ကျောက်မဲနှင့် နောင်ချိုတွင် လက်နက်ကြီးဖြင့် ပစ်ခတ်၊ စစ်တပ်မှ လေယာဉ်ဖြင့် တိုက်ခိုက်

သျှမ်းပြည် ကျောက်မဲခရိုင် ကျောက်မဲမြို့နှင့် နောင်ချိုမြို့ရှိ စစ်တပ်စခန်းအနီး လက်နက်ကြီး ပစ်ခတ်သံများ အဆက်မပြတ် ကြားနေရပြီး စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ကျောက်မဲမြို့

ယနေ့ ( နိုဝင်ဘာလ ၁ ရက် ) နံနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် ကျောက်မဲမြို့ရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း အမှတ် (၅၀၁/၅၀၂) အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ အဆက်မပြတ်ကြားနေရပြီး ငြိမ်းချမ်းရေးကုန်းတွင်လည်း ပစ်ခတ်သံများ ကြားနေရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ လက်နက်ကြီးအသံက အဆက်မပြတ် တစ်လုံးပြီးတစ်လုံး ကြားနေရတာ ၁၀ လုံးလောက်ရှိပြီ။ မြေတွေတောင် တုန်တယ်။ စစ်တပ်စခန်းဘက်မှာ ပိုကျယ်တယ်။ ငြိမ်းချမ်းရေးကုန်းမှာလည်း ကြားနေရတယ်။ အိမ်ကလူတွေတော့ စိုးရိမ်နေကြတယ်။ ဘယ်မှမထွက်ခိုင်းဘူး “ ဟု ၎င်းဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။


လက်နက်ပစ်ခတ်သံများသည် တစ်ဖက်တည်းသာကြားနေရကြောင်း ၎င်းက ဆက်ပြောသည်။


ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအတွင်း နေထိုင်သည့် ဒေသခံအမျိုးသားတစ်ဦးကလည်း ကျောက်မဲမြို့ရှိ စစ်တပ်စခန်းနေ၍ လက်နက်ကြီးဖြင့် ပစ်ခတ်လာနေသလို နောင်ချိုမြို့နယ် ကျောက်ကြမ်းရွာရှိ စစ်တပ်စခန်းမှ နေ၍ လက်နက်ကြီးဖြင့် ပစ်ခတ်လာနေသည်ဟု ဆိုသည်။

အလားတူ နောင်ချိုမြို့နယ် အုမ္မခါးကျေးရွာအနီးတွင်လည်း ယနေ့ ( နိုဝင်ဘာလ ၁ ရက်) မနက်ပိုင်း အချိန်၌ စစ်ကောင်စီဘက်မှ လေယာဉ်အသုံးပြုပြီး တိုက်ခိုက်နေသည်ဟု ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဘန့်ဘွေးဘက်ကနေ စစ်ကား၊ တင့်ကားတွေ တက်လာနေတယ်လို့ ကြားတယ်။ မနက်တုန်းက အုမ္မသီး၊ အုမ္မခါး ဘက်ကိုတော့ စစ်ကောင်စီ လေယာဉ်နဲ့ လာကြဲတာ မြင်နေရတယ် “ ဟု နောင်ချိုမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ ဗုံးကြဲတိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ထိခိုက်သေဆုံးမှု အသေးစိတ်ကို မသိရှိရသေးပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံမြို့နယ် စစ်တပ် လူငယ်(၅)ဦးကို သေနတ်ပစ် တဉီးထိ၊ (၄)ဉီးရိုက်နှက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်က အထိုင်ချ တပ်စွဲထားပြီး အသက် ၂၀အရွယ်ရှိ လူငယ် (၅)ဉီးကို သေနတ်ဖြင့် ပစ်ခတ်ကာ၊ ထိုထဲတွင် တဉီး ထိမှန်ခဲ့ပြီး ကျန်သူများကည်း ဖမ်းဆီးရိုက်နှက်မှုပြုလုပ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည် သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တောင်ဘက်ရှိ ကျေးရွာများတွင် စစ်တပ်က ရှောင်တိမ်းခိုင်းထားသော်လည်း ပစ္စည်းပျောက်မည်စိုး၍...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

ရွာငံမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်တပ်က ၃ရက်အတွင်း အပြီးပြောင်းရွှေ့ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုရှိ ကျေးရွာများကို စစ်တပ်မှ သုံးရက်အတွင်း ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်မှ စပြီး ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုအပါဝင် ရွာငံတောင်ပိုင်းမှ ကျေးရွာ အများစုကို စစ်တပ်မှ ပြောင်းရွှေ့ရန် အမိန့်ပေးထားပြီးနောက် ဒေသခံများ...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...