သီပေါတုံစင့်ဘိုးဘိုးကြီး နတ်နန်းတွင် စစ်ကောင်စီမှ ပွဲထိုးဆုတောင်း ယတြာချေနေ။

သျှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီအရာရှိများနှင့် ရဲဘော်တွေ တိုက်ပွဲတွင် သေဆုံးမှုနှင့်စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရမှုများ များပြားနေသည့်အတွက် သီပေါမြို့နယ် တုံစင့်ဘိုးဘိုးကြီး နတ်နန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အသက်အန္တရာယ် ဘေးကင်းရှင်းရေးအတွက် ပွဲထိုး ဆုတောင်း ယတြာချေနေသည်ဟု ဒေသခံများထံကနေ သိရပါသည်။

သီပေါတုံစင့်ဘိုးဘိုးကြီး နတ်နန်း

သီပေါမြို့ မြောက်ဘက် တုံစင့်ကျေးရွာ နမ္မတူ-နမ့်ဆန်သွားကားလမ်းဝဲဘက်ရှိ တုံစင့်ဘိုးဘိုးကြီး နတ်နန်းကို အောက်တိုဘာ၂၉ရက်တွင် ကျောက်မဲမြို့ ခမရ ၅၀၂နှင့် ဗိုလ်ကြီးနိုင်ဖြိုးလင်းအတွက်၊အောက်တိုဘာ ၃၁ရက်နေ့တွင် ခမရ ၅၀၃နှင့်ကွတ်ခိုင် ၄၅တပ်ရင်းအတွက် အသက်အန္တရယ်ဘေးကင်းရန် တပ်မိသားစုနှင့် တပ်အသိုင်းအဝိုင်း‌တွေက လာရောက်ပွဲထိုးထားခဲ့ခြင်းဖြစ်သည်။

“ရွာတွေထဲကို ကားတွေနဲ့ ရောက်လာကြတာ စစ်တွေဖြစ်နေပါတယ်ဆို ဘယ်သူတွေလဲဆိုပြီး ရွာထဲ စပ်စုကြည့်မှ စစ်သားမိသားစု မိန်းမ တွေက စစ်သားတွေဘေးကင်းဖို့ ဘိုးဘိုးကြီးဆီ ကန်တော့ပွဲလာတင်တာလို့ ပြောကြတာဘဲ ပွဲလည်းထိုးပြီးတော့ ကားတွေနဲ့ နေ့တွင်းချင်းပြန်သွားကြတာပဲ”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

သီပေါတုံစင့်ဘိုးဘိုးကြီး နတ်နန်း

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က အောက်တိုဘာလ ၂၇ ရက်ကစတင်ပြီး ၁၀၂၇ စစ်ဆင်ရေးဆင်နွှဲကာ သျှမ်းပြည်မြောက်ပိုင်းရှိ စခန်း ၁၀၀ နီးပါး သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီ သေဆုံးကြောင်းနှင့် စစ်သုံ့ပန်းများကိုလည်း ဖမ်းဆီးရရှိတဲ့အပြင် လက်နက်ခဲယမ်းများ သံချပ်ကာနှင့်တင့်ကား ၆ စီးကိုပါ သိမ်းဆည်းမိခဲ့သည်ဟု ညီနောင်မဟာမိတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

စစ်ဆင်ရေး ၇ ရက် ကာလအတွင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးမှုများနှင့် ဖမ်းဆီးခံရခြင်းများ များပြားလာခဲ့သည့်အတွက် ယခုလို ဘိုးဘိုးကြီး နတ်နန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အသက်အန္တရာယ် ဘေးကင်းရှင်းစေရေးအတွက် ပွဲထိုးဆုတောင်း ယတြာချေမှုများကို စစ်တပ်အသိုင်းအ၀ိုင်းက လုပ်ဆောင်ပေးခဲ့တာဖြစ်သည်။

ကုန်းဘောင်ခေတ် သီပေါ စော်ဘွား ကိုးဆက်မြောက်၏ ညီဖြစ်သူ ပေါပန်ဟာ တုံစင့်ဘိုးဘိုးကြီးအဖြစ် ဒေသကို စောင့်ရှောက်လျက်ရှိသည်ဟု အဆိုပါနတ်နန်းမှာ ရှိသည့် တုံစင့်ကျောက်စာမှာ ရေးသားဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...