Wednesday, January 28, 2026

မိုင်းရယ်မြို့တွင်း နေအိမ်တစ်လုံး ဖောက်ထွင်းခံရ

သျှမ်းပြည် လားရှိုးခရိုင် မိုင်းရယ်မြို့နယ် ရပ်ကွက် ၁ အတွင်း နေအိမ်တစ်လုံး ဖောက်ထွင်းခံရပြီး ရွှေ ၁ ကျပ်သား နှင့် ကျပ်ငွေ ၆ သောင်းပါသွားကြောင်း သတင်းသိရသည်။

ယမန်နေ့ စက်တင်ဘာလ ၂၀ ရက် မွန်းလွဲ ၃ နာရီတွင် မိုင်းရယ်မြို့ ရပ်ကွက် ၁ အတွင်း အောင်စေတီကျောင်းတိုက်အနီးရှိ အိမ်တစ်လုံးသည် တံခါးသော့ဖျက်ခံရပြီး အိမ်ထဲရှိ ပစ္စည်းများ ဝင်ရောက် မွှေနှောက်ထားပြီး ရွှေ ၁ ကျပ်သား နှင့် ကျပ်ငွေ ၆ သောင်း ပါသွားကြောင်း ဖောက်ထွင်းခံရသည့် အိမ်နီးချင်း အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အိမ်တံခါး သော့တွေဖျက်ပြီး ပစ္စည်းဝင် မွှေသွားတာ။ သူခိုးကတော့ ၂ ယောက်လောက် ပါမယ်။ ရွှေ ၁ ကျပ်သားနဲ့ ငွေ ၆ သောင်းပါသွားတယ် “ ဟု ၎င်း အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ နေအိမ်ဖောက်ထွင်းခံရမှု နှင့် ပတ်သက်ပြီး အိမ်ပိုင်ရှင်မှ သက်ဆိုင်ရာ ရွာသူကြီးကို အကြောင်းကြား ခဲ့သော်လည်း အရေးယူပေးနိုင်ခြင်း မရှိပေ။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်အတွင်း ခိုးဆိုးလုယက်မှုများ ဓားပြမှုများ နေ့စဥ်နှင့်အမျှ ဖြစ်ပွားမှုရှိနေပြီး အချို့ ဖြစ်စဥ်သည် အိမ်ရှင်ကို သေနတ်ဖြင့် ပစ်သတ်သည့် အဆင့်ထိ ဖြစ်ပွားနေသည်။

ထို့အပြင် အိမ်ရှင်များအနေဖြင့် အိမ်ပြင်သို့ထွက်သွားပါက အိမ်တွင် သက်ကြီးရွယ်အိုတစ်ဦးတည်း မထားသင့်ကြောင်း၊ အိမ်လုံခြုံရေးအတွက် အနည်းဆုံး လူနှစ်ဦးခန့် အိမ်စောင့်ထားသင့်ကြောင်း အသက် ၃၀ ဝန်းကျင် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ မိုင်းရယ်မှာ ဒီလိုဖြစ်စဉ်တွေ တစ်ခါမှ မဖြစ်ဖူးဘူး။ အခုလို ဖြစ်လာတော့ ကြောက်တာပေါ့။ ဒီလိုဖြစ်တာကလည်း မြို့တိုင်းလိုလို ဖြစ်နေပြီ။ အိမ်မှာနေရင် သက်ကြီး ရွယ်အိုတစ်ယောက်ထဲ မထားထားဖို့လိုတယ်။ အနည်းဆုံးတော့ အိမ်မှာနှစ်ယောက်လောက်တော့ စောင့်မှရတော့မယ် “ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

အလားတူ စက်တင်ဘာလ ၅ ရက်တွင်လည်း သျှမ်းပြည် မိုင်းတုံမြို့နယ် နားကောင်းမူး ကျေးရွာရှိ နေအိမ်တစ်အိမ်ကို အမည်မသိ လက်နက်ကိုင်မှ ဓားပြဝင်တိုက်ပြီး မိသားစုဝင် ၃ ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...