စယ်လန့်ကျေးရွာအတွင်း တိုက်ပွဲထပ်မံဖြစ်၊ ဆိုင်ခန်းတွေ ပိတ်ထားရ

သျှမ်းပြည် မူဆယ်မြို့နယ် ၊ စယ်လန့်ကျေးရွာအတွင်း၌ အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ ထိတွေ့တိုက်ပွဲ ထပ်မံ ဖြစ်ပွားနေကြောင်း သိရသည်။

စယ်လန့်ကျေးရွာ

ယနေ့ (ဇူလိုင် ၂၉) ရက် မွန်းလွဲပိုင်း ၁ နာရီခွဲဝန်းကျင် မှ စတင်ကာ စယ်လန့်ကျေးရွာအုပ်စုရှိ နမ့်မွမ်းတောင်ကြော ၊ လွယ်တေးမိန်း (လွႆတေးမိူင်း) အနီးတွင် လက်နက်ကြီး လက်နက်ငယ် အသံများ ထွက်ပေါ်လာကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီပစ်ခတ်မှု မဖြစ်ခင်မှာ TNLA စစ်ကြောင်း တစ်ခုက ဟွေနမ့်ဆွမ် (ဒေသအခေါ် – ႁူၺ်ႈၼမ့်သွမ်ႇ) ဘက်တက် သွားတာ တွေ့ရတယ်၊ ခဏအကြာမှာတော့ ပစ်ခတ်သံတွေ ထွက်ပေါ်လာတော့တာပဲ၊ လက်နက်ကြီး လက်နက် ငယ်တွေ ပစ်ကြတာ၊ အခုချိန်ထိ ၁၀ မိနစ်ကျော်ကြာနေပြီ” ဟု ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခု သတင်းရေးနေသည့် အချိန်ထိ လွယ်တေးမိန်းဘက်မှ လက်နက်ကြီး လက်နက်ငယ်သံများ ကြားနေရခြင်း ဖြစ်ကြောင်း ဒေသအတွင်းမှ စိတ်ချရသည့် သတင်းရင်းမြစ်များက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ ပစ်ခတ်မှု ဖြစ်ပွားသည့်အတွက် စယ်လန့်ကျေးရွာအတွင်းမှာ အိမ်နှင့် ဈေးဆိုင်များသည် ပိတ်ထား ရကြောင်း နှင့် ဈေးဆိုင်များ ကောင်းကောင်းမွန်မွန် မဖွင့်ရသည်မှာ တစ်ပတ်နီးပါး ရှိလာပြီ ဖြစ်ကြောင်းလည်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“နေ့တိုင်းလိုလို ပစ်ခတ်သံတွေက ကြားနေရတော့ ဆိုင်တွေလည်း ကောင်းကောင်း မဖွင့်ရတာ ၅ ရက်ရှိပြီ၊ ကျနော်တို့ အိမ်က ဒီအိမ်ဈေးဆိုင်လေးဖွင့်ပြီး စားဝတ်နေရေး ဖြေရှင်းရတာ၊ အခုလို တိုက်ပွဲ ရက်ကြာလာပြီး၊ ဆိုင်က ဖွင့်မရဘူးဆိုရင် ခက်ကုန်တော့မှာ၊ တချို့ကုန်တွေက ဒိတ် (Date) ကုန်တာတို့ ဘာတို့ဖြစ်ရင်လည်း ရှုံးမှာ” ဟု ဈေးဆိုင်ပိုင်ရှင် တစ်ဦးက သျှမ်းသံဝောာ်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့မှ စတင်ကာ စစ်ကောင်စီတပ်ဖွဲ့သည် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နှင့် ထိတွေ့တိုက်ပွဲ ပြင်းထန်လာခဲ့ပြီး လေကြောင်းဖြင့်ပါ တိုက်ခိုက်မှု အပြင် လက်နက်ကြီး/ငယ်ဖြင့်လည်း တစ်ဖက်သတ် ရမ်းသမ်းမှု ပြုလုပ်လာခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့၏ နမ့်အွန်ကျေးရွာအုပ်စု ဆိုင်ခေါင်(ဝ်) ရွာအနီးကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆိုင်ခေါင်(ဝ်) ရွာ ဒေသခံ နေအိမ်တချို့ ထိခိုက်ပျက်စီးရသည့် အပြင် အသက် (၄၀) အရွယ် အမျိုးသားတစ်ဦးလည်း လက်နက်ကြီး ထိမှန် သေဆုံးခဲ့သည်။

ဇူလိုင်လ ပထမ ပတ်အတွင်းမှ စတင်ကာ အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့သည် သျှမ်းပြည်အတွင်း အခြေစိုက် လှုပ်ရှားသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု ခပ်စိပ်စိပ် ဖြစ်လာသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...