မူဆယ်မြို့ရှိ KTV ဆိုင်တစ်ဆိုင် စိတ်ကြွ မူးယစ်ဆေးဝါးသုံးစွဲပြီး အမျိုးသမီးတစ်ဦးသေဆုံးမှု ဖြစ်ပွား

မြန်မာ – တရုတ်နယ်စပ်ဒေသ မူဆယ်မြို့ရှိ KTV တစ်ခုတွင် စိတ်ကြွမူးယစ်ဆေးဝါးသုံးစွဲပြီး အမျိုးသမီးတစ်ဦး သတိမေ့လစ်ကာ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

.

ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၇ ရက် ညအချိန်တွင် မူဆယ်မြို့ရှိ KTV တစ်ခုတွင် အသက် ၂၀ ကျော် အမျိုးသမီးတစ်ဦးက (ရွှေ) ဟု နာမည်ရသည့် စိတ်ကြွမူးယစ်ဆေးဝါးကို သုံးစွဲကာ မိနစ်ပိုင်းအကြာ သတိမေ့လစ်သွားပြီး သေဆုံးမှုဖြစ်ပွားခဲ့သည့် ဗီဒီယိုဖိုင်ကို ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်စာမျက်နှာပေါ်၌ ပျံ့နှံ့နေလျက်ရှိသည်။

Photo – Credit (သေဆုံးသွားသည့် အမျိုးသမီး)

အဆိုပါ စိတ်ကြွမူးယစ်ဆေးဝါးသည် KTV ဆိုင်၊ ကလပ် (Club)၊ ဘား (Bar) ဆိုင်များတွင် အများဆုံးတွေ့ရပြီး (K)၊ (E) နှင့် Happy water ဟုနာမည် အမျိုးမျိုးပေးကာ လူငယ်များကြားထဲ၌ အချင်းချင်း ရေပန်းစားပြောဆိုနေကြပြီး သုံးစွဲနေကြသည်။

“ ကျမတုန်းကလည်း တစ်ကြိမ် ဖြစ်ဖူးတယ်။ ပါလာတဲ့ K တစ်ကြောင်းရှုပြီး E ကိုတစ်ဝက်ပဲသောက်ခိုင်းတာ နားကြားလွဲပြီး တစ်လုံးသောက်လိုက်တာ ၂ မိနစ်တောင် မကြာဘူး။ ချွေးတွေတအားထွက်ပြီး ထလိုက်တာ မူးလဲသွားတာ ကံကောင်းလို့ အသက်မပါတာ “ ဟု ကိုယ်တိုင်သုံးစွဲဖူးသူ အမျိုးသမီးတစ်ဦးကလည်း ၎င်းရဲ့ လူမှုကွန်ရက်ပေါ်မှာ ရေးသားဖော်ပြထားသည်။

Ketamine Hydrochloride (K) မူးယစ်ဆေးဝါးသည် အဖြူရောင်အမှုန့် ဖြစ်ပြီး နှာခေါင်းရှူရှိုက်ရသည့် စိတ်ကြွမူးယစ်ဆေးတစ်မျိုးဖြစ်သည်။ Happy Water ဆိုသည်မှာတော့ ကော်ဖီအမှုန့်ပုံစံ ကော်ဖီ အနံ့ နှင့် သစ်သီးအနံ့ အရသာ အမျိုးမျိုးရှိပြီး ကော့တေးခွက် ပမဏကို ကျွဲရိုင်းအချိုရည်ဖြင့်ရောကာ သောက်သုံးရသည်။

အဆိုပါ စိတ်ကြွမူးယစ်ဆေးဝါးများကို သုံးစွဲပြီးပါက မိနစ်ပိုင်းအကြာတွင် သွေးလည်ပတ်နှုန်း ပိုမြန်လာပြီး စိတ်ကိုကြွစေကာ ခုန်ပေါက်ပြီး ပျော်မြူးစေကြောင်း ကိုယ်တိုင်သုံးစွဲဖူးသူ စိုင်းကျော် (အမည်လွှဲ)က ပြောသည်။

“ကော်ဖီအမှုန့်လိုပဲ အချိုရည်နဲ့ရောပြီး သောက်ရတယ်။ အဲ့ဒါ သောက်ပြီး လူကနောက်ထပ် တစ်ကမ္ဘာထဲ ရောက်နေသလိုလို၊ နာကျင်မှုဆိုတာလည်း မခံစားတတ်တော့ဘူး “ ဟု ၎င်းက ဆိုပြန်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နယ်စပ်တလျောက်ရှိ မူဆယ်မြို့အပြင် တာချီလိတ်မြို့၊ လားရှိုးမြို့ စသည့် မြို့ပြကြီးတွင် နေရာအနှံ့ဝယ်ယူ၍ ရနေပြီး အဆိုပါ စိတ်ကြွ မူးယစ်ဆေးဝါးကြောင့် လစဉ် လူသေဆုံးမှုများလည်း ရှိနေသည်။

ထို့အပြင် မူဆယ်မြို့တွင် နယ်စပ်ဒေသမြို့ဖြစ်သည့်အလျောက် သုံးစွဲသူများလည်း ပေါများနေပြီး လစဉ် သေဆုံးမှုလည်း ရှိနိုင်ကြောင်း၊ သက်ဆိုင်ရာ အာဏာပိုင်များက သတင်းဖုံးကွယ်ထားကြောင်း လူမှုကူညီရေး အသင်းအဖွဲ့ဝင် မောင်စိုး (အမည်လွှဲ)က ပြောသည်။

“ သေဆုံးတာတော့ သူတို့ တရားဝင် မထုတ်ပြန်ဘူး။ ဒီဖက်မှာ လက်နက်ကိုင်တွေ စိုးမိုးတဲ့နေရာတွေဆိုတော့ ဘယ်သူမှလည်း မေးလို့မရဘူး။ တချို့လည်း ဒီတိုင်းသေသွားတာ ဘယ်သူမှ မသိလိုက်ဘူး “ ဟု မောင်စိုးက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၂ ဇူလိုင် ၂၉ ရက်တွင် သျှမ်းသံတော်ဆင့်သတင်းဌာနမှ ရေးသား တင်ဆက်ခဲ့သည့် သတင်းတစ်ပုဒ်၌ အာဏာသိမ်းပြီးနောက်ပိုင်း လားရှိုးမြို့တွင် K မူးယစ်ဆေးဝါးသုံးစွဲပြီး လူငယ် ၁၅ ဦး သေဆုံးခဲ့ကြောင်း ရေးသားဖော်ပြခဲ့သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် နေရာအနှံ့ မူးယစ်ဆေးဝါးများ ပိုမိုပေါများလာနေပြီး မူးယစ်ဆေး ဈေးကွက် ပိုကျယ်လာသလို ဈေးပေါလာသောကြောင့် မြို့နယ် ၁၀၀ အနက် ၉၄ မြို့နယ်တွင် ဆေးခြောက်ကို အလွယ်တကူ ဝယ်ယူရရှိနေကြောင်း ISP Myanmar ၏ စစ်တမ်းကောက်ထားချက်အရ သိရသည်။

စစ်တမ်းအရ ၈၉ မြို့နယ်တွင် WY ဆေးပြား နှင့် ခေါင်းခါဆေး ဟု လူသိများသည့် E ဆေးပြားများလည်း သုံးစွဲနေကြောင်း၊ ၅၃ မြို့နယ်တွင် ဘိန်းဖြူ နှင့် ကော်ရှူတာကို သုံးစွဲနေသည့်အဆင့် တတိယအများဆုံး ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...