‘NLDကို မဲထည့်ဖို့ဆိုတာ ဒေသခံတွေအတွက် တော်တော်လေးကို စဉ်းစားရမဲ့ ကိစ္စဖြစ်ပါတယ်’

ကြားဖြတ်ရွေးကောက်ပွဲကျင်းပမဲ့ မဲဆန္ဒနယ်တွေထဲမှာ မိုင်းရှူးမြို့နယ် မဲဆန္ဒနယ်လည်း ပါ၀င်ပါတယ်။ ပြည်သူ့လွှတ်တော် ( ၁) နေရာ ၊ ပြည်နယ်လွှတ်တော် (၂) နေရာ ရှိတဲ့ မိုင်းရှူးမဲဆန္ဒနယ်ဟာ ဒေသခံ တိုင်းရင်းသားတွေအပြင် တစ်ချိန်က နာမည်ကျော်ခဲ့တဲဲ့ မိုင်းရှူးကျောက်မျက်ရတနာ လုပ်ကွက်တွေကြောင့် ဗမာအပါ၀င် တခြားရွှေ့ပြောင်းအခြေချနေထိုင်သူတွေလည်း ရှိနေတဲ့ ဒေသဖြစ်ပါတယ်။ အာဏာရ NLDပါတီကလည်း ဗဟိုအလုပ်အမှုဆောင်ကို်ယ်တိုင်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အစဉ်အလာအရ သျှမ်းတိုင်းရင်းသားပါတီနဲ့ ပြိုင်ဆိုင်မှု ပြင်းထန်နိုင်ခြေတွေလည်း မြင်နေရပါတယ်။ လတ်တစ်လောမှာကိုပဲ သျှမ်းတိုင်းရင်းသား ကျေးရွာအချို့က မဲရုံတွေကို ရွှေ့ဆိုင်းပေးဖို့ NLD ဘက်က တင်ပြထားခဲ့ပါတယ်။ မိုင်းရှူးရွေးကောက်ပွဲ အကြို အခြေနေတွေနဲ့ ဒေသခံတွေရဲ့ အမြင်တွေကို မိုင်းရှူးရောက်နေတဲ့ သျှမ်းသံတော်ဆင့်သတင်းထောက် စိုင်းအောင်ဆိုင်းက စုစည်းတင်ပြထားပါတယ်။

ဦးစိုင်းစိန်မြင့် ( မိုင်းရှူး ရပ်ကွက် ၁ ဒေသခံ )

ဒေသခံပြည်သူတွေအကြားမှာတော့ တိုင်းရင်းသား ပြည်မသားဆိုပြီး စိတ်တွေ မရှိကြဘူး။ ပြိုင်ဆိုင်မှု ပြင်းထန်နေတာ ပါတီတွေပဲရှိတယ်။ အဓိက ပြဿနာတွေဖြစ်နေတာလည်း ပါတီကြီးတွေကြောင့်ဖြစ်ပါတယ်။ ပါတီကြီးတွေဆိုတာ ပြည်မက လာပြိုင်တဲ့ NLD၊ ပြည်ခိုင်ဖြိုးတို့ပေါ့ ။ ကျန်တာက သိတဲ့အတိုင်း ပါတီငယ်တွေဖြစ်တဲ့ ကျားခေါင်း SNLD ၊ SNDP ကျားဖြူ ၊ ၀ ပါတီတွေပဲ ပြိုင်မှာလေ။ မဟာမိတ်လည်းဆိုခဲ့သေးတယ် ပါတီကြီးအနေနဲ့ ပါတီငယ်တွေကို သြဇာသုံးပြီး ဖိအားပေးတာမျိုး မဖြစ်စေချင်ဘူး။ အခုလုံခြုံရေးအကြောင်းပြတယ်ဆိုပေမဲ့ SSPP/SSA ကလည်း သူ့နယ်မြေထဲ မဲဆွယ်နိုင်ကြောင်း ကြေငြာချက်ထုတ်ပြီးသားပဲ။ ကျနော်က မဲစာရင်းပါတယ်။ လာမဲ့ ကြားဖြတ်ရွေးကောက်ပွဲ မဲထည့်မယ်။ ရွေးကောက်ပွဲကို အေးအေးချမ်းချမ်းပဲ ပြီးသွားစေချင်တယ်။ ပြည်သူတွေအကြားအားပြိုင်မှုမရှိဘူး။ ရွေးချယ်ခံရတဲ့ ကိုယ်စားလှယ်အနေနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် အာရုံစိုက်စေချင်တယ်။ လူ့အခွင့်ရေးဆုံးရှံူးမှု မရှိအောင် ပညာရေး ကျန်းမာရေး ကိစ္စတွေ အပါ၀င်ပေါ့လေ။ ပညာရေးဆိုရင် ဆရာဆရာမ အရေအတွက်တိုးလာပေမဲ့ သင်ကြားပုံနည်းစနစ်က အခက်အခဲတွေ့စရာဖြစ်တယ်။ အထူးသဖြင့် ဒေသခံအများစုက တိုင်းရင်းသားတွေဖြစ်တော့ မြန်မာဘာသာနဲဲ့ ချက်ခြင်းသင်တော့ အခက်အခဲရှိတယ်။ တိုင်းရင်းသားဘာသာ အခြေပြုသင်ကြားမှုတွေကို အစားထိုးစေချင်တယ်။ ဒေသတွင်းမှာက ငြိမ်းချမ်းဖို့လိုတယ်။ ငြိမ်းချမ်းဖို့ ဆိုတာကလည်း အပစ်ရပ်စဲပြီးမှ နိုင်ငံရေး ဆွေးနွေး ငြိမ်းချမ်းရေးပေါ့။ အပစ်ရပ်စဲမှု မလုပ်နိုင်သေးရင်လည်း ဘာကြောင့်မလုပ်နိုင်ရသေးသလဲဆိုတာ တာဝန်ရှိသူတွေက ပြန်စဉ်းစားသင့်တယ်။ ငြိမ်းချမ်းရေးမရှိရင် စီးပွားရေး တိုးတက်မှု နှောင့်နှေးမှာပေါ့။ ရွေးချယ်ခံကိုယ်စားလှယ်အနေနဲ့ ပြည်သူ့အသံ ထင်ဟပ်အောင် လုပ်ပေးစေချင်တယ်။

ဦးဝင်းမြင့် ( ဗမာလူမျိုး ရပ်ကွက် ၁ ထော်လဂျီမောင်း )

ကိုယ့်အခွင့်အရေးကို လက်လွတ်ဆုံးရှံုးမခံတဲ့အနေနဲ့ မဲသွားပေးပါမယ်။ ဒေသအတွက် ဖွံ့ဖြိုးဖို့ လုပ်ကိုင်စေချင်တယ် အရွေးခံရတဲ့ ကိုယ်စားလှယ်အနေနဲ့ပေါ့လေ။

နန်းခမ်းစိန် ( မှီခို ရပ်ကွက် ၂ )

အရင် ၂၀၁၀ တုန်းကလည်း မဲထည့်ခဲ့တယ်။ အရင် လွှတ်တော်သက်တမ်းတုန်းက ကိုယ်စားလှယ်တွေက ထင်သလောက် မဖြစ်ဘူး။ မဲထည့်မယ်လာမဲ့ ရွေးကောက်ပွဲကို ။ ဒီမှာ ကြားမိသလောက် လူပြောများတာ ကျားခေါင်းပါတီပဲ။ ဒေသတွင်းပါတီဆိုတော့ လူတွေ စိတ်ဝင်စားတယ်။ လှုပ်ရှားမှုက သူတို့ပါတီက များတယ်။ ကျမတို့မြို့ရွာမှာ လိုအပ်ချက်ကတော့ အများကြီးပဲ။ ငြိမ်းချမ်းရေးလိုကိစ္စမျိုး အကြီးကြီးတောင်မဟုတ်ဘူး။ လူထုနဲ့ နီးစပ်တဲ့ ပညာရေး ၊ ကျန်းမာရေးလိုကိစ္စတွေကို အတတ်နိုင်ဆုံး တိုးတက်အောင်လုပ်ပေးစေချင်တယ်။

ဦးအိုက်အဲ့ ( စျေးရောင်း မိုင်းရှူးမြို့ခံ )

၁၉၉၀ ရွေးကောက်ပွဲတုန်းက ကျားခေါင်းပါတီကိုမဲထည့်တယ်။ ၂၀၁၀ တုန်းက ကျားဖြူပါတီကို မဲထည့်ခဲ့တယ်။ ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းတုန်းက ကိုယ်စားလှယ်တွေကို သိပ်ပြီးအားရ ကျေနပ်မှု မရှိခဲ့ဘူး။ ဒေသတွင်း အခြေနေကိုကြည့်ရင် အခု အစိုးရသစ်လက်ထက်မှာတောင် အားရစရာ အခြေနေမရှိဘူး။ တောင်သူတွေက ပြောင်းစျေးကျ သီးနှံစျေးကျနဲ့ ဒုက္ခရောက်တဲ့အပြင် အစိုးရကလည်း အရေးပေါ် သီးနှံဝယ်ပေးတဲ့ အစီအစဉ်တွေမရှိဘူး။ ပြောင်းဆိုရင် တရုတ်ဘက်ကိုပဲ ပို့ရတာ။ တရုတ်ဘက်ပို့တဲ့ လမ်းတွေမှာလည်း တိုက်ပွဲတွေဖြစ်တယ်။ NLD ကို မဲထည့်ဖို့ဆိုတာ ဒေသခံတွေအတွက် တော်တော်လေးကို စဉ်းစားရမဲ့ ကိစ္စဖြစ်ပါတယ်။ အရင်အစိုးရ လက်ထက်တွေကတည်းက ရှိခဲ့တဲ့ ဒုစရိုက်မှုတွေ မူးယစ်ကိစ္စတွေက အစိုးရသစ်လက်ထက်မှာလည်း ရှိနေဆဲပဲ။ NLDသာတက်လာသာ မူးယစ်ဆေးဝါးပြဿနာတွေလည်း မရှင်းနိုင်သေးဘူး။ အရင်တုန်းက မိုင်းရှူးကျောက်က နာမည်ကြီးခဲ့ပေမဲ့ ဒေသခံဆိုတာက ဒေသခံ ဆိုတဲ့ အတိုင်းပါပဲ။ လယ်ပျက်တယ်။ ယာပျက်တယ် အသိမ်းခံရတယ်။ ကြားထဲ မူးယစ်သားကောင်ဖြစ်ကျန်ခဲ့တာပဲ အဖတ်တင်တယ်။ အများစုက ခရိုနီတွေ လာယူသွားတယ်။ လျှပ်စစ်မီးတောင် ဒီနှစ်ကမှရတယ်။

ငြိမ်းချမ်းရေးရဖို့ အရေးကြီးသလို လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ပြည်သူ့အသံ ထင်ဟပ်အောင်ကြိုးစားဖို့လိုတယ်။ ကျားခေါင်းပါတီကို ဒေသခံတွေက အားပေးကြတာများတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်တွင် မှတ်ပုံတင်အတု ထုတ်ပေးသည့် ဂိုဏ်းကို စီးနင်း၊ မြန်မာ ၂၂ ဦးအပါအဝင် ၃၇ ဦး တရားစွဲခံရ

0
ချင်းမိုင်ခရိုင်၊ ချိုင်ပရာကန်မြို့နယ်အတွင်း တရားမဝင် နိုင်ငံခြားသားများအား "ခေါင်းစဉ် ၀ ကတ်" (ကတ်ပြား၏ရှေ့ဆုံးဂဏန်းသည် သုညဖြင့်စသောကြောင့်) သို့မဟုတ် ပန်းရောက်ကတ် အတုများကို ထုတ်ပေးခဲ့သည့် အဆင့်မြင့်အရာရှိများနှင့် ကျေးရွားလူကြီးအချို့တို့အား ထိုင်းအာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းများတွင်ဖော်ပြသည်။ စုံစမ်းစစ်ဆေးချက်များအရ ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း တရားမဝင်နည်းလမ်းများဖြင့် ပန်းရောင်ကတ်များကို...

လမ်းပန်းခက်ခဲမှုနှင့် စစ်တပ်ပိတ်ပင်မှုကြောင့် ဖယ်ခုံစစ်ရှောင်ထံ ဆေးဝါးမရောက်

0
သျှမ်းပြည် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ လတိန်ကျေးရွာတွင် ၁၁ လနီးပါး စစ်‌ဘေး တိမ်းရှောင်နေထိုင်သည့် စစ်ရှောင်များ လက်ရှိ မိုးရာသီကာလအတွင်း ဖျားနာမှုများ ဖြစ်ပွားလာနေသော်လည်း စစ်တပ်ဘက် ဆေးဝါး သယ်ယူမှု ပိတ်ပင်ထားမှုကြောင့် ကျန်းမာရေး အခက်အခဲကြုံနေရကြောင်း သတင်းရရှသည်။​ အဆိုပါ စစ်ဘေးရှောင်များသည် ဖယ်ခုံမြို့နယ် ဘောရန်ကျေးရွာ၊...

နိုင်ငံတကာပိတ်ဆို့မှုကြောင့် စီးပွားရေးကျဆင်းဟု စစ်ခေါင်းဆောင် ပြော

0
မြန်မာနိုင်ငံ၏ စီးပွားရေးကျဆင်းနေမှုမှာ နိုင်ငံတကာ၏ ပိတ်ဆို့မှုများကြောင့် ဖြစ်သည်ဟု အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က ပြောဆိုလိုက်သည်။ ယမန်နေ့ ဩဂုတ် ၂၅ ရက်က နေပြည်တော်တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး၌ ၎င်း၏ ထိုင်း၊ ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံ ခရီးစဉ်ရလဒ်များကို တင်ပြရာတွင် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းပြီး စီးပွားရေးမြှင့်တင်မည်ဟု...

၁၉၉၀ ပြည့်နှစ်ထုတ် ရှားပါး ထိုင်း ၁၀ ဘတ်တန် ဘတ် ၂.၅၄ သန်းဖြင့် စံချိန်တင် လေလံအောင်

0
၁၉၉၀ ပြည့်လွန်နှစ်များက လက်ဝယ်သုံးစွဲခဲ့သည့် ရှားပါး ထိုင်း ၁၀ ဘတ်တန် အကြွေစေ့တစ်စေ့သည် အွန်လိုင်း လေလံပွဲတစ်ခုတွင် ထိုင်းဘတ်ငွေ ၂.၅၄ သန်း (မြန်မာကျပ် သိန်း ၃,၂၀၀ ကျော်) အထိ စံချိန်တင် ဈေးနှုန်းဖြင့် လေလံအောင်မြင်သွားခဲ့ပြီး နိုင်ငံ၏ တန်ဖိုးအရှိဆုံး စုဆောင်းပစ္စည်းများအနက်...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...