ယခုလဆန်းပိုင်းအတွင်း တရုတ်ငွေ ၁၀၀ ယွမ်လျှင် ကျပ်ငွေ ၅ သောင်း ဝန်းကျင်အထိ မြင့်တက်နေ

ယခုလဆန်း နှစ်ပတ်အတွင်း တရုတ်ယွမ်ငွေ ၁၀၀ ယွမ်ကို ကျပ်ငွေ ၅ သောင်းဝန်းကျင်အထိ မြင့်တက် လာနေကြောင်း စုံစမ်းသိရသည်။

.

ပြီးခဲ့သည့် ဇူလိုင် ၃၁ ရက်မှစပြီး ကျပ်ငွေ ၂ သောင်းတန် ငွေစက္ကူကို ထုတ်ဝေပြီးနောက်ပိုင်း ငွေကြေးဖောင်းပွမှု ဖြစ်ပေါ်ကာ တရုတ်နယ်စပ်ဒေသ မူဆယ်မြို့တွင် တရုတ်ယွမ်ငွေ ဈေးနှုန်းမြင့်တက်လာပြီး ကျပ်ငွေ တန်ဖိုးသည် နေ့စဉ်နီးပါး ဆက်တိုက် ကျဆင်းလာနေသည်။

ယနေ့ (သြဂုတ် ၁၁ ) ရက် တရုတ်နယ်စပ်ဒေသ မူဆယ်မြို့တွင် တရုတ်ယွမ်ငွေ လဲလှယ်ဈေးနှုန်း ၁၀၀ ယွမ်ကို ကျပ်ငွေ ၄၇,၀၀၀ ကျော်၊ (၅) သောင်းဝန်းကျင် အထိ ဈေးနှုန်းမြင့်တက်လာနေကြောင်း မူဆယ်မြို့ကုန်သည် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းပြည်တွင်း စျေးသည်

“ယွမ်ဈေးကတော့ တစ်နေ့ပြီး တစ်နေ့ တက်လာနေတာပဲ။ ဒီနေ့ ၁၀၀ ယွမ်ကို ကျပ် ၄၇,၀၀၀ အထိ ထပ်တက်လာတယ်။ ၅ သောင်းအထိတော့ မရောက်သေးဘူး။ နောက်နေ့ ဒီထက် တက်လာနိုင်မလားတော့ မပြောတတ်ဘူး “ ဟု ၎င်းအမျိုးသမီးတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ တရုတ်ယွမ်ငွေ ဈေးနှုန်းမြင့်တက်လာခြင်းနှင့်အတူ တရုတ်ပြည်တွင်းထုတ် ကုန်ပစ္စည်းများလည်း ဈေးနှုန်း မြင့်တက်လာနေပြီး တစ်ဖက်တွင် ငွေကြေးဖောင်းပွမှု ကယက်ထမှုကြောင့် ကုန်ဈေးနှုန်းသည်လည်း မြင့်တက်နေလျက်ရှိကြောင်း သိရသည်။

လက်ရှိမှာ စားသုံးဆီ (၅၀ လီတာ) တစ်ဗူးကို ကျပ်ငွေ ၂ သောင်းကျော်အထိ ရှိပြီး ဆန် (၁၀၀ ကီလို) တစ်အိတ်ကို ကျပ် ၉ သောင်းအထိ မြင့်တက်လာသဖြင့် ဝယ်ယူစားသုံးရန်အတွက် အခက်ခဲ ရှိလာနေကြောင်း မူဆယ်မြို့ဒေသခံ အိမ်ရှင်မတစ်ဦးက ပြောသည်။

“ အခုက ကျပ်ငွေ ၂ သောင်းတန်ထုတ်ပြီး ဈေးကွက်ထဲမှာ အဲ့ငွေက အများကြီး မရောက်သေးတာပါ။ ကျနော်တို့ ပြည်သူတွေတော့ အဲ့ငွေ စက္ကူကို လက်ထဲမှာ မကိုင်ရဲဘူး။ ဒီ ကျပ်ငွေ ၂ သောင်းတန် ပိုထွက်လာလေလေ ကျနော်တို့ပြည်သူတွေ ပိုဒုက္ခရောက်မှာ။ အစစအရာရာ ဝယ်စားဖို့အတွက် ခက်လာမယ် “ ဟု ၎င်း အိမ်ရှင်မတစ်ဦးက ပြောသည်။

အလားတူ ထိုင်း – မြန်မာ နယ်စပ်ဒေသ တာချီလိတ်မြို့တွင်လည်း ကျပ်ငွေ ၂ သောင်းတန် ထုတ်ဝေပြီး ငွေကြေးဖောင်းပွမှုကြောင့် ယနေ့ ထိုင်းဘတ်ငွေလဲလှယ်ဈေးနှုန်း ၁၀၂၅ ဘတ်ကို ကျပ် ၁ သိန်း အထိ ရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...