မိုင်းရှူးက ၃ အုပ်စု ကြားဖြတ်ရွေးကောက်ပွဲ ပိတ်ခံရတဲ့အပေါ် ကျားခေါင်းပါတီအမြင်

ပြီးခဲ့တဲ့အပတ်က ပြည်နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌကိုယ်တိုင် လာရောက်ပြီးတော့မှ နိုင်ငံရေးပါတီအကုန်လုံးနဲ့စုဆုံပြီး ဆုံးဖြတ်ချက် တခုချခဲ့ပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့နီး တဲ့နေရာတွေမှာ ရှိတဲ့ကျေးရွာတွေကို တပ်နဲ့ရဲမပါဘဲနဲ့ရွေးကောက်ပွဲဝန်ထမ်းတွေနဲ့ သက်ဆိုင် ရာနိုင်ငံရေး ပါတီ ကိုယ်စားလှယ်တွေနဲ့ဘဲ မဲလက်မှတ်ကို သယ်ဆောင် သွားဖို့ အဲလိုဆုံးဖြတ်ချက်ရှိပါတယ်။ အားလုံးရဲ့ သဘောတူညီချက်နဲ့ပါ။ အခုရက်ပိုင်း မှာမှ NLD လွှတ်တော်ကိုယ်စားလှယ်နဲ့ မြို့နယ်တာဝန်ရှိသူ ၂ ယောက် လက်မှတ်ထိုးပြီးတော့ ကန့်ကွက်ထားပါတယ်။ ရွေးကောက်ပွဲ မကျင်းပဖို့ တရားမျှတတဲ့ ရွေးကောက် ပွဲဖြစ်နိုင်ချေမရှိလို့ လို့အကြောင်းပြပါတယ်။ ဒါပေမယ့် အဲဒီဟာပါတီအားလုံးသဘောတူညီပြီး သား ကိစ္စကို ပြန်လည်ပြီးတော့မှ ကန့်ကွက်တယ်ဆိုတာ ကျနော်တို့အနေနဲ့ကတော့ အကျုံးမဝင်ဘူးလို့မြင်ပါတယ်။

သူတို့က မဲလက်မှတ်သွားပို့ဖို့ကိစ္စကို ခဏဆိုင်းထားတယ်ပေါ့နော် ။ အဲကြောင့်ကော်မရှင်ကလည်း သူတို့ရပ်ထားပါတယ်ဆိုတဲ့အကြောင်းကို ကျနော်တို့ရဲ့စေ့စပ်ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်တဦးဖြစ်တဲ့ ခရိုင်အဆင့်ဖြစ် တဲ့စိုင်းထွန်းအောင်ကို လှမ်းပြီးတော့အကြောင်းကြားတယ်။ ပြည်နယ်ရွေး ကောက်ပွဲ ကော်မရှင်ကိုယ်တိုင်လာပြီးတော့ ထပ်မံပြီးတွေ့ဆုံတယ်။ နိုင်ငံရေးပါတီတွေနဲ့အတူ ပြန်လည်ဆွေးနွေး ပါတယ်။

အဲဒီအုပ်စု ၃ ခုမှာ မဲဆန္ဒရှင် စုစုပေါင်း ၄၀၀၀ ကျော်တယ်။ လူ ၄၀၀၀ ကျော်မဲမပေးလိုက်ရတဲ့ ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတ တဲ့ရွေးေ ကာက်ပွဲလို့ကျနော်တို့ပြောလို့ရပါ့မလား ဒါကို ထည့်စဉ်းစား ရမှာဖြစ်ပါတယ်။ အဲတော့ အဲဒီအုပ်စု ကမဲဆန္ဒရှင်ပြည်သူတွေရဲ့ မဲပေးခွင့် အခွင့်အရေးကို ကျနော်တို့က တနည်းတလမ်းက ပိတ်ပင်လိုက်တာ လို့ဘဲမြင်ပါတယ်။ ဒါမဖြစ်သင့်တဲ့ကိစ္စပါ။

ဒါကြောင့်လူထုအနေနဲ့လည်း ကိုယ့်ရဲ့ရတောင့်ရခဲတဲ့ဒီအခွင့်အရေး ကိုလက် လွတ်မခံဘဲ မိမိကြိုက်တဲ့ပါတီ မိမိကြိုက်တဲ့ ကိုယ်စားလှယ်ကိုမဲပေးခွင့်ရအောင် အစိုးရကော် သက်ဆိုင်ရာရွေးကောက်ပါ နိုင်ငံရေးပါတီ တွေနဲ့ ပူးပေါင်းပြီးမဲပေး ခွင့်ရအောင် နည်းလမ်းရှာပေးသင့်တယ်။ မဲဆန္ဒရှင်ကိုယ်တိုင်လည်း မဲပေးပိုင်ခွင့်လက်လွတ်ဆုံးရှုံးမခံနိုင်ဘူးဆိုတဲ့အကြောင်းကို သက်ဆိုင်ရာကို အကြောင်းကြားတင်ပြဖို့ လိုအပ်ပါတယ် ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းရောက် အာဏာသိမ်းသမ္မတနှင့် စစ်ရာဇဝတ်မှု စွပ်စွဲချက်များ

0
အာဏာသိမ်း သမ္မတ၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းအစိုးရက လက်ခံတွေ့ဆုံမှုကို ထိုင်းအရပ်ဘက်အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်ဖြစ်ခဲ့ပြီး ၎င်းကိုယ်တိုင် စီစဉ်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများမှ သမ္မတဖြစ်လာသူ ဦးမင်းအောင်လှိုင်၏ ထိုတွေ့ဆုံမှုသည် စစ်အာဏာသိမ်းမှုကို နိုင်ငံရေးအရ တရားဝင်မှု ပေးအပ်ရာရောက်ပြီး မြန်မာပြည်သူများ...

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

မြန်မာ အာဏာသိမ်း သမ္မတ ထိုင်းလွှတ်တော်သို့ ရောက်ရှိစဉ် ထိုင်းလွှတ်တော်အမတ်တစ်ဦး အော်ဟစ် ဆန္ဒပြ

0
ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင် ယနေ့ ဩဂုတ်လ ၇ ရက် (သောကြာနေ့) က ထိုင်းလွှတ်တော်သို့ ရောက်ရှိလာစဉ် ထိုင်းလွှတ်တော်အမတ်တစ်ဦးက "ငြိမ်းချမ်းရေးအတွက်၊ လူသားချင်းစာနာမှုအတွက်" (For peace, for humanity) ဟု ကျယ်လောင်စွာ ကြွေးကြော်၍ ပြင်းပြင်းထန်ထန်...

ချင်းမိုင်တွင် ကာယလုပ်သားအဖြစ် မှတ်ပုံတင်ထားပြီး သန့်ရှင်းရေးအလုပ်လုပ်ကိုင်သည့် မြန်မာအမျိုးသမီးတစ်ဦး ထိုင်းလဝကဖမ်းဆီး

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်မြို့နယ်ရှိ Resort တစ်ခုတွင် တရားဝင် ခွင့်ပြုထားသည့် အလုပ်အကိုင်အား‌ ကျော်လွန်လုပ်ကိုင်ပြီး အလုပ်ရှင်နှင့် အလုပ်နေရာ ပြောင်းလဲမှုကို အလုပ်သမားရုံးထဲ အကြောင်းကြားရန် ပျက်ကွက်ခဲ့သည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် စုံစမ်းစစ်ဆေးရေးဌာနခွဲတို့မှ ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်...