တိုင်းရင်းသားကြားမှာ အထူးသဖြင့် သျှမ်းမှာ နိုင်ငံရေး၊ စစ်ရေး သတင်းတွေဆိုရင် အမျိုးသမီးသတင်းထောက်တွေဆီကို သတင်းမပေးချင်ကြတာတွေရှိနေသေးတယ်။ ဒါတွေဟာ အမျိုးသမီးသတင်းထောက်တွေအတွက် စိန်ခေါ်မှုတရပ်ဘဲ…..

ကနေ့ခေတ် Information Technology ခေတ်မှီတိုးတက် လာတာနဲ့အညီ မိမိကြိုက်နှစ်သက်ရာ ဘာသာရပ်ကို အင်တာနက် အွန်လိုင်း ကနေအလွယ်တကူ လေ့လသင်ယူနိုင်ပြီဖြစ်ပါတယ်။ ဒါကြောင့် သတင်းမီဒီယာလုပ်ငန်းမှာ အမျိုးသမီးတွေအတွက် များစွာအခွင့်အလမ်းရှိပါတယ်။

ကျမတို့ပြန်ကြည့်မယ်ဆိုရင် ၁၈၉၀ ခုနှစ်ကတည်းက အမျိုးသမီးတွေ သတင်းမီဒီယာ လောကထဲကို ဝင်ရောက်လာတာ တွေ့တယ်။ သို့ပေမယ့် ကနေ့အချိန်အထိ ကမ္ဘာမှာ သတင်းထောက်လုပ်နေတဲ့ အမျိုးသမီး တွေ ၃၆ % ဘဲရှိတယ်လို့ အမေရိကန် Poynter ဂျာနယ်မှာဖော်ပြထားတာတွေ့ရပါတယ်။

မြန်မာနိုင်ငံသန်းခေါင်စာရင်းအရ လူဦးရေ ၅၄ သန်းမှာ အမျိုးသမီး ၂၇ သန်းနဲ့ အမျိုးသား ၂၆ သန်း ရှိပါတယ်၊ အဲ့ဒီထဲမှာ မြန်မာနိုင်ငံ တဝှမ်းလုံးက တရားဝင်စာရင်းအရ အမျိုးသမီး သတင်းထောက် ၂၀၀ လောက်ဘဲရှိပါ တယ်။ ပြန်ကြည့်ရင်အဲ့ထဲမှာ တိုင်းရင်းသား အမျိုးသမီး သတင်းထောက် ဘယ်လောက်ဘဲရှိနို်င်မလဲ၊ သျှမ်းထဲမှာကော အမျိုးသမီးသတင်းထောက် ဘယ်လောက်ဘဲရှိနိုင်မလဲ၊ ဒါကြောင့် သျှမ်းအမျိုးသမီးတွေ သတင်းမီဒီယာ အလုပ်လုပ်နေတာ အနည်းငယ်ဘဲရှိနေသေးတယ်ဆိုတာကို တွေ့ရပါတယ်။

ဘယ်လိုအခက်အခဲတွေရှိသလဲလို့မေးလာရင် ဘယ်အလုပ်မဆို စ လုပ်ရင်တော့ အခက်အခဲဆိုတာရှိစမြဲပါဘဲ၊ ဗုဒ္ဓသာသနာ ထုံးတမ်းစဉ်လာအရ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဘုန်းကံမမြင့်ဘူးလို့ ယုံကြည်ထားလို့ အမျိုးသမီး သတင်းထောက်တွေကြားထဲမှာလည်း သတင်းယူတဲ့ပိုင်းမှာ အနည်းငယ် အခက်ခဲရှိတယ်။ အမျိုးသမီး သတင်းထောက်ဆိုရင် သတင်းပေးသူတွေက သိပ်ပြီး သတင်းအချက် အလက်တွေ မဝေမျှချင်ဘူး။

ကျမ ကိုယ်တိုင်ကြုံဖူးတယ်။ သျှမ်းပြည်ထဲက လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့က အရာတစ်ဦးက ကျမအမျိုးသားဆီကို သတင်းအချက်အလက်တွေပေးဖို့ ဖုန်းဆက်လာတယ်။ အမျိုးသား မအားလို့ ကျမဖုန်းကိုင်တယ်။ သတင်းအချက်အလက်တွေကို အမျိုးသားနဲ့တွေ့မှဘဲပေးတော့မယ် ဆိုတာရှိဖူးတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေလောက် မဆုံးဖြတ်တတ်ဘူး လို့ပြောပါတယ်။ ဒါမျိုးတွေဟာ အမျိုးသမီးသတင်းထောက်တွေအတွက် အခက်အခဲတခု စိန်ခေါ်မှု တခုဖြစ်နေပါတယ်။

နောက်တစ်ခုက ဥပမာ ဘာသာရေးပွဲတော်တွေလိုမျိုးပေါ့။ သတင်းယူဖို့ ဓါတ်ပုံတွေ ဗီဒီယိုကလစ်တွေ ယူဖို့ အရမ်းအခက်အခဲဖြစ်ရပါတယ်။

သို့ပေမယ့် မီဒီယာဟာ လူမှုရေး နိုင်ငံရေး ငြိမ်းချမ်းရေး ဖွံ့ဖြိုးတိုးတက်ရေးအစရှိအရေးပါတဲ့လုပ်ငန်းတွေ အတွက်အရေးပါတဲ့တံခါးတချပ်မို့ စိတ်ဝင်စားစရာ စိတ်လှုပ်ရှားစရာ မီဒီယာတံခါးတချပ်ကို အမျိုးသမီးထုရဲ့လက်နဲ့ လှစ်ဟကြည့်ဖို့ ဖိတ်ခေါ်တိုက်တွန်းချင်တယ်။ မီဒီယာလုပ်ငန်းဟာ ဘက်မလိုက်ရဘဲ အလယ်တည့်တည့်မှာနေပြီးဖော်ပြရတာမို့ ပျော်စရာကောင်းသလို အမှန်တရားဘက်ကအမြဲရပ်တည်ရတာမို့ ကုသိုလ်လည်းရနိုင်တဲ့အလုပ်တခုဖြစ်ပါတယ်။

ကနေ့ခေတ်မှာ အမျိုးသမီးတွေရဲ့နေရာဟာ အရင်ခေတ်ကလို မီးဖိုချောင်ထဲမှာဘဲ ခြံဝင်းထဲမှာဘဲ မဟုတ်တော့ပါဘူး။ ကျမတို့ မျက်စိပိတ် နားပိတ်ခံရတာ အတော်ကြာပါပြီ။ အင်တာနက်တံခါးကိုဖွင့်ပြီးတော့ ကိုယ်စိတ်ပါ၀င်စားရာကို အလွယ်တကူ လေ့လာနိုင်ပါပြီ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

မေ့လာတာ အသက်ကြီးလာလို့ပဲလား

0
အပြင်သွားရင် အိမ်သော့ယူခဲ့မယူခဲ့ မေ့တတ်ကြလား။ အိမ်တံခါး သော့ခတ်၊ မခတ်ခဲ့ မသေချာလို့ အိမ်ပြန်ပြီး သွားကြည့်ဖူးကြလား။ အိမ်သော့အထဲမှာကျန်ခဲ့လို့ သော့ပြင်ဆရာ ခဏခဏ ခေါ်ရတဲ့ဖြစ်ရပ်လည်း ရှိတယ်မလား။ မေ့လွန်းလို့ ဟင်းအိုးတူးသွားတာ၊ ကြက်ဥပြုတ်ထားပြီး မီးပေါ်မှာ မေ့ထားမိတာမျိုးရော ရှိဖူးကြလား။ ဒီနေ့မနက် ဘာစားခဲ့တယ်ဆိုတာ ညရောက်တော့ ပြန်စဉ်းစားလို့ မရတော့တာမျိုးရော...

ဗီယက်နမ်ရင်းနှီးမြှုပ်နှံသူများကို အာဏာသိမ်းသမ္မတ ဖိတ်ခေါ်

0
မြန်မာနိုင်ငံအတွင်း နိုင်ငံရေးမတည်ငြိမ်မှုနှင့် တိုက်ပွဲဖြစ်ပွားမှုကြောင့် စီးပွားရေး အကြီးအကျယ် ကျဆင်းနေချိန်တွင် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ဗီယက်နမ်နိုင်ငံသို့ သွားရောက်ကာ မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်များနှင့် စိုက်ပျိုးရေးကဏ္ဍများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဗီယက်နမ်လုပ်ငန်းရှင်များကို ဖိတ်ခေါ်လိုက်သည်။ ယမန်နေ့ စက်တင်ဘာလ ၆ ရက်က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ Melia Hotel တွင်...

စာဖတ်ခြင်းအလေ့အထ

0
ယခုရက်ပိုင်းအတွင်း ကျနော် စာအုပ်မဖတ်ဖြစ်သည်မှာ ကြာလှပြီ ဖြစ်သည်။ ယခင်က တလလျှင် အနည်းဆုံး စာအုပ်တအုပ် ဖတ်မည်ဟု ကိုယ့်ကိုယ်ကိုယ် ကြုံးဝါးခဲ့ဖူးသည်ကို မှတ်မိနေသေး၏။ သို့သော်လည်း လက်တွေ့တွင်မူ ဖုန်းစကရင်ပေါ်မှ ဗီဒီယိုနှင့် ဇာတ်လမ်းတိုများကို ကြည့်ကာ အချိန်များ ကုန်ဆုံးနေခဲ့သည်။ တကယ်တော့ စာဖတ်ခြင်းဆိုသည်မှာ ပညာဗဟုသုတ တိုးပွားရန်နှင့် အတွေးအခေါ်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...