Sunday, May 5, 2024

ဒေါ်အောင်ဆန်းစုကြည် နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပထမဆုံးတွေ့ဆုံ

Must read

အာဏာသိမ်းပြီး (၂) နှစ်ကျော်ကာလမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး MR.Don Pramudwinai မှ နိုင်ငံတကာ သံတမန် တစ်ဦး အနေဖြင့် ဇူလိုင် (၉) ရက်က တွေ့ဆုံခဲ့ရကြောင်း သတင်းရရှိပါတယ်။

(Photo by Myanmar State Counsellor Office) ၂၀၁၉ ခုနှစ် မတ် ၈ ရက်က ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန်ပရာမွတ်ဝီနိုင်း နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံစဥ်။

အဆိုပါ တွေ့ဆုံမှုကို အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုလိုက်တယ်လို့ ဂျပန်နိုင်ငံ အခြေစိုက် ကျိုဒို (Kyodo) သတင်းဌာနက ရေးသားထားပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ ဒေါ်အောင်ဆန်းစုကြည်ကို လွန်ခဲ့တဲ့ ဇူလိုင် ၉ ရက် (တနင်္ဂနွေနေ့) က တွေ့ဆုံခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ထံမှ သတင်းစကားကို မနေ့ (ဇူလိုင် ၁၁) ရက်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးမှာ ဖတ်ကြားနိုင်တယ်လို့ ရေးသားထားခဲ့ပါတယ်။

ထိုင်းအိမ်စောင့် အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Don Pramudwinai ဟာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေး မတိုင်မီ နေပြည်တော်သို့ တိတ်တဆိတ်သွားရောက်ခဲ့ပြီး အဲ့ခရီးစဉ် နဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာမရှိခဲ့ပါဘူး။

Leave a Comments

- Advertisement -spot_img

Latest article