ကရင်နီပြည် တိုက်ပွဲကြား တလအတွင်း အရပ်သား ၂ ဦး သေဆုံး၊ ၇ ဦး ထိခိုက်ဒဏ်ရာရ

ကရင်နီ (ကယား) ပြည်အတွင်း စစ်ကောင်စီ နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် စက်တင်ဘာလအတွင်း အရပ်သား ၂ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF မှ အောက်တိုဘာ ၃ ရက်၌ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ပထမအပတ်မှစပြီး စစ်ကောင်စီ စစ်ကြောင်း နှင့် ယာဉ်တန်းများသည် ဒီးမော့ဆိုမြို့နယ်မှ ဖရူဆိုမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

စစ်ကောင်စီထံမှ ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ

ထို့နောက် စစ်ကောင်စီသည် စက်တင်ဘာလ ဒုတိယအပတ်မှစ၍ စစ်ကြောင်း ၆ ကြောင်းဖြင့် ဖရူဆိုမြို့နယ် အခြေစိုက် အမှတ် (၁၄) တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းမှ ကျေးရွာ (၅) ရွာအထိ စစ်ကြောင်းထိုးခဲ့ရာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲသည် တလနီးပါး ကြာမြင့်ခဲ့သည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိသည့်အတွက် တိုက်လေယာဉ်ဖြင့် အသုံးပြု တိုက်ခိုက်ခဲ့သေးကြောင်း ထုတ်ပြန်ချက်၌ ရေးသားဖော်ပြထားသည်။

ယင်းကဲ့သို့ စစ်ကောင်စီမှ လေကြောင်းအသုံးပြုပြီး တိုက်ခိုက်မှုများကြောင့် စက်တင်ဘာလအတွင်း အရပ်သား ၇ ဦး ထိခိုက်ဒဏ်ရာရရှိပြီး လက်နက်ကြီး တိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦး သေဆုံးကာ မြေမြှုပ်မိုင်းကြောင့် အရပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း ဆိုသည်။

“စစ်ကောင်စီဘက်ကတော့ အရပ်သား ပြည်သူတွေကို ရန်သူတဖွယ် ဖမ်းဆီးသတ်ဖြတ်တာတွေ၊ ပစ်သတ်တာတွေ ကျနော်တို့ တွေ့မြင်နေရတယ်။ ဒီအရာတွေကတော့ စစ်ရာဇဝတ်မှု ကျူးလွန်တဲ့ အရာဖြစ်တယ်။ စစ်ကောင်စီက အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်နေတာ နေ့စဉ်ရက်ဆက် သတ်ဖြတ်နေပါတယ်။ ဒီအပေါ်မှာ နိုင်ငံတကာက အဖွဲ့အစည်းတွေအနေ နဲ့ စစ်ကောင်စီကို ထိထိမိမိ အရေးယူ လုပ်ဆောင်ဖို့ လိုအပ်တယ်” ဟု တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု PKPF မှ တာဝန်ခံတစ်ဦးက ပြောသည်။

အလားတူ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၁ လုံး၊ ကျန်းမာရေး အဆောက်အဦး (၁) လုံး နှင့် ခရစ်ယာန်ဘုရားကျောင်း ၁ ဆောင် ပျက်စီးခဲ့ရပြီး စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် နေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း ဆိုသည်။

ထို့အပြင် လွိုင်ကော်မြို့နယ် နှင့် ဖယ်ခုံမြို့နယ်တို့တွင် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ရေးပစ်မှတ် မဟုတ်သော နေရာများဖြစ်သည့် စစ်ရှောင်စခန်းများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ထပ်မံရေးသား ဖော်ပြထားသည်။

စစ်ကောင်စီ နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား တလအတွင်း တိုက်ပွဲသည် စုစုပေါင်း ၂၉ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် (၇၈) ဦး သေဆုံးကာ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့မှ ရဲဘော် (၈) ဦး သေဆုံးခဲ့သည်။

တိုက်ပွဲအတွင်း ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDFမှ စစ်သုံ့ပန်း (၅) ဦးကိုလည်း ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့ပြီး လက်နက်ငယ် (၃၆) လက်၊ လက်နက်ကြီး (၅) လက် နှင့် ခဲယမ်း တချို့ကိုလည်း သိမ်းဆည်းရမိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နေရပ်မပြန်နိုင်သေးသည့် လွိုင်ကော်စစ်ရှောင်များ စားဝတ်နေရေး အခက်ကြုံနေ

0
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့သို့ နေရပ်မပြန်နိုင်သေးသည့် ဒေသခံများ စားဝတ်နေရေးအခက်ခဲကြောင့် ရေရှည်ရှောင်တိမ်းရန် အခက်ခဲကြုံနေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ တွင်ဖြစ်ပွားခဲ့သော “၁၁၁၁”စစ်ဆင်ရေးကြောင့် လွိုင်ကော်မြို့ခံများ ထောင်နှင့်ချီထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြီ ၂၀၂၅ ခုနှစ်တွင် စစ်ရေးအခြေအနေ ငြိမ်သက်လာသဖြင့် မြို့ခံအချို့အပါအဝင် အစိုးရဝန်ထမ်းအချို့ နေရပ်ပြန်နေထိုင်ခဲ့ကြသည်။ သို့သော် လွိုင်ကော်မြို့ပေါ်ရှိ ငွေတောင်ရပ်ကွက်နှင့်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...