သျှမ်းပြည်တွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် မူဆယ်မြို့ မှ မန္တလေးမြို့ကို ကားခ ၃ သိန်းခွဲအထက်ပေးပြီး သွားနေရကြောင်းစုံစမ်းသိရသည်။

သျှမ်းပြည်တွင် “၁၀၂၇ စစ်ဆင်ရေး” စစ်ကောစီနှင့် ညီနောင်မဟာမိတ်တို့၏ တိုက်ပွဲများကြောင့် လမ်းပန်း ဆက်သွယ်ရေးများ၊တံတားများပျက်စီးမှုကြောင့် ပြည်သူများခရီးသွားလာမှု အတွက် အခက် အခဲများ ကြုံတွေနေရကြောင်း ဒေသခံပြည်သူများက သျှမ်းသံတောင်ဆင့်ကို ပြောသည်။
“ကျနော်တို့က ကားငယ်တွေနဲ့ သွားရတာပဲ။လမ်းမှာတစ်ခုခုဖြစ်ရင်တော့ ရှောင်ပြီးသွားတာပေါ့ လမ်းခရီးမှ ဘယ်နှညအိပ်လဲဆိုတာကတော့ ပြောလို့ရဘူး။လမ်းကြောင်းရှင်း ရင်ရှင်းသလိုသွားတာပေါ့။ သွားလို့ရတယ် နေ့တိုင်းတော့ သွားနေတာပဲ”ဟု ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မူဆယ်-လားရှိုးကားခ တစ်ဦးလျှင် ကျပ်ငွေ ၂သိန်း၈သောင်းထိရှိပြီး၊ မူဆယ်-မန္တလေး ကားခ တစ်ဦးလျှင် ကျပ် ၃သိန်း ၈သောင်းထိရှိကြောင်း ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
ယခုရက်ပိုင်းတွင် မူဆယ်မြို့တွင် စက်သုံးဆီအပြင် အခြားသောကုန်ဈေးနှုန်းနှင့် မီးဖိုချောင်သုံး ပစ္စည်းများ အဆမတန် မြင့်တက်လာပြီး ဖုန်းလိုင်းများ ၊ မီးများလည်း ဖြတ်တောက်ခံ ထားရသည့်အတွက် ပြည်သူများ အခက်အခဲများစွာကြုံတွေ့နေရကြောင်းသိရသည်။












Leave a Comments