သျှမ်း – ကရင်နီ တိုက်ပွဲကြား အရပ်သား ၃၃ ဦး သေဆုံး

သျှမ်း – ကရင်နီပြည်အတွင်း စစ်ကောင်စီ စစ်ကြောင်းထိုးပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ် တိုက်ခိုက်ခြင်းနှင့် လေကြောင်း တိုက်ခိုက်ခြင်းတို့ကြောင့် အရပ်သား ၃၃ ဦး သေဆုံးခဲ့ရကြောင်း KNDF B09 က ယနေ့ (ဇူလိုင် ၅) ရက်၌ ထုတ်ပြန်ထားသည်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ်များ ထိခိုက်ပျက်စီး

ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့မှစ၍ မိုးဗြဲမြို့အတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် နှင့် တော်လှန်ရေးတပ်ပေါင်းစုတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ တစ်လအတွင်း တိုက်ပွဲပေါင်း (၆) ကြိမ်ကျော် ဖြစ်ပွားခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

အဆိုပါ နှစ်ဖက်တပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားနေစဉ် မိုးဗြဲမြို့အတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့က ကလေးငယ်တစ်ဦး အပါအဝင် အမျိုးသား ၂၀ ဦး၊ အမျိုးသမီး ၃ ဦးကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်သွား ခဲ့ကြောင်း ဆိုသည်။

“များသောအားဖြင့် ရက်ရက်စက်စက်၊ ရက်ရှည်ညှင်းပန်းနှိပ်စက် သတ်ဖြတ်ထားတာ တွေ့ရတယ်။ တချို့လည်း သေနတ် နဲ့ သတ်ခံရတာမျိုးပေါ့။ အမျိုးသမီး အသက်ငယ်ပိုင်းတွေ၊ အလောင်းပုံ အရဆိုရင် မုဒိမ်းကျင့် သတ်ဖြတ်ထားတယ်လို့ ယူဆရတယ် “ ဟု အလောင်းသွားသယ်ယူသူ အမည်မဖော်လို သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အလားတူ စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီး ကျည်ထိမှန်မှုကြောင့် မိုးဗြဲမြို့တွင် ပြည်သူ ၃ ဦး၊ ဘောလခဲမြို့နယ်တွင် ပြည်သူ ၁ ဦး၊ လွိုင်ကော်မြို့နယ်တွင် ၁ ဦး တို့သည် သေဆုံးခဲ့ပြီး လေကြောင်း တိုက်ခိုက်မှု ကြောင့် ဖရူဆိုမြို့နယ်တွင် ၁ ဦး၊ ဖာဆောင်းမြို့နယ်တွင် ၄ ဦး သေဆုံးခဲ့ရသည်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ဘုရားကျောင်း

“မလုပ်သင့်တာ လုပ်တယ်လို့ပဲ ပြောချင်ပါတယ်။ တကယ်ဆို လက်နက်ကိုင် ထားတဲ့သူချင်း တိုက်တာက ကျမတို့ အပြစ်မပြောလိုပါဘူး။ သူဦးသူပစ်ပေါ့။ လေယာဉ် နဲ့ စခန်းတွေ လာကြဲတာလည်း ကျမအနေနဲ့ လက်ခံတယ် ဒါဟာစစ်ပွဲလေ။ ဒါပေမယ့် အပြစ်မရှိတဲ့ ပြည်သူ့နေအိမ်တွေ စစ်ဘေးရှောင်၊ ပြည်သူတွေ အသက်တွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာတော့ သူရဲဘောကြောင်တယ်လို့ မြင်မိတယ် “ ဟု ကရင်နီဒီမိုကရက်တစ်တပ်ဦး KDF မှ မစုစုက ပြောသည်။

ယင်းကဲ့သို့ တိုက်ပွဲကြောင့် (ဇွန်လ) တစ်လအတွင်း စစ်ကောင်စီဖက်မှ တပ်ဖွဲ့ဝင် (၅၀) နီးပါး သေဆုံးခဲ့ရပြီး တော်လှန်ရေးတပ်ပေါင်းစု တပ်ဖွဲ့ဝင်မှ ရဲဘော် ၃ ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့အပြင် ဇွန်လ ၁၃ ရက်နေ့မှစ၍ ရက်သတ္တပတ်အတွင်း မယ်စဲ့မြို့နယ် အတွင်းရှိ ထိုင်း – မြန်မာနယ်စပ်မှ စစ်ကောင်စီ၏ တပ်စခန်းများဖြစ်သည့် BP-13စခန်း၊ BP-14 စခန်း၊ BP-15 ရှိ မယ်တနွယ် တပ်စခန်း၊ BP-16 ရှိ တောင်လှတပ်စခန်းတို့ နှင့် မယ်စဲ့မြို့မရဲစခန်း၊ ဗျူဟာကုန်းတပ်စခန်းအား KA၊ ကလလတ၊ KNDF တို့နှင့်အတူ ပါဝင်ပူးပေါင်း၍ လက်နက်ကြီး၊ လက်နက်ငယ်များစွာနှင့် ခဲယမ်းများကို သိမ်းဆည်းရကြောင်း ရေးသားဖော်ပြထားသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် နေပြည်တော် နှင့် နီးစပ်သည့် ဒေသဖြစ်သော ဖယ်ခုံ၊ မိုးဗြဲ နှင့် ပင်လောင်းမြို့နယ်များကို စစ်ကောင်စီက ထိန်းချုပ်စေလိုသောကြောင့် အဆိုပါ ဒေသ၌ အလုံးအရင်းဖြင့် စစ်ကြောင်းထိုးပြီး လေကြောင်းအပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် အပြင်းအထန် နှိမ်နှင်းတိုက်ခိုက်နေခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...