Tuesday, January 27, 2026

တာချီလိတ်မြို့ သားအဖနှစ်ဦး ကား နဲ့ တိုက်မိ၊ ကလေးပွဲချင်းပြီး သေဆုံး

မြန်မာ – ထိုင်း နယ်စပ်ဒေသ တာချီလိတ်မြို့နယ် မိုင်းဖုန်းအုပ်စု ပါခါရွာအနီးတွင် သားအဖနှစ်ဦး ဈေးသွားရောင်းပြီး အပြန်လမ်းမှာ ကားတစ်စီးနှင့်တိုက်မိပြီး ကလေးတစ်ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ စက်တင်ဘာလ ၂၈ ရက် ညနေပိုင်း ၄ နာရီခွဲအချိန်တွင် တာချီလိတ်မြို့နယ် မိုင်းဖုန်းအုပ်စု ပါခါရွာအနီးတွင် သားအဖနှစ်ဦးသည် ဆိုင်ကယ်ဖြင့် ဈေးသွားရောင်းပြီး အိမ်ပြန်နေစဉ် လမ်းမှာ ကားတစ်စီး နှင့် တိုက်မိပြီး အသက် ၃ နှစ်အရွယ်ရှိ ကလေးတစ်ဦးသည် အခင်း၌ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ၎င်းကိုသွားရောက် ကူညီခဲ့သည့် ဦးလှမိုးလူမှုကူညီရေးအသင်းမှ တာဝန်ခံတစ်ဦးက ပြောသည်။

“သူတို့သားအဖ နှစ်ယောက် ဆိုင်ကယ်စီးလာရင်း ကားနဲ့တိုက်မိတာ။ ကလေးကတော့ အဲ့မှာ ဆုံးသွားတယ်။ အဖေကျတော့ ဦးခေါင်းထိထားပြီး ဆေးရုံကို ပို့ထားတယ်“ ဟု ၎င်းတာဝန်ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ယာဉ်တိုက်မှု နှင့် ပတ်သက်ပြီး ယာဉ်တိုက်မှု ကျူးလွန်သူကို ရဲတပ်ဖွဲ့မှ မည်သို့ အရေးယူ ဆောင်ရွက်ခြင်း မရှိပေ။

ထို့အပြင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း နှင့် ပတ်သက်ပြီး တာချီလိတ်မြို့ ယာဉ်ထိန်းရဲတစ်ဦးက ယခုလို ပြောသည်။

“အဓိကတော့ ဆိုင်ကယ်မောင်းတဲ့သူက ဆိုင်ကယ် ဦးထုပ်ဆောင်းရင် အသက်အန္တရာယ်ကတော့ ၉၀ ရာခိုင်နှုန်း မစိုးရိမ်ရဘူး။ သူတို့က ဦးထုပ်မဆောင်းတဲ့အခါ ဖမ်းတုန်းခဏ၊ ပညာပေးတုန်းခဏ ပြီးရင် ပြန်ချွတ်ကြတာ။ တချို့ မော်တော်ပီကယ်မြင်မှ ဦးထုပ်ဆောင်းတယ်။ အဲ့လိုမျိုးဖြစ်နေတော့ မပြောကောင်း၊ မဆိုကောင်း လက်ကျိုးရင် စတီးပြန်ထည့်လို့ရတယ်။ ဦးထုပ် မဆောင်းတဲ့ အခါကြတော့ သတိလှစ်မယ်။ မတော်တဆ အသက်ဆုံးရှုံးမယ် “ ဟု ၎င်း ယာဉ်ထိန်းရဲတစ်ဦးက ပြောသည်။

သျှမ်းပြည် တာချီလိတ်မြို့အပြင် လားရှိုး၊ ကျောက်မဲ၊ သိန္နီ၊ ကျိုင်းတုံ စသည့် မြို့ပြကြီးမှာလည်း လူနေထူထပ်မှု များပြားလာသည်နှင့်အမျှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု အားနည်းကာ ယခု (စက်တင်ဘာလ) အတွင်း ယာဉ်တိုက်မှုကြောင့် လူ ၉ ဦး သေဆုံးပြီး ၄၇ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသအတွင်း လူမှုကူညီရေးအသင်းမှ စာရင်းပြုထားချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...