Wednesday, January 28, 2026

လားရှိုးမြို့နယ် စစ်ရှောင်များကို SSPP နှင့် RCSS တပ်ဖွဲ့တို့ ဆန်နှင့် အလှူငွေ ကူညီထောက်ပံ့

ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်ကောင်စီတပ်အပေါ် ဆင်နွှဲနေသည့် “၁၀၂၇ စစ်ဆင်ရေး”ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် လားရှိုးမြို့မှ စစ်ဘေးရှောင်ပြည်သူများအတွက် သျှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်ဖွဲ့ နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့တို့က စားနပ်ရိက္ခာအတွက် ဆန် နှင့် အလှူငွေများ ကူညီထောက်ပံ့ခဲ့ကြောင်း သိရသည်။

ယမန်နေ့ (နိုဝင်ဘာလ ၆ ရက်) တွင် သျှမ်းပြည်တိုးတက်ရေးပါတီ/ သျှမ်းပြည်တပ်မတော် (SSPP/SSA) ဗဟိုဌာနချုပ်မှ လားရှိုးမြို့နယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာ အကူအညီအဖြစ် ဆန်အိတ်ပေါင်း (၁၆၀) အိတ်ကို ကူညီပေးခဲ့သည်ဟု SSPP တပ်ဖွဲ့၏ သတင်း နှင့် ပြန်ကြားရေးဌာနက ယနေ့ (နိုဝင်ဘာ ၇ ရက်) တွင် သတင်းထုတ်ပြန်ထားသည်။

စစ်ရှောင်များကို စားနပ်ရိက္ခာထောက်ပံ့

ပြီးခဲ့သည့် နိုဝင်ဘာလဆန်းပိုင်းက သိန္နီမြို့နယ် နှင့် ကျောက်မဲမြို့နယ်ရှိ ဘုန်းကြီးကျောင်းများတွင် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များ စားနပ်ရိက္ခာအတွက် ဆန်နှင့်ဆီ တို့ကို SSPP တပ်ဖွဲ့ တာဝန်ရှိသူများက သွားရောက်လှူဒါန်းခဲ့သည်ဟု သိရသည်။

ကျန်ရှိနေသေးသည့် သျှမ်းပြည်မြောက်ပိုင်း မြို့နယ်အသီးသီးမှ စစ်ဘေးရှောင် ပြည်သူများအတွက်လည်း SSPP တပ်ဖွဲ့မှ တာဝန်ရှိသူများ စာရင်းပြုစုပြီး အတတ်နိုင်ဆုံး လိုအပ်သည့် အကူအညီများ ပေးအပ်သွားမည်ဟု ထုတ်ပြန်ထားသည်။

အလားတူ လွန်ခဲ့သည့် အောက်တိုဘာလ ၃၁ ရက်တွင်လည်း သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် မှ လားရှိုးမြို့နယ် မန်ဆူသျှမ်းကျောင်းတွင် စစ်ဘေးရှောင်နေရသည့် ပြည်သူများအတွက် အလှူငွေ ကျပ်သိန်း ၁၀၀ ကို ကူညီထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။

“စဝ်ယွက်စစ် ဦးဆောင်ပြီးတော့ RCSS တပ်ရင်းတပ်ဖွဲ့တွေက စစ်သားတွေ စုပေါင်းပြီး လားရှိုးမြို့ မန်ဆူသျှမ်းကျောင်းမှာ ရောက်ရှိနေကြတဲ့ စစ်ဘေးရှောင်တွေအတွက် အလှူငွေ ကျပ်သိန်း ၁၀၀ ကို ကူညီထောက်ပံ့ပါတယ်”ဟု RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် ရင်းနှီးသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ခိုက်နေသည့် “၁၀၂၇ စစ်ဆင်ရေး”ကြောင့် သျှမ်းပြည်မြောက်ပိုင်း မြို့နယ် (၁၂) ခုတွင် စစ်ဘေးရှောင်ဦးရေ ၃ သောင်းကျော်အထိ ရှိလာပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အမျိုးသမီးများအတွက် တစ်ကိုယ်ရေသုံး ပစ္စည်းများ၊ ကလေးငယ်များအတွက် အဝတ်အထည်များ စသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အလျင်အမြန် အရေးပေါ်လိုအပ်နေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

သီပေါ-မိုင်းရယ် စစ်တပ် ဆက်တိုက်ဖမ်းဆီးနေသည့် မူးယစ်ဆေးဝါးအမှု တရားခံမပေါ်သေး

0
သျှမ်းပြည် သီပေါနှင့် မိုင်းရယ်မြို့နယ်တွင် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာများနှင့် အသုံးပြုသည့် ပစ္စည်းများကို စစ်ကော်မရှင်ဘက်မှ ဆက်တိုက်ရှာဖွေ ဖမ်းဆီးနေသော်လည်း တရားခံ မပေါ်သေးကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၈) ရက်မှ စတင်ပြီး သီပေါမြို့နယ် နမ့်လန်မြို့တဝိုက်နှင့် မိုင်းရယ်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်မှ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်သည့်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...