တန့်ယန်းမြို့အဝင် စစ်ဆေးရေးဂိတ်က ဘီးလိမ့်ခွန် သောင်းနဲ့ချီပေးဆောင်ရလို့ ကားသမားများ အခက်တွေ့

သျှမ်းပြည် လားရှိုးခရိုင်၊ တန့်ယန်းမြို့အဝင် စစ်ကောင်စီ စစ်သားများ စောင့်သည့် စစ်ဆေးရေးဂိတ်တွင် ဘီးလိမ့်ခွန်၊ အခွန်များကို သောင်းနဲ့ချီ ကောက်ခံတောင်းယူမှုကြောင့် ကားသမားများ အခက်တွေ့ နေရကြောင်း စုံစမ်းသိရသည်။

တန့်ယန်း စစ်ဆေးရေးဂိတ်

တန့်ယန်းမြို့အဝင် အမှတ် (၅၂၃) ခြေမြန်တပ်ရင်း အနီးရှိ စစ်ဆေးရေးဂိတ်၌ ကားသမားများကို စစ်ဆေး မေးမြန်းမှု တင်းကြပ်သည့် အပြင် ဘီးလိမ့်ခွန် အဖြစ် ပိုက်ဆံ ငွေကျပ် ၂ သောင်းမှ စတင်ကာ ကောက်ယူ တောင်းခံ နေကြောင်း ကြုံတွေ့ရသည့် ဒေသအတွင်း ကားသမားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဘယ်ကလာလဲ၊ ဘယ်ကိုသွားမလဲ၊ ဘာတွေတင်လာလဲ ဆိုတာကအစ စစ်ဆေးမေးမြန်းတယ်၊ မှတ်ပုံတင်၊ ယာဥ်မောင်း ပြနိုင်တာတောင် ပိုက်ဆံထပ်တောင်းတယ်။ ကုန်စုံ(ကုန်ခြောက်)တင်လာတဲ့ ၁၀ ဘီးကား တစ်စီးကို ၅ သောင်း(ကျပ်)တောင်းတာ၊ စစ်ရင်းနဲ့ ၂ သောင်းပေးဖြစ်လိုက်ရတယ်။” ဟု လုံခြုံရေးအရ အမည်မဖော်လို သည့် ကြုံတွေ့ရသူ ဒေသအတွင်း ကားသမား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဂိတ်စောင့် စစ်သားများသည် အရက်သေစာသောက်စားမူးယစ်ကြသည့်အတွက် ကားသမားများမှ ၎င်းတို့ ရန်ပြုမှာကို ကြောက်လန့်နေရကြောင်းလည်း အထက်ပါ ကားသမားက ဆက်ပြောသည်။

ထို့အပြင် အမှတ် (၅၂၃) ခြေမြန်တပ်ရင်း အနီးရှိ စစ်ဆေးရေးဂိတ်၌ လမ်းမကြီးပေါ် သံဆူးကြိုးများချကာ ကားများကို တားမြစ် စစ်ဆေးခြင်းဖြစ်ပြီး အိမ်စီးကားများလည်း တားမြစ်စစ်ဆေးခံရပြီး အချို့က ရိုက်နှက်ခံရ ကြောင်း အသက် (၃၀) ကျော် ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တန့်ယန်း

“ကားနားကပ်တာနဲ့ အရက်နံ့က နံနေတာပဲ၊ ကျနော်တို့အော်ဟောက်ပြီး ပြောတော့ ကျနော်တို့လည်း သိပ်မပြော ရဲဘူး။အရင်တပတ်ကလည်း သူတို့ တားထားတဲ့ သံဆူးချထားတဲ့နေရာကို ကျော်ပြီး ရပ်ပေးတဲ့ အိမ်စီးကား ယာဥ်မောင်း ပါးရိုက်ခံရတယ်။ ကျော်ပြီးရပ်လို့တဲ့” ဟု အထက်ပါ ဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆိုသည်။

လက်ရှိ အချိန်သည် စစ်ဆေးရေးဂိတ်များ များပြားသည့် အတွက် ပေးဆောင်ရသည့် ဂိတ်ကြေးများနှင့် စက်သုံး ဆီဈေးနှုန်း မြှင့်တက်မှုတွေကြောင့် လက်ကျန်အမြတ်မရှိဘဲ အခက်အခဲရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက်တွင် ကုန်သွယ်ရေး လမ်းကြောင်းတချို့ ပိတ်ရသလို စက်သုံးဆီဈေးနှုန်းမြင့်တက်ခြင်း၊ ဝယ်ယူရန်ခက်ခဲခြင်းတို့ကြောင့် ဒေသအတွင်း ကားသမားများက ဝမ်းစာအတွက် ခက်ခက်ခဲခဲ အလုပ်လုပ်ကိုင် နေကြရကြောင်းလည်း သိရသည်။

လမ်းခရီး အဆင်ပြေရန်နှင့် အချိန်ကုန် သက်သာရန်အတွက် ဂိတ်စောင့် တာဝန်ရှိသူများ စစ်ဆေးမှုကို လျှော့စေလိုကြောင်း နှင့် ကားသမားများကို ပိုက်ဆံလျော့တောင်းကြရန် တောင်းဆိုလိုကြောင်း ဒေသအတွင်း ကားသမားများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

စစ်ဆေးရေးဂိတ် ဖျက်သိမ်းမှုကြား ကားခနှင့် ကုန်ဈေးနှုန်း မကျသေး

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီး–မိုင်းရှူးလမ်းပိုင်းရှိ စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်အချို့ကို ဖျက်သိမ်းထားသော်လည်း ကားခနှုန်းထားများနှင့် ကုန်ပစ္စည်းဈေးနှုန်းများ ကျဆင်းလာခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် တောင်ကြီး–ဟိုပုံးလမ်း ၈ မိုင် စစ်ဆေးရေးဂိတ်၊ ပင်လုံမြို့အဝင် စစ်ဆေးရေးဂိတ်နှင့် မိုင်းနောင်–လဲချားလမ်းဆုံ စစ်ဆေးရေးဂိတ်တို့ကို ဖျက်သိမ်းထားသည်။ သို့သော် ၎င်းလမ်းပိုင်းရှိ အခြားစစ်ဆေးရေးဂိတ်များ နှင့် စက်သုံးဆီကန့်သတ်ချက်များကြောင့် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ် မြင့်မားနေဆဲဖြစ်ကြောင်း တောင်ကြီး–မိုင်းရှူးလမ်းပိုင်း ပြေးဆွဲနေသည့် ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဂိတ်တွေကို အကုန်ဖျက်သိမ်းတာတော့ မဟုတ်သေးဘူး။ လဲချားဂိတ်၊ မိုင်းပွန်ဂိတ်နဲ့ ၄ မိုင်ဂိတ်တွေမှာ ပစ္စည်းတွေအလွယ်တကူ ဖြတ်လို့မရသေးဘူး။ ပိုက်ဆံတောင်းတာထက် ပစ္စည်းတွေကို သိမ်းရမလား၊ ဂိတ်မှာချထားခဲ့မလားဆိုပြီးပြောတာတွေ ရှိနေတုန်းပဲ။ အဲဒါကြောင့် ကားခဈေးကို လျှော့ဖို့ ခက်နေပါတယ်” ဟု တောင်ကြီး–မိုင်းရှူးလမ်းပိုင်း ပြေးဆွဲနေသည့် ကားသမားတစ်ဦးကပြောသည်။ ယခုအချိန်ထိ စစ်ကော်မရှင်မှ စက်သုံးဆီကို တစ်ပတ်လျှင် လီတာ ၉၀ သာ ကန့်သတ်ထုတ်ပေးသဖြင့် လမ်းကြောင်း တစ်ကြောင်းပြေးဆွဲရန် မလုံလောက်ဘဲ ပြင်ပပေါက်ဈေးဖြင့် ထပ်မံဝယ်ယူ အသုံးပြု နေရကြောင်း ၎င်းက ဆက်ပြောသည်။ တောင်ကြီးမြို့တွင် စက်သုံးဆီ တစ်လီတာ ၄၈၀၀ ကျပ်ခန့်ရှိသော်လည်း ကန့်သတ်ပမာဏ ကုန်လျှင် ကျပ် ၈,၀၀၀ဝန်းကျင်ဖြင့် ဝယ်ယူနေရပြီး မိုင်းရှူးတွင်လည်း တစ်လီတာ ၈၀၀၀ ကျပ် ဝန်းကျင်ရှိနေကြောင်း၎င်းကပြောသည်။ ထိုအခက်အခဲများကြောင့် ခရီးသည်များအတွက် ကားခများကို ပုံမှန်ဈေးနှုန်းထိ ပြန်လျော့ပေးရန် ခက်ခဲနေကြောင်း ဂိတ်မှူးတစ်ဦးကပြောသည်။ အဆိုပါ တောင်ကြီး – မိုင်းရှူးလမ်းပိုင်းတွင် စစ်ဆေးရေးဂိတ်များ ဖျက်သိမ်းထားသော်လည်း ကုန်ပစ္စည်းဈေးနှုန်းများမှာကျဆင်းခြင်းမရှိသေးကြောင်း မိုင်းရှူးမြို့ရှိ...

ချင်းမိုင်တွင် စစ်ဆေးရေးဂိတ်များကို ရှောင်ကွင်းသူများနှင့် ရာဇဝတ်မှုများကို စောင့်ကြည့်ရန် “ဒရုန်းစစ်ဆေးရေးအဖွဲ့” ဖွဲ့စည်း

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စစ်ဆေးရေးဂိတ်များကို တိမ်းရှောင်သူများနှင့် ပိုမိုရှုပ်ထွေးလာသော ခေတ်သစ်ရာဇဝတ်မှုများကို ဝေဟင်မှ တဆင့် စောင့်ကြည့်နိုင်ရန် လူမဲ့လေယာဉ် (Unmanned Aerial Vehicles-UAV) များ အသုံးပြုသည့် "ဒရုန်းကင်းလှည့်အဖွဲ့" (Drone Patrol) စစ်ဆင်ရေးကို စတင်အသုံးပြုပြီ ဖြစ်ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ယမန်နေ့ (ဇွန်လ ၁၅...

ဆီဆိုင်မြို့နယ် PNO စစ်ဆေးရေးဂိတ်တွင် ကန့်သတ်ကုန်များကို စစ်ဆေးတင်းကြပ်နေ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) စစ်ဆေးရေးဂိတ်များတွင် ကန့်သတ်ကုန်ပစ္စည်းများကို စစ်ဆေးတင်းကြပ်နေကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့နယ်အတွင်း အခြေခံစားသောက်ကုန်များ ၊ ဆေးဝါးများ နှင့် စက်သုံးဆီများကိုသယ်ယူပို့်ဆောင်ရာာတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO များက သယ်ယူပို့ဆောင်ရန် ကန့်သတ်မှုများ ပြုလုပ်...