Wednesday, January 28, 2026

ကွတ်ခိုင်မြို့နယ်၊ မုံးစီး(မိူင်းၸီး) ကျေးရွာ လက်လုပ်ဗုံး တစ်လုံးပေါက်ကွဲမှုဖြစ်

သျှမ်းပြည် ကွတ်ခိုင်မြို့နယ်၊ မုံးစီးကျေးရွာ အတွင်း၌ လက်လုပ်ဗုံး တစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

.


 
ယမန်နေ့ (စက်တင်ဘာလ ၁၄ ) ရက် နံနက်ပိုင်း ၁၁ နာရီဝန်းကျင်တွင် မုံးစီးကျေးရွာရှိ ရေကန်အနီးတွင် လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
 
“လုပ်တဲ့သူကိုတော့ မသိရဘူး၊ ပေါက်ကွဲသံ တစ်ချက် ကျယ်ကျယ် ကြားလိုက်ရတာ၊ အဖွဲ့အစည်း တခုခုက ခြိမ်းခြောက်တဲ့ အနေနဲ့ ဒီလိုလုပ်တာ ထင်တယ်၊ လူထိခိုက်မှုတော့ မရှိဘူး” ဟု မုံးစီးကျေးရွာ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
 
ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးသည့်နောက်တွင် မုံးစီးပြည်သူ့စစ်တပ်ဖွဲ့မှ တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့သော်လည်း အသေးစိတ်ကို မသိရသေးကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။
 
မုံးစီးကျေးရွာအတွင်း ဗုံး၊ မိုင်း ပေါက်ကွဲမှုများသည် ဖြစ်လေ့ဖြစ်ထ မရှိသည့်အတွက် ယခု ဗုံးပေါက်ကွဲမှု နှင့် ပတ်သက်ပြီး ဒေသခံများက သွားလာလှုပ်ရှားရန် စိုးရိမ်နေရကြောင်းလည်း အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။
 
“မုံးစီးပြည်သူ့စစ်တပ်ဖွဲ့က သွားစစ်ဆေးတဲ့အချိန်မှာ ဝါယာကြိုးတွေ၊ ဘက်ထရီအိုးလိုမျိုးကို အသုံးပြုပြီး လုပ်ထားတဲ့ ဗုံးဖြစ်တာ တွေ့ရတယ်၊ ဒီလိုမျိုးက ကျနော်တို့ ဒေသထဲမှာ ဖြစ်လေ့ဖြစ်ထ မရှိတော့ ကြောက်ကြတာပေ့ါ၊ အဓိက ကတော့ သက်ကြီးပိုင်းတွေက စိုးရိမ်မှု ပိုရှိတာပေါ့နော်၊ တခြားဘယ်နေရာ ထပ်ပေါက်ကွဲမလဲ မသိဘူးလေ” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။
 
ယင်းကဲ့သို့ ဗုံးပေါက်ကွဲမှု နှင့် ပတ်သက်ပြီး လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုခုမှ အခွန် ၊ ဆက်ကြေး ပေးဆောင်ရန် ခြိမ်းခြောက်မှုလည်း ဖြစ်နိုင်ကြောင်း မုံးစီး ဒေသခံများက ပြောဆို သုံးသပ်နေကြသည်။
 
မုံးစီးကျေးရွာအတွင်း သွားလာလှုပ်ရှားသည့် လက်နက်ကိုင် တပ်ဖွဲ့များ အနေဖြင့် မုံးစီးပြည်သူ့စစ်တပ်ဖွဲ့ အပြင်၊ SSPP/SSA တပ်ဖွဲ့၊ TNLA တပ်ဖွဲ့၊ MNDAA တပ်ဖွဲ့ နှင့် KIA တပ်ဖွဲ့တို့ကလည်း သွားလာလှုပ်ရှားလေ့ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...