နမ့်ဖတ်ကာ လက်နက်ကြီးကျရောက်ပေါက်ကွဲ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (နိုဝင်ဘာလ ၁၆ ရက်) နံနက် ၆ နာရီဝန်းကျင်မှစပြီး ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာ ရပ်ကွက် ၆ အတွင်းသို့ လက်နက်ကြီး ရုတ်တရက် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ လက်နက်ကြီးကျည်ထိ၍ ဝမ်းဗိုက်ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းကိုသွားရောက် ကူညီခဲ့သည့် မေတ္တာရှင် လူမှုကူညီရေးအသင်းမှ လူမှုကွန်ရက်စာမျက်နှာပေါ်၌ ရေးသားဖော်ပြထားသည်။

ထိုထိခိုက်ဒဏ်ရာရသူ အမျိုးသမီးတစ်ဦးကိုလည်း မူဆယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဆိုသည်။

အလားတူ ကွတ်ခိုင်မြို့နယ် ဒေသခံအမျိုးသမီးတစ်ဦးက “ ဒီနေ့ မနက် ၆နာရီ ကစပြီး နမ့်ဖတ်ကာမှာ လက်နက်ကြီးတွေနဲ့ပဲ ပစ်နေတယ်။ နေ့လယ် ၂ နာရီထိ ပစ်နေတာ။ လက်နက်ကြီးကျလို့ လယ်တောမှာ အိပ်နေတဲ့ နွား ၅ ကောင် သေတယ်ပြောတယ် “ ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းလက်နက်ကြီးများသည် နမ့်ဖတ်ကာ အခြေစိုက် စစ်တပ်မှ ရမ်းသမ်းပစ်ခတ်သော လက်နက်ကြီးများ ဖြစ်ကြောင်း ဆိုသည်။

ပြီးခဲ့သည့် (အောက်တိုဘာလ ၂၇ ရက်)တွင်လည်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ ရပ်ကွက် ၄ အတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၂ ဦးသေဆုံးပြီး၊ ၅ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိသည်။

ဒေသခံတစ်ဦးက “ အခုကတော့ ဘယ်သူမဆိုကိုယ့်အိမ်မှာပဲ ပုန်းအောင်းပြီး မိသားစုတွေနဲ့နေကြတယ်။ အလုပ်ဆင်းတဲ့ လူတွေလည်းရှိတယ်။ အခုက စပါး၊ ပြောင်းတွေလည်း ရှိသေးတယ်ဆိုတော့ သွားသိမ်းတဲ့သူလည်း သွားသိမ်းကြတာပေါ့။ သေနတ်သံကြားတာနဲ့ အလုအယက်လုပ်နေကြရတာ “ ဟု ထပ်လောင်းပြောသည်။

သျှမ်းမြောက်ဒေသတွင် (အောက်တိုဘာလ ၂၇ ရက်)မှ (နိုဝင်ဘာလ ၁၁ ရက်) အထိ “ ၁၀၂၇ စစ်ဆင်ရေး “ ကြောင့် တိုက်ပွဲအတွင်း ကလေးငယ်အပါအဝင် အရပ်သား ၃၇ ဦး သေဆုံးပြီး၊ ၆၅ ဦး ထိခိုက်ဒဏ်ရာ ရရှိပြီ ဖြစ်ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့နယ်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် တရုတ်နိုင်ငံသားများ ဖမ်းဆီးရမိ

0
စိုင်းဆိုင်အိုက်၊ ၂၀၂၆ ဩဂုတ်လ ၈ ရက် ရွှေတြိဂံဟု နာမည်ကြီးသည် မြန်မာ-ထိုင်း-လာအိုနယ်စပ် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသားများကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ သြဂုတ် ၆ရက် မနက်ပိုင်းတွင် တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)အုပ်စု၊ဝှေလေလန် ပူးပေါင်းစစ်ဆေးရေးဂိတ်အနီးရှိ ရှောင်ကွင်းလမ်းတွင် မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့်...

ထိုင်းရောက် အာဏာသိမ်းသမ္မတနှင့် စစ်ရာဇဝတ်မှု စွပ်စွဲချက်များ

0
အာဏာသိမ်း သမ္မတ၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းအစိုးရက လက်ခံတွေ့ဆုံမှုကို ထိုင်းအရပ်ဘက်အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်ဖြစ်ခဲ့ပြီး ၎င်းကိုယ်တိုင် စီစဉ်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများမှ သမ္မတဖြစ်လာသူ ဦးမင်းအောင်လှိုင်၏ ထိုတွေ့ဆုံမှုသည် စစ်အာဏာသိမ်းမှုကို နိုင်ငံရေးအရ တရားဝင်မှု ပေးအပ်ရာရောက်ပြီး မြန်မာပြည်သူများ...

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

မြန်မာ အာဏာသိမ်း သမ္မတ ထိုင်းလွှတ်တော်သို့ ရောက်ရှိစဉ် ထိုင်းလွှတ်တော်အမတ်တစ်ဦး အော်ဟစ် ဆန္ဒပြ

0
ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင် ယနေ့ ဩဂုတ်လ ၇ ရက် (သောကြာနေ့) က ထိုင်းလွှတ်တော်သို့ ရောက်ရှိလာစဉ် ထိုင်းလွှတ်တော်အမတ်တစ်ဦးက "ငြိမ်းချမ်းရေးအတွက်၊ လူသားချင်းစာနာမှုအတွက်" (For peace, for humanity) ဟု ကျယ်လောင်စွာ ကြွေးကြော်၍ ပြင်းပြင်းထန်ထန်...