ကရင်နီ (ကယား) သို့ ပို့ဆောင်မည့် လက်နက်ခဲယမ်း ပင်လုံမြို့တွင် အများအပြား သိမ်းဆည်းရမိ

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ ပန်မုန့်အုပ်စုအတွင်း ကရင်နီပြည်သို့ ပို့ဆောင်မည့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက ယနေ့ နိုဝင်ဘာ (၁၇) ရက် မှာ ထုတ်ပြန်ထားသည်။

အဆိုပါ လက်နက်ခဲယမ်းများကို နိုဝင်ဘာ (၁၆) ရက်တွင် ပင်လုံမြို့ ပန်မုန့်အုပ်စု ဝမ်လွယ်တပ်ကျေးရွာရှိ ပေတူး (ခ) မာရီယာနို နေအိမ်ခြံဝင်းအတွင်းရှိ ဂိုထောင်အဆောက်အဦးထဲ ကရင်နီ (ကယား) ပြည်ရှိ တိုင်းရင်းသားလက်နက်ကိုင်များဖြစ်ကြသည့် KNPP နှင့် PDF တို့ကို ပို့ဆောင်ပေးမည့် လက်နက်များဖြစ်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ

“အဲကြောင့် ဒီနေ့ စစ်သားတွေ လွိုင်လင်ဘက် လက်နက်တွေ အပြည့်သယ်သွားတာ တွေ့ရတယ်။ ၁၂ ဘီးကား နဲ့ စစ်သားအပြည့်ပဲ” ဟု ပင်လုံဒေသခံ တစ်ဦး ကပြောသည်။

လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသည့် တရားခံ (၆) ဦးကို ဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဟုလည်း ဖော်ပြထားသည်။

ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ

“လွိုင်လင်ဘက်မှာလည်း စစ်သားတွေ၊ ရဲတွေ သွားလာနေတာ ရှုပ်နေတာပဲ။ ကြည့်ရတာ စစ်ဆေးမှုတွေ ပြုလုပ်နေတာထင်တယ်။” ဟု လွိုင်လင်ဒေသခံ တစ်ဦး ကပြောသည်။

စစ်ကောင်စီမှ ဖမ်းဆီးရမိသည့် လက်နက်များမှာ RPG ဒုံးပစ်လောင်ချာ ၁၂ လက်၊ တရုတ် စက်လတ် ၉ လက်၊ Type – 81 မောင်းပြန်ရိုင်ဖယ် ၁၀၉ လက်၊ စုစုပေါင်း လက်နက်မျိုးစုံ ၁၃၀ လက်၊ RPG ဒုံးသီး ၁၀၆ လုံး၊ စုစုပေါင်း ဗုံးသီးမျိုးစုံ ၇၆၃၂ လုံး၊ ၇.၆၂ ကျည် ၁၃၆၇၀ တောင့်၊ ၁၀၇ မမ စနက်အုံ ၁၀၀ ခု၊ လက်နက်ငယ်ပြောင်း အပို ၅၀၀ ချောင်း၊ ကျည်အိမ်မျိုးစုံ ၁၈၂၉ ခု၊ TNT ယမ်း ၉၅၀ ကီလိုဂရမ်၊ အမိုနီယမ် နိုက်ထရိတ် ၂၀၀ ကီလိုဂရမ်၊ Equipment ၂၀၀၀ စုံ ၊ Canter အမျိုးအစား (လိုင်စင်မဲ့) ၆ ဘီးယာဥ် ၃ စီး၊ Ford အမျိုးအစား (လိုင်စင်မဲ့) မော်တော်ယာဥ် ၁ စီး နှင့် Vigo အမျိုးအစား (လိုင်စင်မဲ့) ၁ စီး တို့သိမ်းဆည်းရမိကြောင်း စကစ ကထုတ်ပြန်ထားသည်။

ကရင်နီ(ကယား) ပြည်မှာ KNDF တို့ ပူးပေါင်းတပ်ဖွဲ့တို့ ဖော်ဆောင်သည့် ၁၁.၁၁ စစ်ဆင်ရေးသည် လွိုင်ကော်မြို့အတွင်း စစ်ကောင်စီ နှင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး ကရင်နီဘက်မှ စစ်ရှောင်များ သျှမ်းတောင်သို့ ခိုလှုံခွင့် မပြုကြောင်းလည်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...