သျှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်နှင့် သျှမ်းအမျိုးသားနိုင်ငံရေးဂုဏ်သိက္ခာ

သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ND ကျင်းပဖို့ ယမန်နှစ် နှစ်နှောင်းပိုင်းကတည်းက ပြင်ဆင်လာခဲ့ကြတာဖြစ်ပါတယ်။ အဲဒီဆွေးနွေးပွဲအကောင်အထည်ဖော်ဖို့အတွက် ၂၀၁၇ နှစ်ဆန်းက တောင်ကြီးမြို့မှာ Workshop ပြုလုပ်ပြီး သျှမ်းပြည်မြို့နယ်အများအပြားအပြင် ထိုင်းနိုင်ငံ ချင်းမိုင်၊ ဘန်ကောက်ရောက် သျှမ်းလူထုနဲ့လဲ သွားရောက် တွေ့ဆုံရှင်းလင်းခဲ့ ပေမယ့်ကနေ့ထိ ဆွေးနွေးပွဲမကျင်းပဖြစ်သေးပါဘူး။

ထိုစဉ်အချိန်က သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို သျှမ်းပြည်မြို့တော် တောင် ကြီးမြို့သို့မဟုတ် ပြည်ထောင်စုသန္ဓေတည်ရာ ပင်လုံမြို့ မှာပြုလုပ်ဖို့ သျှမ်းခေါင်းဆောင်တွေ သဘောတူခဲ့ကြပါတယ်။

အစိုးရနဲ့တပ်မတော်ဘက်က သျှမ်းလူထု ဆန္ဒရှိတဲ့မြို့ကြီး ၂ နေရာမှာကျင်းပခွင့်မပေးဘဲ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့ ၊ သံလွင်အရှေ့ခြမ်း မိုင်းတုံမြို့နယ်အတွင်းရှိ မိုင်းတော့ မိုင်းထားတွေမှာကျင်းပဖို့ ပြောဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီးအစိုးရတပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ်ကြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကတော့ NCA လက်မှတ်ရေးထိုးခြင်း ၂ နှစ်ပြည့်အခမ်းအနားမှာ- ‘‘တိုင်းရင်းသားများ၏လိုလားချက်များနှင့် သဘောထားဆန္ဒများကိုအခြေခံပြီး ပါဝင်သင့်သူ အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများကို NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများရှိတဲ့ သတ်မှတ်နယ်မြေများတွင် ကျင်းပသွားရမှာဖြစ်ပါတယ်။’–လို့ ပြောပါတယ်။

ဒီကိစ္စအပေါ် နိုင်ငံရေးစောင့်ကြည့်လေ့လာသူတွေကတော့ – တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ ထိန်းချုပ်နယ်မြေကလွဲလို့ ဘယ်နေရာမှာမှ ကျင်းပခွင့် မပေးဘူးဆိုတော့ – တောင်ကြီး ၊ ပင်လုံ၊ ကျိုင်းတုံမပြောသေးနဲ့ မိုင်းပန်၊ မိုင်းထား ကလွဲလို့ တခြားသောမြို့တွေမှာလဲ ကျင်းပ ခွင့်ရမယ့်ပုံမပေါ်ဘူး – လို့ပြောပါတယ်။

သျှမ်းတောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ SADG ဥက္ကဌ စိုင်းဆေဟန်ကတော့ “ သျှမ်းပြည်က NCA လက်မှတ်ရေးထိုးတဲ့အဖွဲ့ ၂ ဖွဲ့ရှိတယ်။ ပအိုဝ်း PNLO နဲ့ သျှမ်း RCSS/SSA ပေါ့နော်။ ပအိုဝ်းတွေက ဟိုပုံးမှာ ND ကျင်းပခွင့်ပေးတယ်။ သျှမ်းတွေကျတော့ မိုင်းတော့ မိုင်းထား သို့မဟုတ် မိုင်းပန် မှာလုပ်ခိုင်းတယ်။ အခုတော့ နဲနဲလျှော့ပေးတယ်ပြော ရမှာပေါ့။ လင်းခေးမှာကျင်းပမယ်ဆိုရင် ကျင်းပခွင့်ရမယ့်အနေအထားရှိတယ် ”- လို့ ပြောပါတယ်။

မင်္ဂလာစည်တော်ပါတီ ESSDDP ရဲ့ ဒုဥက္ကဌ စိုင်းဆမ်တစ်ဆေ ကတော့ – “ ဒီကိစ္စက အမျိုးသားရေး၊ နိုင်ငံရေး ကိစ္စဖြစ်တယ်။ နိုင်ငံရေးအနေနဲ့ကြည့်ရင် တန်းတူညီမျှရေးအတွက် တောင်ကြီးမှာ ဘဲလုပ်သင့်တယ်…..” – လို့ပြောပါတယ်။

တောင်ကြီးမြို့မှာ ယခုနှစ်ဖေဖော်ဝါရီလတုန်းက ကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲ Workshop မှာ လူဦးရေ ၅၀၀ ကျော်တက်ရောက်ပြီး နိုင်ငံရေးပါတီများ၊ လက်နက်ကိုင်တပ်ဖွဲ့များ၊ လူမှုရေးအသင်းဖွဲ့များ၊ စာပေယဉ်ကျေးမှုအသင်း အဖွဲ့ပေါင်းစုံက ကိုယ်စားလှယ်တွေ တက် ရောက်ပါတယ်။

စိုင်းဆေဟန်က – NCA လက်မှတ်ရေးထိုးတာက RCSS/SSA ။ အစိုးရ အနေနဲ့က RCSS/SSA ဟာ သျှမ်းပြည်လူထုတရပ်လုံးအတွက် ကိုယ်စားမပြုမဟုတ်ဘူး။ RCSS/SSA နာမည်နဲ့ ၎င်း တို့ ထိန်းချုပ် နယ်မြေမှာဘဲ လုပ်စေချင်တယ်။ ဒါပေမယ့် သျှမ်း ND လုပ်ဖို့က CSSU နာမည် နဲ့ တောင်ကြီး သို့မဟုတ်ပင်လုံမှာလုပ်ဖို့ပြင်ဆင်တယ်။ ဒါဖြစ်ဖို့တော့ မလွယ်ဘူးလို့မြင်မိ တယ်။ လင်းခေးဆိုရင် ခရိုင်ရုံးစိုက်ရာမြို့ဖြစ်တဲ့အတွက် အဆင်ပြေမယ်လို့ယုံကြည်တယ်။ – လို့ဆက်ပြောပါတယ်။

TYN သျှမ်းလူငယ်ကွန်ယက်ခေါင်းဆောင် စိုင်းနော်ဆိုင်ကတော့ တခြားမြို့မှာ ND ကျင်းပ မယ်ဆိုရင်တော့ မသင့်တော်ဘူး။ သျှမ်းတွေအတွက် နိုင်ငံရေးဂုဏ်သိက္ခာ နဲ့ကိုက်ညီမယ့် တောင်ကြီးသို့မဟုတ် ပင်လုံ တနေရာရာမှာဘဲ ကျင်းပသင့်တယ်လို့ အခုလိုပြောပါတယ်။

“မိုင်းပန်၊ မိုင်းတော့ ၊ မိုင်းထားမှာလုပ်မယ်ဆိုရင် လူအင်အား ၄၀၀-၅၀၀ လောက်ဆိုရင် နေဖို့စားဖို့နေရာ၊ သွားရေးလာရေး အဆင်ပြေမှာမဟုတ်ဘူး။ ဒါနိုင်ငံရေးအမြင်နဲ့ကြည့် မယ်ဆိုရင်လည်း အထင်သေးရာကျတယ်လို့မြင်ပါတယ်။ ကျနော်တို့ လူကြီးတွေ ခေါင်းဆောင်တွေလည်း သူတို့ချမှတ်ပေးတဲ့နေရာသွားလုပ်ချင်မှာမဟုတ်ဘူး” – လို့ စိုင်းနော်ဆိုင်က ပြောပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် RCSS/SSA ခေါင်းဆောင်ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ်က ပြီးခဲ့တဲ့ စက်တင်ဘာလက တကြိမ်၊ အောက်တိုဘာလထဲမှာတကြိမ် နေပြည်တော် ကိုရောက် ရှိခဲ့ပါတယ်။

အဲဒီခရီးစဉ်တွေနဲ့ ပတ်သက်ပြီး အောက်တိုဘာ ၁၇-၁၈ ရက်နေ့က လူထု နဲ့ တောင်ကြီးမြို့ တွေ့ဆုံ ရှင်းလင်းပွဲမှာ သျှမ်း အမျိုး သားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ND မလုပ်ခင်မှာ Workshop တကြိမ် ထပ်မံ ကျင်းပမယ်။ အဲဒီ ဝေါ့ပ်ရှော့ပ် ပြီးရင် ကွင်းဆင်းပြီး သျှမ်းပြည် လူထုကို တွေ့ဆုံရှင်း လင်းဦးမှာမို့ သျှမ်း ND ကိုတော့ ဒီ ၂၀၁၇ ထဲမှာကျင်းပနိုင်တော့ မှာမဟုတ်ဘူးလို့ ပြောပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သေဒဏ်ပေးနိုင်သည့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ဥပဒေကြမ်းကို ရွေးတုလွှတ်တော် အတည်ပြု

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် ပေါ်ပေါက်လာသည့် ပြည်ထောင်စုလွှတ်တော်တွင် သေဒဏ်နှင့် တစ်သက်တစ်ကျွန်း ထောင်ဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုလိုက်ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် သဘောကွဲလွဲသည့် အွန်လိုင်းလိမ်လည်မှု...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

မိုင်းရှူး အမျိုးသား၄ဉီးကို စစ်တပ်က ပေါ်တာဆွဲဖမ်း

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့နယ် စစ်ကော်မရှင်တပ်က အရပ်သား (၄)ဉီးကို ပေါ်တာဆွဲ ဖမ်းဆီဂသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) မနက်ပိုင်းတွင် မိုင်းရှူးမြို့နယ် ပန်စွဲကျေးရွာအထွက် လမ်းပိုင်း၌ သွားလာနေသည့် အမျိုးသားအချို့ကို စစ်ကော်မရှင်၏ တပ်သားများက တားဆီးစစ်ဆေးပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိုင်းရှူးမြို့နေ ဖြစ်စဉ်ကို...

ဂျပန်နိုင်ငံတွင် ပြင်းအား ၇.၁ ငလျင်လှုပ်ခတ်၊ စျေးဝယ်စင်တာ ပေါက်ကွဲ သေဆုံးမှုရှိ

0
ဂျပန်နိုင်ငံတောင်ပိုင်း၊ ကူမာမိုတိုခရိုင် (Kumamoto Prefecture) တွင် ယမန်နေ့ (ဇူလိုင် ၂၈ ရက်) က ပြင်းအား ၇.၁ ရှိ ပြင်းထန်သော ငလျင် လှုပ်ခတ်ခဲ့ရာ လူသေဆုံးမှုရှိပြီး၊ သောင်းနှင့်ချီသော နေအိမ်များ လျှပ်စစ်မီး ပြတ်တောက်ကာ လမ်းပန်းဆက်သွယ်ရေးနှင့် စက်ရုံများ လည်ပတ်မှုများ...

အောင်ပန်း KTV နှင့်တွဲဖွင့်ထားသည့် Hi ခန်းများ အရေးယူရန် ဒေသခံများ တောင်းဆို

0
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ရှိ KTV များတွင် မူးယစ်ဆေးဝါးသုံးစွဲသည့် HI ခန်းများ ပြုလုပ်နေခြင်းနှင့် ဒုစရိုက်မှုများ များပြားလာခြင်းကြောင့် ဒေသခံပြည်သူများ အနှောင့်အယှက်ဖြစ်ကာ လုံခြုံရေးအတွက် စိုးရိမ်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ အောင်ပန်းမြို့ပေါ်ရှိ KTV ဆိုင်အချို့တွင် HI ခန်းများပြုလုပ်ကာ အော်ဟစ်ဆူညံခြင်း၊ လှည်းရိုးရပ်ကွက်အတွင်း စားသောက်ဆိုင်အမည်ခံကာ ပြည်တန်ဆာလုပ်ငန်းများ...