အင်းလေး လူမှုရေးအသင်း နိုင်ငံရေး နှင့်ပတ်သက်ပြီး ပြောဆိုပါက အရေးယူခံရမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်

သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ လူမှုကူညီရေးအသင်းများ နိုင်ငံရေး နှင့် ပတ်သက်ပြီး ပြောဆိုမှုရှိပါက အဖွဲ့အစည်းကို ဖျက်သိမ်းပြီး အရေးယူခံရမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်ထားကြောင်း စုံစမ်းသိရသည်။

.

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အင်းလေးဒေသအတွင်း နိုင်ငံရေးအခြေအနေ နှင့် ပတ်သက်၍ မီဒီယာများထံ ဖြေကြားပေးသည့်အပြင် နိုင်ငံရေး နှင့် ပတ်သက်စပ်ဆက်မှုရှိပါက အဖွဲ့အစည်းဖျက်သိမ်း ခံရမည်ဖြစ်ပြီး အရေးယူခံရမည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးမှ အစည်းအဝေးခေါ်ယူကာ ပြောဆိုခဲ့ကြောင်း လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင် တစ်ဦးက ပြောသည်။

“အခု ကျနော်တို့ ပရဟိတ အလုပ်လုပ်နေတော့ မြို့နယ်မှူးက အစည်းအဝေးခေါ်ပြီးပြောတယ်။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး မပြောဖို့၊ တကယ်လို့ နိုင်ငံရေးနဲ့ ပတ်သက်လာမယ်ဆိုရင် ပရဟိတ အဖွဲ့ ဖျက်သိမ်းခံရမယ်။ နောက်ပရဟိတ ထဲက အကြီးပိုင်းတွေ အရေးယူခံရမယ်လို့ ပြောထားတယ် “ ဟု ၎င်းက ပြောသည်။

အဆိုပါ ခြိမ်းခြောက်ထားခြင်းကြောင့် အင်းလေးဒေသရှိ လူမှုကူညီရေး ပရဟိတ အသင်းများသည် လွတ်လွတ်လပ်လပ် ပြောဆိုခွင့်မရှိသလို လုပ်ဆောင်ခွင့်လည်း မရှိပေ။

အလားတူ လာမည့်သီတင်းကျွတ်လဆန်း ၁ ရက်မှ လပြည့်ကျော် ၃ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် အင်းလေး ဘုရားပွဲတော်အတွင်း လောင်းကစားဝိုင်းများ၊ ပျော်ပွဲ ရွှင်ပွဲများ ထည့်သွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“အင်းထဲမှာ ဘုရားပွဲလုပ်ပြီး နောက်ညောင်ရွှေမှာ ပျော်ပွဲရွှင်ပွဲတွေ လုပ်ခိုင်းတယ်။ ပျော်ပွဲ ရွှင်ပွဲလုပ်ခိုင်းတာက သူတို့ ပိုက်ဆံ ရတယ်လေ။ လောင်းကစားတွေလည်း သူတို့ ပိုက်ဆံ အများကြီးရတယ်။ အဲ့ကြောင့် အခုအဲ့ဒါတွေ လုပ်ဖို့စီစဉ်နေတာ “ ဟု အင်းလေးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့က လှုပ်ရှားနေလျက်ရှိပြီး ငါးရှေ့ာတိုက်သူကို ဖမ်းဖို့အတွက် စက်လှေခဆိုပြီး တစ်အိမ်လျှင် ကျပ်ငွေ ၂ ထောင်ကျပ် ကောက်ခံမှုရှိနေကြောင်း၊ စစ်သင်တန်း စားရိတ်အတွက် တစ်အိမ်လျှင် တစ်လ ကျပ်ငွေ ၂,၅၀၀ ကောက်ခံနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

အင်းလေးဒေသတွင် အခြားတိုင်းရင်းသားများကို ပိတ်ပင်မည်ဟုဆိုသည့် ထုတ်ပြန်ချက်အတု

0
လတ်တလော လူမှုကွန်ရက်စာမျက်နှာများတွင် “အင်းတိုင်းရင်းသားများ သဘောထားထုတ်ပြန်ချက်” ဟူသည့် ခေါင်းစဉ်ဖြင့် အင်းလေးဒေသအတွင်း အခြားတိုင်းရင်းသားများ လာရောက်ခြင်းနှင့် စီးပွားရေး လုပ်ကိုင်ခြင်းများကို ပိတ်ပင်မည်ဟုဆိုသော စာတစ်စောင် ပျံ့နှံ့နေသည်။ ပျံ့နှံ့နေသော စာတွင် ၂၀၂၆ ခုနှစ် ဇူလိုင်လမှ စတင်ကာ အင်းလေးဒေသအတွင်း ကျင်းပသည့် ဘုရားပွဲ၊ စာတော်ပြန်ပွဲများသို့ အင်းတိုင်းရင်းသားမှလွဲ၍...

အင်းလေးဒေသကို နယ်မြေတိုးချဲ့ရန် အစီအစဉ်မရှိကြောင်း PNO ပြော

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသကို ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ထည့်သွင်းရန်နှင့် နယ်မြေတိုးချဲ့ရန် အစီအစဉ် လုံးဝမရှိကြောင်း ပအိုဝ်းပြည်သူ့စစ် (PNO) ဇွန်လ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အင်းလေးဒေသအား ပအိုဝ်းကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း သွတ်သွင်းမည့် ထိပ်တန်းလျှို့ဝှက် ညွှန်ကြားချက်စာတစ်စောင် လူမှုကွန်ရက်တွင် ပျံ့နှံ့နေမှုအပေါ် PNO ဗဟိုဌာနချုပ်ရုံးက ထုတ်ပြန်လိုက်ခြင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...