စယ်လန့် တိုက်ပွဲအတွင်း ဘုန်းကြီးကျောင်း အပါအဝင် စာသင်ကျောင်း၊ နေအိမ် စုစုပေါင်း ၁၀ လုံးပျက်စီး

သျှမ်းပြည် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအတွင်း တိုက်ပွဲဖြစ်ပွားပြီးနောက် ကျေးရွာဘုန်းကြီးကျောင်း အပါအဝင် စာသင်ကျောင်း၊ နေအိမ် စုစုပေါင်း ၁၀ လုံး ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။

.

ပြီးခဲ့သည့် သြဂုတ် ၂၈ ရက်မှစပြီး စယ်လန့်ကျေးရွာအတွင်း စစ်ကောင်စီတပ် နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းကြောင့် အရပ်သား ၂ ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း နှင့် နေအိမ် ၆ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း စယ်လန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

Photo – Credit ( တိုက်ပွဲတွင်း ထိခိုက်ပျက်စီးဆုံးရှုံးသွားသော ပစ္စည်းများ)

“တိုက်ပွဲကြောင့် နေအိမ်တစ်လုံး မီးလောင် ပြာကျသွားတယ်။ လယ်ထွန်စက်၊ ကား၊ ထော်လာဂျီ၊ သုံးဘီးတွေကောမီးထဲပါသွားတယ်။ စုစုပေါင်း ကျပ်သိန်း ၃၀၀ လောက် တန်ဖိုးရှိတယ်။ ပြီးတော့ လွိုင်တေးမိန်းဘက်က ကျောင်းတွေကောပါတယ်။ အဲ့ဒီ နေရာတွေက စာသင်တဲ့နေရာတွေ“ ဟု ၎င်း အမျိုးသားက ပြောသည်။

အဆိုပါ တိုက်ပွဲကြောင့် မီးလောင်ပျက်စီးသွားသည့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း နှင့် နေအိမ်များကို မည်သည့် လက်နက်ကိုင်တပ်ဖွဲ့များမှ တာဝန်ယူပြီး ဖြေရှင်းပေးခြင်း မရှိပေ။

အလားတူ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် စယ်လန့် (အထက) စာသင်ကျောင်းသည်လည်း လက်ရှိ ပြန်လည် ဖွင့်လှစ်၍ မရသေးသလို မပေါက်ကွဲသေးသည့် လက်နက်ကြီးများလည်း တွေ့ရှိနေကြောင်း သိရသည်။

“စယ်လန့်က ကလေးတွေတော့ အခုထိ ကျောင်းမှာ ပြန်တက်လို့ မရသေးဘူး။ ဘုန်းကြီးကျောင်းက ဇရပ်မှာ ရွှေ့ပြီးစာသင်ရတယ်။ ဘာလို့လဲဆို အခုထိ ကျောင်းမှာက မပေါက်ကွဲသေးတဲ့ လက်နက်ကြီးတွေလည်း တွေ့သေးတယ်။ တိုက်ပွဲဖြစ်တုန်းက စစ်ကောင်စီ နဲ့ မြို့မပြည်သူ့စစ်တွေက လာနေတာ။ လက်နက်ကြီးကြောင့် အခု ကျောင်းဆောင်က တော်တော်လေး ပျက်စီးနေတယ် “ ဟု စယ်လန့်ဒေသခံ တစ်ဦးက ဆက်ပြောသည်။

လက်ရှိမှာ ပျက်စီးသွားသည့် အဆောက်အအုံများကို တိုက်ပွဲအတွင်း စစ်ကောင်စီတပ် နှင့် TNLA တပ်တို့အနေဖြင့် တာဝန်ယူပြီး နစ်နာသူများထံ လျော်ကြေးပြန်ပေးစေလိုကြောင်း စယ်လန့်ပြည်သူများက တောင်းဆိုနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူသတ္တုတွင်း ဝန်ထမ်းအိမ်ရာများကို TNLA ကဖယ်ရှားခိုင်း

0
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့ပေါ်ရှိ သတ္တုတွင်း ဝန်ထမ်းအိမ်ရာတွင်နေထိုင်သူများကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဖယ်ရှားရန် ညွှန်ကြားထားသောကြောင့် နှစ်ရှည်လများ အခြေချနေထိုင်လာသည့် အငြိမ်းစားဝန်ထမ်းများနှင့် မိသားစုဝင်များမှာ အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ နမ္မတူမြို့ သတ္တုတွင်းရပ်ကွက် (၄) ရှိ ဝန်ထမ်းအိမ်ရာများတွင် နေထိုင်သူများကို TNLA အုပ်ချုပ်ရေးအဖွဲ့က...

နမ့်ခမ်းမြို့အနီးထိ MNDAA ဒရုန်းဗုံးကျရောက်

0
သျှမ်းပြည် နမ့်ခမ်းမြို့အနီးထိ ကိုးကန့်တပ်ဖွဲ့ MNDAA ပစ်ခတ်သည့် ဒရုန်းဗုံးများ ကျရောက်နေခြင်းကြောင့် မြို့ပေါ်ရှိ အရပ်ဖက်လူမှုအဖွဲ့အစည်း ဝန်ထမ်းများကို TNLA ဘက်မှ တိမ်းရှောင်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၆ ရက်) နံနက် ၆ နာရီခွဲကျော်မှ စတင်ပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA...

ကွတ်ခိုင်-နမ့်ခမ်းကြား TNLA နှင့် MNDAA တိုက်ပွဲပြင်းထန်၊ မိုင်းယုလေးဒေသကို MNDAA ထိန်းချုပ်

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်တွင် ဖြစ်ပွားနေသည့် TNLA နှင့် MNDAA ကြား မြေပြင်တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေပြီး နမ့်ခမ်းမြို့ဘက်သို့ ဦးတည်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၅ ရက်) နံနက် ၃ နာရီကျော်မှ စတင်၍ ကွတ်ခိုင်မြို့ပြင်ဘက်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...

ကွဲအက်ရာကို ကျော်လွှားပြီး စုပေါင်းအားနဲ့ အာဏာရှင်ကို ရင်ဆိုင်နိုင်ဖို့

0
မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ တရားဝင်အခင်းအကျင်းရဖို့ ဟန်ပြရွေးကောက်ပွဲကျင်းပပြီး တရားဝင်လွှတ်တော်၊ တရားဝင်အစိုးရ၊ တရားဝင်သမ္မတ နေရာရဖို့ အာဏာသိမ်းစစ်တပ်က လုံးပမ်းနေချိန်မှာ သျှမ်းပြည်တိုင်း ရင်းသား လက်နက်ကိုင်အုပ်စုကြားမှာ ယှဉ်ပြိုင်မှုတွေ ပြည့်နှက်လာပြီး ပဋိပက္ခတွေဟာ နေ့စဉ်နဲ့အမျှ တိုးများလာနေပါတယ်။ TNLA နဲ့ KIA ၊ TNLA နဲ့ SSPP ၊...

သိန္နီတွင် MNDAA က ညမထွက်ရအမိန့်ထုတ်ပြန်၊ MNDAA နှင့် TNLAကြား စစ်ရေးတင်းမာနေ

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် ယနေ့ညမှ စတင်ကာ ည ၈ နာရီနောက်ပိုင်း အပြင်မထွက်ရန် ညမထွက်ရအမိန့်ကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က ရုတ်တရက် ထုတ်ပြန်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါအမိန့်သည် ကွတ်ခိုင်မြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် တအာင်းတပ်ဖွဲ့ (TNLA) တို့ကြား တိုက်ပွဲများ...