ကိုးကန့်စီးပွားရေးလုပ်ငန်းရှင်လေးဦး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးမှ ဖမ်းဝရမ်းထပ်ထုတ်။

တရုတ်နိုင်ငံဘက်မှ အလိုရှိနေသည့် ကိုးကန့်စီးပွားရေး လုပ်ငန်းရှင် လေးဦးကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးမှလည်း နိုဝင်ဘာလ ၁၅ရက်နေ့က ထပ်မံ၍ ဖမ်းဝရမ်းထုတ်လိုက်ကြောင်း ထုတ်ပြန်ချက်အရ စုံစမ်းသိရှိရသည်။

တရုတ်_ မြန်မာ နယ်စပ်ဒေသတစ်ခုဖြစ်သော သျှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဖြစ်ပွားနေသည့် အွန်လိုင်းလိမ်လည်မှုများ၊ လူပြန်ပေးဆွဲမှုများ၊‌ေခြာက်လှန့်ငွေတောင်းရန် ဂိုဏ်းဖွဲ့ထားမှုများ အပါအဝင် တရားမဝင်ဖမ်းဆီးချုပ်နှောင်ထားမှုများကို ကျူးလွန်နေသော ကိုးကန့်စီးပွားရေးလုပ်ငန်းရှင်လေးဦးကို ဥပဒေအရအရေးယူနိုင်ရန်ဟုဆိုကာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးကပါ ဖမ်းဝရမ်းထုတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“အဲ့ဒိ သူတို့ အလိုရှိနေတဲ့ လေးဦးက မိသားစုဝင်တွေ၊မင်ရှောက်ချမ်က အဖေ၊ကျန်တာ သူ့သားသူ့သမီးသူ့မြေး၊ အရင်က ကိုးကန့်ခေါင်းဆောင်လုပ်ခဲ့ဖူးသေးတယ် သူတို့ဘယ်မှာရှိနေလဲဆိုတာ ဖမ်းဝရမ်းထုတ်ကြတဲ့သူတွေက ပိုသိပါလိမ့်မယ်”ဟု လားရှိုးမြို့နေ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးမှ ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ရက်နေ့က တရုတ်ပြည်သူ့ရေးရာ လုံခြုံရေးဝန်ကြီးဌာနက အဆိုပါလေးဦးကို အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်ရာတွင် တရုတ်နိုင်ငံသားများကို အဓိကပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ ရာဇဝတ်မှုများကို ကျူးလွန်ထားသော အဖွဲ့ဟု သံသယဖြစ် ဖမ်းဝရမ်းထုတ်ကာ သတင်းပေးသူများကို ဆုကြေးငွေ ယွမ် တစ်သိန်းမှ ယွမ် ငါးသိန်းအထိ ချီးမြှင့်ဟုလည်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ၁၄ရက်ကလည်း တရုတ်ပြည်သူ့ရေးရာလုံခြုံရေးဝန်ကြီးဌာနမှ အကြီးအကဲများအပါအဝင် တရုတ်အစိုးရခေါင်းဆောင်ပိုင်းတချို့ မြန်မာစစ်ကောင်စီအဖွဲ့နှင့် လာရောက်တွေ့ဆုံပြီး သျှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော တိုင်းရင်သားလက်နက်ကိုင်အဖွဲ့များနှင့် ပဋိပက္ခများကို ရပ်စဲပြီး တည်ငြိမ်အေးချမ်းစေရန် အမြန်ဆုံးတွေ့ဆုံဆွေးနွေးကြစေလိုသည်ဟု တိုက်တွန်းပြောဆိုသွားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လဲချားမြို့နယ်တွင် သုံးနှစ်ခန့် လည်ပတ်ခဲ့သည့် ကျားဖြန့်များထဲမှ ၃၄ ဦးသာ ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်တွင် ၂၀၂၄ ခုနှစ်ဝန်းကျင်ကတည်းက လည်ပတ်နေသည့် အွန်လိုင်းလိမ်လည်လောင်းကစား ကျားဖြန့်လုပ်ငန်းမှ တရုတ်နိုင်ငံသား ၃၄ ဦးကို (ဩဂုတ်လ ၁၀ ရက်)တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ လဲချားမြို့နယ် ဆီးဆောကျေးရွာအနီး တောတွင်းရှိ မိုးကာတဲများအတွင်း ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား အမျိုးသား ၃၄...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...

ကလောမြို့ ရေကြီးနေ ၊ ရေဘေးအတွက် အရေးပေါ် စားဝတ်နေရေးလိုအပ်

0
မြန်မာတဝှမ်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့်နေရာအနှံ့ ရေကြီးမှုဖြစ်ပွာနေပြီး ထိုထဲတင် တောင်ပေါ်ဒေသ ကလောမြို့လည်း အပါအဝင်ဖြစ်သည်။​ ယမန်နေ့ ဩဂုတ်လ (၁၀) ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကလောချောင်းရေ လျှံ၍ ကလောမြို့ ရပ်ကွက် (၁၊၂၊၃၊၄) ဘက်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သောကြောင့် လူဦးရေ ၂၀၀ ကျော် ရေဘေးသင့်၍ ဘေးလွတ်ရာသို့...

သေနတ်ပုံ ဖုန်းကာဗာ ကိုင်လာသည့် သံဃာကြောင့် ဆေးရုံမှ လူနာများ အထိတ်တလန့်ဖြစ်

0
ထိုင်းနိုင်ငံ၊ ချိုင်နတ်ခရိုင်ရှိ Chai Nat Narenthorn Hospital ၌ ယနေ့ (ဩဂုတ် ၁၀ ရက်) ဆေးဝါးထုတ်ယူသည့် နေရာတွင် ဆေးစောင့်ယူနေသည့် သံဃာတစ်ပါး၏ သင်္ကန်းအတွင်းမှ သေနတ်ပုံစံ အရာတစ်ခု ပြူးထွက်နေသည်ကို တွေ့ခဲ့သဖြင့် ဆေးရုံလာရောက်ပြသသည့် လူနာများ အထိတ်တလန့် ဖြစ်ပွားခဲ့ကြောင်း...