ငွေကြေးဖောင်းပွမှုကြောင့် ကုန်စုံဆိုင်တချို့ ပိတ်သိမ်း

သျှမ်းပြည် တောင်ကြီးမြို့ရှိ ကုန်စုံဆိုင်တချို့ ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် ဆိုင်များ ပိတ်သိမ်းထားလိုက်ရကြောင်း စုံစမ်း သိရှိရသည်။

.

ပြီးခဲ့သည့် သြဂုတ်လ ဒုတိယပတ်အတွင်းတွင် မြန်မာကျပ်ငွေ ၁ သိန်းလျှင် ထိုင်းဘတ် ၁ ထောင်အောက်အထိ ကျဆင်းသွားခဲ့သည့်အတွက် ကုန်စုံဆိုင်များ ပိတ်သိမ်းထားလိုက်ရကြောင်း တောင်ကြီး ကုန်စုံဆိုင် ပိုင်ရှင် တစ်ဦးကပြောသည်။

“ ဆိုင်တွေ ပိတ်သိမ်းလိုက်တာတော့ရှိတယ်။ ကုန်စုံဆိုင်တွေလည်း ပိတ်တာတွေရှိတယ်။ အများအားဖြင့်တော့ စားသောက်ဆိုင်တွေ ပိတ်လိုက်ကြတာပေါ့။ ဈေးနှုန်းကလည်း မတည်ငြိမ်ဘူးလေ။ ဒီနေ့ဈေးနဲ့က အမြတ်ဆိုရင် မနက်ဖန်က အရင်းဖြစ်သွားတယ်။ နောက်တစ်နေ့ဆိုရင် အရှုံးပေါ်သွားတယ်။ အဲကြောင့် ကုန်ဈေးနှုန်း တစ်ချို့တွေက ပိတ်လိုက်ရတာဖြစ်တယ်” ဟု တောင်ကြီး ကုန်စုံဆိုင် ပိုင်ရှင်တစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းမှု (၂) နှစ်တာ ကာလအတွင်း နိုင်ငံရေး အခြေနေကြောင့် စီးပွားရေး ကျဆင်းလာခြင်း ဖြစ်သည်။

အလားတူ စစ်အာဏာသိမ်းမှု (၂) နှစ်တာ ကာလအတွင်း နိုင်ငံရေး အခြေနေကြောင့် စီးပွားရေး ကျဆင်းလာခြင်း၊ ကုန်စျေးနှုန်း မြင့်တက်လာခြင်းသည် ယခင်က ကြက်ဥ (၅) လုံးကို ၁ ထောင်ကျပ်သာ ပေးရပေမယ့် ယခုနောက်ပိုင်း ကြက်ဥ (၃) လုံးကို ၁ ထောင်အထိ စျေးနှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။

ကုန်စျေးနှုန်း မြင့်တက်ခဲ့သည့်အတွက်ကြောင့် ပင်လောင်းမြို့နယ်အတွင်း တောထဲတွင် စစ်ရှောင်နေရသည့် စစ်ဘေးရှောင်များလည်း ထောက်ပံ့မှု မရှိတော့သည့်အတွက်ကြောင့် စားဝတ်နေရေးအတွက် ခက်ခဲနေကြောင်း စစ်ရှောင်များကို ကူညီပေးသူ တစ်ဦးက ပြောသည်။

“အခက်ခဲကတော့ လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲတာပေါ့။ စားဝတ်နေရေးအတွက် ကူညီဖို့ဆိုရင်လည်း ထောက်ပံ့မှုကလည်း မရှိဘူး” ဟု စစ်ရှောင်များကို ကူညီပေးသူ တစ်ဦးကပြောသည်။

ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် ပြည်သူများ စားဝတ်နေရး ခက်ခဲလာကြပြီး ငွေကြေးလုံလောက်မှု မရှိတော့သဖြင့် အခက်ခဲ ကြုံတွေ့နေရသည်။

“အရင်ဆိုရင် တောင်ကြီးတစ်ခါသွားရင် ၁ သိန်းလောက်ဆို လုံလောက်ပြီ။ အခုဆိုရင် အနည်းဆုံး ၅ သိန်းလောက်ရှိမှ သွားလာလို့ရတယ်။ ကျနော်တို့လည်း အခုဆို ဘယ်မှ မသွားနိုင်တော့ဘူး။ မလိုအပ်တဲ့ ပစ္စည်းတွေလည်း မဝယ်တော့ဘူး။ တကယ်လိုအပ်မှပဲ ပစ္စည်းတွေကို ဝယ်တယ်။ ဈေးတွေကလည်း အကုန်လုံး မြင့်တက်သွားတယ်” ဟု ပင်လောင်းဒေသခံ တစ်ဦး ကပြောသည်။

မြန်မာ ကျပ်ငွေ ၂ သောင်းတန်ထွက်လာပြီးနောက်ပိုင်း မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းလာခဲ့ပြီး စင်္ကာပူ အခြေစိုက် UOB ဘဏ်မှလည်း မြန်မာလုပ်ငန်းရှင်များ၏ လုပ်ငန်းသုံးငွေလွှဲ ငွေပေးချေမှု ယာယီဆိုင်းငံ့လိုက်သည့်အတွက်ကြောင့် ငွေစျေး ထပ်မံကျဆင်းလာခဲ့ရကြောင်း သိရသည်။

မြန်မာကျပ်ငွေ စျေးနှုန်းတန်ဖိုး ကျဆင်းလာသည့်အတွက်ကြောင့် ကျပ်ငွေကိုင်ဆောင်သူများလည်း နည်းပါးလာခဲ့သည်။

အလားတူ စစ်ကောင်စီသည် သြဂုတ် (၂၀) ရက်က လူတစ်ဦးကို ဒေါ်လာ ၁ သောင်း ကိုင်ဆောင်ခွင့် ရှိသော်လည်း အဆိုပါ ငွေကို (၆) လအထက် လက်ထဲ ထားခွင့်မရှိကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...