ကျောက်မဲ ဂုတ်တွင်းလမ်းပိုင်းမှ စစ်ကောင်စီ အင်အား ဖြည့်တင်းနေ

သျှမ်းပြည် ကျောက်မဲမြို့တွင် ဂုတ်တွင်းလမ်းပိုင်းမှတဆင့် ကျောက်မဲမြို့အခြေစိုက် စစ်ကောင်စီတပ်များသို့ အင်အားအများအပြား ဖြည့်တင်းနေကြောင်း စုံစမ်းသိရသည်။

ဂုတ်တွင်း

ပြင်ဦးလွင်မြို့မှ ထိုးစစ်ဆင်ရန် အင်အားဖြည့်တင်းလာသည့် စစ်ကား အစီး ၄၀ ကျော်နှင့် သံချပ်ကာ ၁ စီး ပါဝင်သော စစ်ကောင်စီယာဉ်တန်းသည် ဂုတ်တွင်းလမ်းပိုင်းမှတဆင့် ယမန်နေ့ (နိုဝင်ဘာ ၁၉ ရက်) ည ၈ နာရီခန့်တွင် ကျောက်မဲမြို့တွင်းသို့ဖြတ်၍ ခမရ-၅၀၁/၅၀၂ တပ်သို့ ဝင်ရောက်သွားကြောင်း ကျောက်မဲဒေသခံများက ပြောသည်။

“နောင်ချိုကနေ ဂုတ်တွင်းဖြတ်ပြီး သူတို့ စစ်ကားတွေ အများကြီး ကျောက်မဲထဲကို ဖြတ်ဝင်လာတယ်။ ညဦးပိုင်းလောက် ဝင်လာတာ များတယ်။ သူတို့ ညမိုးချုပ်မှ မီးပိတ်ပြီးတော့ အဖွဲ့လိုက် ဝင်လာတာ။ ကြားထဲမှာ ကုန်ကားတွေ ညပ်ပြီးတော့ အစီး ၄၀ ကျော်လောက်ရှိမယ် လာတာ သံချပ်ကာ ၁ စီးကော ပါတာ။ ခမရ-၅၀၁/၅၀၂ တပ်ထဲကို ၈ နာရီကျော်လောက် ဝင်သွားကြတယ်”ဟု ကျောက်မဲဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ (နိုဝင်ဘာ ၁၉ ရက်) ည ၆ နာရီခန့်မှစ၍ ကျောက်မဲမြို့တွင်းသို့ ဝင်ရောက်လာသော စစ်ကောင်စီယာဉ်တန်းတွင် သံချပ်ကာယာဉ် ၁ စီး အပါအဝင် စစ်သည်အပြည့် တင်ဆောင်လာသော ကားများနှင့် မိုးကာအလုံပိတ်ကာ လက်နက်ခဲယမ်းများ တင်ဆောင်လာသည်ဟု ယူဆရသည့် ကားများ စုစုပေါင်း အစီး ၄၀ ကျော် ပါဝင်ကြောင်း ၎င်းကျောက်မဲဒေသခံက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

နောင်ချို-ကျောက်မဲအကြားရှိ ဂုတ်တွင်းလမ်းပိုင်းကို နိုဝင်ဘာ လဆန်းပိုင်းမှ စ၍ TNLA နှင့် မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့တို့က ထိန်းချုပ်ထားခဲ့ပြီး စစ်ကောင်စီတပ်မှ လေကြောင်းစစ်ကူဖြင့် အပြင်းအထန် ပြန်လည်တိုက်ခိုက်ခဲ့ရာ ၃ ပတ်ခန့်အကြာတွင် ကျောက်မဲမြို့တွင်းသို့ ယခုကဲ့သို့ စစ်ကောင်စီယာဉ်တန်းများ ရောက်ရှိလာခြင်းဖြစ်သည်။

“ဂုတ်တွင်းကနေ မနေ့ကစစ်ကားတွေ အများကြီး ဖြတ်လာပြီဆိုတော့ ကားသေးတွေလဲ သွားလို့ရလောက်ပြီ။ လမ်းကတော့ မနေ့က ညနေပိုင်းလောက်ကတည်းက ပြင်ပြီးပြီပြောတယ်။ နောင်ပိန်လမ်းခွဲလောက်ကနေ အဲ့မှာစောင့်တဲ့ စစ်သားတွေက မဖွင့်ပေးသေးတာ။ တိုက်ပွဲအခြေအနေက လောလောဆယ်တော့ ငြိမ်နေပါသေးတယ်”ဟု ကျောက်မဲ-မန္တလေး ခရီးစဉ် ပြေးဆွဲနေသည့် ကားသမားတစ်ဦးက ဂုတ်တွင်းလမ်းပိုင်း အခြေအနေကို သျှမ်းသံတော်ဆင့်သို့ ပြောသည်။

နိုဝင်ဘာ လဆန်းပိုင်းမှ စ၍ ပြင်ဦးလွင်မြို့မှ ထိုးစစ်ဆင်ရန် အင်အားဖြည့်တင်းလာသော စစ်ကောင်စီယာဉ်တန်းကို နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲနှင့် ရွှေညောင်ပင်ကျေးရွာတို့တွင် TNLA နှင့် မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့တို့ ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်၏ သံချပ်ကာ ၁ စီးကို ဖျက်စီးနိုင်ခဲ့ပြီး ဆမ္မဆယ်ကျေးရွာအုပ်စုမှ စစ်ဘေးရှောင်ဦးရေ ၂၅၀၀ ကျော်သည် ဘန့်ဘွေး၊ သုံးဆယ်၊ အင်းဝိုင်းရှိ ကျေးရွာဘုန်းကြီးကျောင်းများနှင့် ပြင်ဦးလွင်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင် နေကြကြောင်း သိရသည်။

အလားတူ စစ်ကောင်စီတပ်၏ ၎င်းယာဉ်တန်းသည် ကျောက်မဲ၊ သီပေါ၊ လားရှိုးမြို့များသို့ ချီတက်နိုင်ရန်အတွက် ဂုတ်တွင်းလမ်းပိုင်းကို လေကြောင်းပစ်ကူဖြင့် အစွမ်းကုန် ထိုးဖောက်ခဲ့ရာ TNLA ၊ မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့တို့နှင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်တွင် စစ်ဘေးရှောင် ၁၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...