ဒေသအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမှ သျှမ်း ကိုယ်စားလှယ်များ၏အသံ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့မှာ ဒေသအလိုက် နိုင်ငံရေးဆွေးနွေးပွဲမှာ ဧပြီလ ၂၃ ရက်ကနေ ၂၅ ရက်နေ့အထိ ကျင်းပနေပါတယ်။ သျှမ်းပြည်တွင်းမှာ သျှမ်းအမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲမကျင်းပ ရသေး ဘဲနဲ့ ဒေသအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ကျော်ပြီးကျင်းပတဲ့အတွက် ဆွေးနွေးပွဲတက်ရောက်တဲ့ သျှမ်းကိုယ်စားလှယ်တွေမြင်ပါသလဲ။ ဒီဆွေးနွေးပွဲကနေ သူတို့လိုချင်တဲ့ အမြင့်ဆုံးနိုင်ငံရေးရည်မှန်းချက် ကိုရောက်နိုင်မယ်လို့မြင်မိပါသလား နန်းဆိုင်ဖူးကနေ တွေ့ဆုံမေးမြန်း ထားပါတယ်။

“သူများတွေဘာလုပ်နေသလဲ ဘယ်လိုခြေလှမ်းနေသလဲဆိုတာ ကျနော်တို့သိဖို့လိုတယ်လို့မြင်တဲ့အတွက် ဒီဆွေးနွေးပွဲကိုလာတက်ရတာပါ။ ဒီဆွေးနွေးပွဲမှာဘယ်အဖွဲ့က ဘာစာတမ်းလာတင်သလဲ – ဒါတွေသိရင်ဘဲကျနော်တို့ဘာဆက်လုပ်ရမလဲဆိုတာ သိနိုင်မယ်လေ။ ဒါပေမယ့်အခုလို သျှမ်းပြည်တွင်းမှာ သျှမ်းအမျိုးသားအဆင့်ကမလုပ်ရသေးဘဲနဲ့ အခုလို အဆင့်ကျော်ပြီး ဆွေးနွေးပွဲကျင်းပတဲ့အတွက် ဒီဆွေးနွေးပွဲဟာ မပြည့်စုံဘူးလို့မြင်ပါတယ်။ သျှမ်းပြည်မှာဆိုရင် အမျိုးသားအဆင့်လုပ်ပြီးသွားတာက ပအို၀်းဘဲ ရှိတယ်လေ။ အမြင့်ဆုံးရည်မှန်းချက်ကဘာလဲဆိုတော့ ပါတီအနေနဲ့ကတော့ သျှမ်းလုထုရဲ့မျှော်လင့်ချက်က ပါတီရဲ့မျှော်လင့်ချက်ဘဲပေါ့နော်။ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ပေါ့။ ၁၉၄၇ သဘောတူညီချက်လက်မှတ်ရေးထိုးစဉ်က ခေါင်းဆောင်ကြီးတွေ မျှော်လင့် ချက်အတိုင်းပေါ့။ အဲဒီအတွက် ဒီကအချက်အလက်တွေကို ကောက်ယူပြီးတော့ လာမယ့် ဒုတိယအကြိမ် ငြိမ်းချမ်းရေးညီလာခံမှာ တင်ပြဖို့အတွက်ပါ ။ ဒီဆွေးနွေးပွဲအပေါ်ဘယ်လိုမြင်ပါသလဲဆိုတော့- အခုလို အဆင်သင့်မဖြစ်သေးတဲ့သူတွေကိုအသိမပေးဘဲနဲ့ အဆင်သင့်ဖြစ်တဲ့သူတွေက အခုလိုထလုပ်သွားတော့ တယောက်အပေါ်တယောက်မလေးစားရာရောက်ပါတယ်။ အနာဂတ်နိုင်ငံရေးမှာသျှမ်းပြည်သားတွေ သွက်လက်ချက်ချာရမယ်။ သူများထက်ဦးအောင်ကျယ်ကျယ်ပြန့်ပြန့်လေ့လာရမယ်လို့ပြောလိုပါတယ်။ ပြည်ထောင်စုအတွက်ဆိုတဲ့ရည်ရွယ်ချက်ခြင်းတူနေရင် ဘာဘဲလုပ်လုပ်တယောက်နဲ့ တယောက်တဖွဲ့နဲ့တဖွဲ့ အချိန်နှင့်အမျှ သတင်းအချက်အလက်တွေပို့ဆောင်ပြန်ကြားရမယ်။ တဖွဲ့နဲ့တဖွဲ့ လေးစားမှုရှိရမယ်။လက်တွဲဆောင်ရွက်ဖို့လိုပါတယ်။ ”

စိုင်းဦး RCSS/SSA ၏တောင်ကြီးဆက်ဆံရေးရုံးတာဝန်ခံ

“ကျနော်တို့ဒီဆွေးနွေးပွဲကိုလာတက်ရတာကတော့ ကျနော်တို့ဟာ NCA မှာလက်မှတ်ရေးထိုးပြီးတဲ့ အဖွဲ့ တဖွဲ့ဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ သျှမ်းအမျိုးသားအဆင့်မှာဘာမှမလုပ်ရသေးဘဲနဲ့ ဒီဆွေးနွေးပွဲဘာကြောင့်လာတက်ရသလဲဆိုတော့ ဒေသအလိုက်အမျိုးသားအဆင့်နိုင်ငံရေး ဆွေး နွေး ပွဲမှာ သူတို့ဘာတွေကိုဆွေးနွေးကြသလဲ ဆိုတာသိရအောင်လို့။ ဘယ်မြို့နယ် ဘယ်ဒေက ဘာတွေတင်ပြသလဲ ဆိုတာ သိရအောင်လို့။ ကျနော်တို့အတွက်ကတော့ ရည်ရွယ်ချက် ကြီးကြီးမားမား မထားပါဘူး။ ဘယ်ပါတီ ဘယ်ဒေသက ဘာကိုတင်ပြလာသလဲဆိုတာကို နားထောင်ဖို့ပါဘဲ။ အချိန်ကတော့ နီးကပ်လွန်းတဲ့အတွက် တင်ပြလာတာတွေကိုနားထောင်ကြည့် ရင် တချို့ဟာတွေကအရေးကြီးတဲ့ အချက်တွေပါပေမယ့် တချို့ဟာတွေကလည်း အလျင်အမြန် စီစဉ်ရတာကြောင့် ပြည့်စုံမှုမရှိဘူး။ တကယ်လို့အခေါက်ခေါက်အခါခါ စစ်ဆေးပြီးမှလာ တင်မယ်ဆိုရင်တော့ ပိုမိုပြည့်စုံလိမ့်မယ်လို့ယုံကြည် ပါတယ်။ ”

နန်းမြဦး တောင်ကြီးမြို့ SNLD ကျားခေါင်းပါတီအထွေထွေအတွင်းရေးမှူး

“သူတို့ဖိတ်လာလို့ကျမတို့လာတက်ရတာဖြစ်ပါတယ်။ ကျမတို့တင်ပြလိုတဲ့စာတမ်းတွေကို အစိုးရဆီ ရောက်အောင်ပေါ့ ။ သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမကျင်းပရသေး ဆိုပေမယ့် ကျမတို့တင်ပြခွင့်ရှိချိန်မှာ ကျမတို့တင်ပြချင်တဲ့အချက်အလက်တွေ တင်ပြနိုင် အောင်လို့ပါ။ အလွန်နီးကပ်မှဘဲ အကြောင်းကြားလာလို့ ပြည့်စုံတယ်လို့တော့မရှိပါဘူး။ ဘာကိုမျှော်လင့်လို့လာတက်သလဲဆိုတော့ ကျမတို့ကိုသူတို့ချပေးတဲ့နိုင်ငံရေး စီးပွါးရေး မြေယာနှင့်သဘာဝသယံဇာတ ဒီခေါင်းစဉ်တွေမှာကျမတို့အသံတွေပါသွားတယ်ဆိုတဲ့အချက်ကို ကျမတို့ ကျေနပ်တယ်။ နိုင်ငံရေးရဲ့အမြင့်ဆုံးရည်မှန်းချက်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ချင် တယ်။ ပြင်ပကနေ ပြင်ရမလား။ လွှတ်တော်ထဲဝင်ပြီးပြင်ရမလား။ ရတဲ့နည်းနဲ့ပြင်သွားမယ်။ ဒါကိုမပြင်ရရင်တော့ ပြည်သူလူထုအတွက်ဘာမှအကျိုးမရှိဘူး။ ဒါကြောင့်ဒီဟာ လုပ်နိုင်ဖို့ ကျမတို့ကြိုးစားသွားရမယ်။ ရည်မှန်းချက်အတိုင်းဖြစ်လာမလားဆိုတာကတော့ -အခုပြောနေတဲ့ဟာပေါ့။ သူတို့လုပ်နေတဲ့လုပ်ငန်းစဉ်မှာအဆင့်ဆင့်သွားမယ်ဆိုတာ။ ဒီဟာကိုဒီမှာတင်ပြပြီးရင် ပြည်ထောင်စုကိုရောက်သွားမယ်ဆိုတဲ့အတွက် ကျမတို့ဖြစ်ချင်တဲ့အချက်တွေ လုပ်ဖို့အခွင့်အလမ်း ရှိလာမလားလို့ပါ။ အဲ့ကြောင့်ကြိုးစားပြီးလုပ်ရမှာ။ ”

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အာဆီယံနှင့် UN ကြား တရားဝင်မှုရရှိရေး အာဏာသိမ်း သမ္မတ၏ ကစားကွက်

0
ယခု ဇူလိုင်လအတွင်း မြန်မာစစ်အစိုးရနှင့် ပတ်သက်ပြီး ဖြစ်ပေါ်လာသော သံတမန်ရေးရာ လှုပ်ရှားမှုများသည် ယခင်က ၎င်းတို့ကိုယ်တိုင် ကျင့်သုံးနေခဲ့သော ကာကွယ်ရေးကို ဦးတည်သည်ဆိုသည့် အထီးကျန်မူဝါဒများမှ လက်ရှိတွင် နိုင်ငံတကာ၏ တရားဝင်အသိအမှတ်ပြုမှု ရရှိနိုင်ရေးအတွက် စွန့်စားရသော်လည်း ပို၍ ရန်လိုသော ထိုးစစ်ဆင်မှုပုံစံအဖြစ်သို့ သိသိသာသာ ကူးပြောင်းလာနေသည်ကို မြင်နေရသည်။ ဗိုလ်ချုပ်မှူးကြီးအဖြစ်မှ...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

အာဏာသိမ်းသမ္မတ လာအိုခရီးစဉ်အပြီး မြန်မာ-လာအိုနယ်စပ်ဂိတ် ပြန်ဖွင့်

0
စစ်အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်သည် လာအိုနိုင်ငံကို ချစ်ကြည်ရေး ခရီးစဉ် ၃ ရက်ကြာသွားပြီးနောက် မြန်မာ-လာအိုနယ်စပ် ရေကြောင်းဖြတ်သန်းမှုကို (ဇူလိုင် ၁၆ ရက်)တွင် တရားဝင် ပြန်လည် ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၃ ရက်မှ ၅ ရက်အထိ စစ်အာဏာသိမ်း သမ္မတ...

တာချီလိတ်နယ်စပ် ပတ်စပိုစ့် ရှိသော်လည်း ဘတ်ထောင်ချီပေးမှ ဖြတ်သန်းခွင့်ရနေ

0
စစ်မှုထမ်းဥပဒေကြောင့် တာချီလိတ်မှတစ်ဆင့် ပြည်ပထွက်ခွာသူ များပြားလာပြီး တရားဝင် ပတ်စပိုစ့်ရှိသူများပင် စစ်ကော်မရှင်လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ထိုင်းငွေ ဘတ်ထောင်ချီ တောင်းခံမှုများရှိနေကြောင်း သတင်းရရှိသည်။ လက်ရှိ မြေပြင်ပေါက်ဈေးအရ အလည်အပတ် ပတ်စပိုစ့် (PV) ကိုင်ဆောင်သူများသည် တရားဝင်ဟု ဆိုသော်လည်း နယ်စပ်ဖြတ်ကျော်ရန် တံတားဖြတ်ခအဖြစ် ထိုင်းဘတ်ငွေ ၃,၀၀၀ ခန့်...

သတင်းထောက်ဖိနှိပ်မှုအဆိုးဆုံး တရုတ်နိုင်ငံမှ ထိုင်းရောက် ဂျာနယ်လစ်တစ်ဦးကို ပြန်လွှဲပေးရန် ဖိအားပေး

0
တရုတ်အစိုးရနှင့် ပတ်သက်သည့်သတင်းများကို စုံစမ်းဖော်ထုတ်ရေးသားခဲ့သည့် တရုတ်သတင်းထောက်တစ်ဦးအား ပြည်နှင်ဒဏ်ပေးပြီး ချက်ချင်းလွှဲပြောင်းပေးရန် တရုတ်အစိုးရက ထိုင်းနိုင်ငံကို ဖိအားပေးတောင်းဆိုလာကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြသည်။ တရုတ်ကွန်မြူနစ်ပါတီ အရာရှိကြီးများနှင့် ဒေသန္တရအစိုးရ တာဝန်ရှိသူများ ပါဝင်ပတ်သက်နေသည့် အကြီးစားခြစားမှုနှင့် ငွေကြေးလိမ်လည်မှု ကွန်ရက်ကို ဖော်ထုတ်ခဲ့သူ ဂျာနယ်လစ် ပိုင်ကျောက်တုန်း (Bai Zhaodong) အား...