လားရှိုးမြို့နယ် စစ်ရှောင်များကို SSPP နှင့် RCSS တပ်ဖွဲ့တို့ ဆန်နှင့် အလှူငွေ ကူညီထောက်ပံ့

ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်ကောင်စီတပ်အပေါ် ဆင်နွှဲနေသည့် “၁၀၂၇ စစ်ဆင်ရေး”ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် လားရှိုးမြို့မှ စစ်ဘေးရှောင်ပြည်သူများအတွက် သျှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်ဖွဲ့ နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့တို့က စားနပ်ရိက္ခာအတွက် ဆန် နှင့် အလှူငွေများ ကူညီထောက်ပံ့ခဲ့ကြောင်း သိရသည်။

ယမန်နေ့ (နိုဝင်ဘာလ ၆ ရက်) တွင် သျှမ်းပြည်တိုးတက်ရေးပါတီ/ သျှမ်းပြည်တပ်မတော် (SSPP/SSA) ဗဟိုဌာနချုပ်မှ လားရှိုးမြို့နယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာ အကူအညီအဖြစ် ဆန်အိတ်ပေါင်း (၁၆၀) အိတ်ကို ကူညီပေးခဲ့သည်ဟု SSPP တပ်ဖွဲ့၏ သတင်း နှင့် ပြန်ကြားရေးဌာနက ယနေ့ (နိုဝင်ဘာ ၇ ရက်) တွင် သတင်းထုတ်ပြန်ထားသည်။

စစ်ရှောင်များကို စားနပ်ရိက္ခာထောက်ပံ့

ပြီးခဲ့သည့် နိုဝင်ဘာလဆန်းပိုင်းက သိန္နီမြို့နယ် နှင့် ကျောက်မဲမြို့နယ်ရှိ ဘုန်းကြီးကျောင်းများတွင် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များ စားနပ်ရိက္ခာအတွက် ဆန်နှင့်ဆီ တို့ကို SSPP တပ်ဖွဲ့ တာဝန်ရှိသူများက သွားရောက်လှူဒါန်းခဲ့သည်ဟု သိရသည်။

ကျန်ရှိနေသေးသည့် သျှမ်းပြည်မြောက်ပိုင်း မြို့နယ်အသီးသီးမှ စစ်ဘေးရှောင် ပြည်သူများအတွက်လည်း SSPP တပ်ဖွဲ့မှ တာဝန်ရှိသူများ စာရင်းပြုစုပြီး အတတ်နိုင်ဆုံး လိုအပ်သည့် အကူအညီများ ပေးအပ်သွားမည်ဟု ထုတ်ပြန်ထားသည်။

အလားတူ လွန်ခဲ့သည့် အောက်တိုဘာလ ၃၁ ရက်တွင်လည်း သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် မှ လားရှိုးမြို့နယ် မန်ဆူသျှမ်းကျောင်းတွင် စစ်ဘေးရှောင်နေရသည့် ပြည်သူများအတွက် အလှူငွေ ကျပ်သိန်း ၁၀၀ ကို ကူညီထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။

“စဝ်ယွက်စစ် ဦးဆောင်ပြီးတော့ RCSS တပ်ရင်းတပ်ဖွဲ့တွေက စစ်သားတွေ စုပေါင်းပြီး လားရှိုးမြို့ မန်ဆူသျှမ်းကျောင်းမှာ ရောက်ရှိနေကြတဲ့ စစ်ဘေးရှောင်တွေအတွက် အလှူငွေ ကျပ်သိန်း ၁၀၀ ကို ကူညီထောက်ပံ့ပါတယ်”ဟု RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် ရင်းနှီးသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ခိုက်နေသည့် “၁၀၂၇ စစ်ဆင်ရေး”ကြောင့် သျှမ်းပြည်မြောက်ပိုင်း မြို့နယ် (၁၂) ခုတွင် စစ်ဘေးရှောင်ဦးရေ ၃ သောင်းကျော်အထိ ရှိလာပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အမျိုးသမီးများအတွက် တစ်ကိုယ်ရေသုံး ပစ္စည်းများ၊ ကလေးငယ်များအတွက် အဝတ်အထည်များ စသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အလျင်အမြန် အရေးပေါ်လိုအပ်နေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

လားရှိုးမြို့နယ် နမ့်ပေါင်ဒေသ ရေကြီး လယ်ယာများ ပျက်စီး၊ နေအိမ်ရေနစ်မြှုပ်

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေမြင့်တက်ကာ လယ်ကွက်များ၊ လမ်းများနှင့် နေအိမ်အချို့အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) ညပိုင်းမှ ယနေ့ (ဩဂုတ်လ ၄ ရက်) နံနက်ပိုင်းအထိ နမ့်ပေါင်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက်...