Sunday, May 5, 2024

လွိုင်ကော်တက္ကသိုလ်မှ ကယ်တင်ခေါ်ထုတ်လာခဲ့သည် Non-CDM များကို နယ်နှင်ဒဏ်ပေး

Must read

ကရင်နီပြည် လွိုင်ကော်တက္ကသိုလ်မှ တိုက်ပွဲအတွင်း ကယ်တင်ခေါ်ထုတ်ခဲ့သည့် Non-CDM ဝန်ထမ်းတို့နှင့် ၎င်းတို့၏ မိသားစုဝင်တွေကို နယ်နှင်ဒဏ်ပေးလိုက်ကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီမှ ယနေ့ (နိုဝင်ဘာ – ၂၉)ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။

အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့တို၏ စစ်ဆေးတွေ့ရှိချက်အရ အကြမ်းဖက်စစ်ကောင်စီနဲ့ ပတ်သက်ဆက် နွယ်မှုမရှိသော Non-CDM များကို ပထမအကြိမ် အမှုထမ်း (၇၀)ဦးနှင့် ၎င်းတို့ မိသားစုဝင် (၃၇)ဦး၊ ဒုတိယအကြိမ် အရာထမ်း (၅၉)ဦးနှင့် ၎င်းတို့ရဲ့ မိသားစုဝင် (၂၇) ဦး၊ စုစုပေါင်း (၁၉၃) ဦးဖြစ်သည်။

ထိုသူများကို “ စစ်ကောင်စီ၏ ယန္တရားမှန်သမျှတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရန်က ကျောင်း/ရုံးများမှာလည်း အဆက်အသွယ် မပြုလုပ်ရန် ပြည်သူ့ဆန္ဒနဲ့အညီ ပြည်သူလူထုနှင့်တစ်သားတည်း ရပ်တည်သွားရန်” စသည့် ကတိခံဝန်ချက် လက်မှတ်ရေးထိုးစေပြီး ကရင်နီပြည်နယ် ပြင်ပသို့ (၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ၊ ၂၈ ရက်)တွင် အပြီးသတ် နယ်နှင်ဒဏ်ပေးခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မတရားအသင်း စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် အဓိက တာဝန်ရှိသူများဖြစ်သည့် လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်အပါအဝင် ဝန်ထမ်း (၅)ဦးနှင့် ၎င်းတို့၏ မိသားစုဝင်များကိုမူ ကရင်နီပြည် ရဲဌာနမှ တရားလိုအဖြစ် အမှုဖွင့်တရားစွဲကာ သက်ဆိုင်ရာ ဌာနကို လွှဲပြောင်းပြီး ဥပဒေနှင့်အညီ တရားစွဲဆိုအရေးယူသွားဖြစ်ကြေင်း ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီနှင့် တိုက်ရိုက်ပတ်သက်ဆက်နွယ်နေသော တပ်မိသားစုဝင် (၃) ဦးကို စစ်ဖက်ဆိုင်ရာ အက်ဥပဒေနဲ့အညီ စုံစမ်းစစ်ဆေး ရေးကိစ္စရပ်များ ဆက်လက်ဆောင်ရွက်သွားဖို့ရန် သက်ဆိုင်ရာ စစ်ခုံရုံးကို လွှဲပြောင်းပြီး အရေးယူဆောင်ရွက်သွားမယ်ဟု ဆိုပါသည်။

စစ်ကောင်စီလက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်နေသော တပ်မတော်သား၊ ရဲဝန်ထမ်းများနှင့် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများအားလုံး ပြည်သူလူထုနှင့် တသားတည်းရပ်တည်ပြီး တော်လှန်ရေး အင်အားစုများနှင့် အမြန်ဆုံးပူးပေါင်းပါဝင်ကြရန် ထုတ်ပြန်ချက်မှာ အသိပေးနှိုးဆော်ထားပါသည်။

Leave a Comments

- Advertisement -spot_img

Latest article