လွိုင်ကော်တက္ကသိုလ်မှ ကယ်တင်ခေါ်ထုတ်လာခဲ့သည် Non-CDM များကို နယ်နှင်ဒဏ်ပေး

ကရင်နီပြည် လွိုင်ကော်တက္ကသိုလ်မှ တိုက်ပွဲအတွင်း ကယ်တင်ခေါ်ထုတ်ခဲ့သည့် Non-CDM ဝန်ထမ်းတို့နှင့် ၎င်းတို့၏ မိသားစုဝင်တွေကို နယ်နှင်ဒဏ်ပေးလိုက်ကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီမှ ယနေ့ (နိုဝင်ဘာ – ၂၉)ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။

အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့တို၏ စစ်ဆေးတွေ့ရှိချက်အရ အကြမ်းဖက်စစ်ကောင်စီနဲ့ ပတ်သက်ဆက် နွယ်မှုမရှိသော Non-CDM များကို ပထမအကြိမ် အမှုထမ်း (၇၀)ဦးနှင့် ၎င်းတို့ မိသားစုဝင် (၃၇)ဦး၊ ဒုတိယအကြိမ် အရာထမ်း (၅၉)ဦးနှင့် ၎င်းတို့ရဲ့ မိသားစုဝင် (၂၇) ဦး၊ စုစုပေါင်း (၁၉၃) ဦးဖြစ်သည်။

ထိုသူများကို “ စစ်ကောင်စီ၏ ယန္တရားမှန်သမျှတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရန်က ကျောင်း/ရုံးများမှာလည်း အဆက်အသွယ် မပြုလုပ်ရန် ပြည်သူ့ဆန္ဒနဲ့အညီ ပြည်သူလူထုနှင့်တစ်သားတည်း ရပ်တည်သွားရန်” စသည့် ကတိခံဝန်ချက် လက်မှတ်ရေးထိုးစေပြီး ကရင်နီပြည်နယ် ပြင်ပသို့ (၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ၊ ၂၈ ရက်)တွင် အပြီးသတ် နယ်နှင်ဒဏ်ပေးခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မတရားအသင်း စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် အဓိက တာဝန်ရှိသူများဖြစ်သည့် လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်အပါအဝင် ဝန်ထမ်း (၅)ဦးနှင့် ၎င်းတို့၏ မိသားစုဝင်များကိုမူ ကရင်နီပြည် ရဲဌာနမှ တရားလိုအဖြစ် အမှုဖွင့်တရားစွဲကာ သက်ဆိုင်ရာ ဌာနကို လွှဲပြောင်းပြီး ဥပဒေနှင့်အညီ တရားစွဲဆိုအရေးယူသွားဖြစ်ကြေင်း ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီနှင့် တိုက်ရိုက်ပတ်သက်ဆက်နွယ်နေသော တပ်မိသားစုဝင် (၃) ဦးကို စစ်ဖက်ဆိုင်ရာ အက်ဥပဒေနဲ့အညီ စုံစမ်းစစ်ဆေး ရေးကိစ္စရပ်များ ဆက်လက်ဆောင်ရွက်သွားဖို့ရန် သက်ဆိုင်ရာ စစ်ခုံရုံးကို လွှဲပြောင်းပြီး အရေးယူဆောင်ရွက်သွားမယ်ဟု ဆိုပါသည်။

စစ်ကောင်စီလက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်နေသော တပ်မတော်သား၊ ရဲဝန်ထမ်းများနှင့် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများအားလုံး ပြည်သူလူထုနှင့် တသားတည်းရပ်တည်ပြီး တော်လှန်ရေး အင်အားစုများနှင့် အမြန်ဆုံးပူးပေါင်းပါဝင်ကြရန် ထုတ်ပြန်ချက်မှာ အသိပေးနှိုးဆော်ထားပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...