မူဆယ်မြို့နယ် စစ်ရေးတင်းမာနေဆဲ ၊ ဝါတွင်း ဘုန်းကြီးကျောင်းတက် အလှူလုပ်ရန် ဒေသခံများ ကြောက်လန့်နေ

သျှမ်းပြည် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအနီး စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက် ရေး တပ်မတော် (TNLA) တို့ အကြား စစ်အင်အားဖြည့်တင်းမှု အပြိုင်အဆိုင် ပြုလုပ်နေပြီး စစ်ရေးတင်းမာနေဆဲ ဖြစ်ကြောင်း သတင်း သိရသည်။

စယ်လန့်စျေး

ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက်မှစပြီး မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအနီး၌ တိုက်ပွဲပြန်လည် ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားများ နှင့် TNLA တပ်သားများသည် ကျေးရွာအတွင်း ဝင်ရောက်နေထိုင်ခဲ့ပြီး လက်ရှိအချိန်ထိ ထွက်ခွာသွားခြင်း မရှိသေးသောကြောင့် တိုက်ပွဲ ဆက်လက်ဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း စယ်လန့်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“အခုထိ ကားလမ်းမဘေး နဲ့ သင်္ချိုင်းအနားမှာ ရှိသေးတယ်။ ရွာထဲမှာတော့ ရှိနေတာ မတွေ့ရတော့ဘူး။ ကျမတို့လည်း အိမ်ထဲကနေ အပြင်ကို မထွက်ရဲဘူး။ တံခါးလည်း မဖွင့်ရဲဘူး။ သူတို့ ဝင်လာမှာကို အရမ်းကြောက်တယ်။ တိုက်ပွဲဆက်ဖြစ်မှာလည်း ကြောက်တယ် “ ဟု ၎င်း အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ စယ်လန့်ကျေးရွာအနီး လက်နက်ကိုင်တပ်ဖွဲ့များ နေထိုင်လျက်ရှိသောကြောင့် ဒေသခံများသည် ဝါတွင်းကာလတွင် ဘုန်းကြီးကျောင်း အလှူဒါန သွားပြုလုပ်ရန် စိုးရိမ်ကြောက်လန့်နေကြကြောင်း သိရသည်။

“အခု အချိန်ထိ ကြောက်နေရတုန်းဆိုတော့ ဘုန်းကြီးကျောင်းတက်ပြီး အလှူလုပ်ဖို့ကလည်း သူများကို စောင့်ကြည့်ရသေးတယ်။ ဒီနေ့ ညနေဆိုရင် ဘုန်းကြီးကျောင်းတက်ပြီး အလှူသွားလုပ်ရမယ့် ရက်လေ။ တချို့လည်း မသွားရဲဘူး။ စားဖို့သောက်ဖို့လည်း ဝယ်စုထားရတယ် “ ဟု စယ်လန့် အမျိုးသမီးတစ်ဦးက ထပ်လောင်းပြောသည်။

တိုက်ပွဲသည် ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်မှစ၍ ရက်ဆက် ဖြစ်ပွားခဲ့သောကြောင့် ဒေသခံများသည် တရုတ်နိုင်ငံ အတွင်းသို့ အပါအဝင် မူဆယ်မြို့ နှင့် ဆွေမျိုးမိတ်ဆွေရှိရာသို့ ထွက်ပြေးခိုလှုံနေကြပြီး တစ်ဖက်မှာ တိုက်ပွဲပြင်းထန်မှုကြောင့် တိုက်ပွဲအတွင်း ပိတ်မိနေသူများလည်း ရှိနေကြောင်း သိရသည်။

အလားတူ ဇူလိုင် ၂၅ ရက်တွင် စစ်ကောင်စီ တပ်ဖွဲ့မှ နမ့်အွမ်ကျေးရွာအုပ်စု ဆိုင်းခေါင် (ဝ်) ရွာအနီးကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်တချို့  ထိခိုက်ပျက်စီးရသည့်အပြင် အသက် ၄၀ နှစ်အရွယ် အမျိုးသားတစ်ဦး လက်နက်ကြီးထိမှန် သေဆုံးသွားခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...