ဖော်ဆောင်မည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံနှင့် ပိုးလမ်းမစီမံကိန်းတို့ကို စစ်ကောင်စီက ရှေ့တန်းတင်လာသည်။

အခြားတစ်ဖက်တွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့သည် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုအရ ဒီဇင်ဘာလ ဒုတိယပတ်က ကူမင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု စုံစမ်းသိရပြီး သျှမ်းသံတော်ဆင့်အနေဖြင့် ညီနောင်မဟာမိတ်များထံ ဆက်သွယ်မေးမြန်းသော်လည်း သီးခြားအတည်ပြုချက် မရရှိသေးပေ။

စစ်ကောင်စီတပ်သည် သျှမ်းမြောက်ရှိ ၎င်း၏တပ်စခန်း ၂၂၀ ကျော်နှင့် ပန်ဆိုင်း(ကြူကုတ်)၊ မုံးကိုး၊ ဖောင်းဆိုင်၊ ကွမ်းလုံ၊ သိန္နီ၊ နမ့်ခမ်းနှင့် ချင်းရွှေဟော်မြို့တို့ကို “၁၀၂၇ စစ်ဆင်ရေး” တစ်လကျော်အတွင်း ညီနောင်မဟာမိတ်တပ်များထံ လက်လွှတ်ဆုံးရှုံးခဲ့ရသည်။

လက်ရှိအချိန်တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများ နေ့စဉ်ပြင်းထန်လျက်ရှိကာ လားရှိုး၊ မူဆယ်နှင့် လောက်ကိုင်မြို့များသည် ညီနောင်မဟာမိတ်တပ်များ၏ ဝိုင်းရံပိတ်ဆို့ခြင်း ခံနေရပြီး တရုတ်-မြန်မာ နယ်စပ်ရှိ နမ့်ခမ်းမြို့အခြေစိုက် စစ်ကောင်စီတပ် စခန်းသစ်ကုန်းကို TNLA တပ်ဖွဲ့က တစ်လကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှစ်ဘက်တိုက်ပွဲ ပြင်းထန်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...