Thursday, May 2, 2024

သိန္နီမြို့အထွက် ယာဉ်တိုက်မှုဖြစ်ပွား ဆိုင်ကယ်မောင်းသူ ပြင်းထန်ဒဏ်ရာရ

Must read

သျှမ်းပြည် လားရှိုးခရိုင် သိန္နီမြို့နယ် နှင့် လားရှိုးမြို့နယ်ကြား ပြည်ထောင်စု လမ်းမကြီးပေါ် တွင် ကား နှင့် ဆိုင်ကယ်တိုက်မိသောကြောင့် ဆိုင်ကယ်မောင်းသူ အမျိုးသားတစ်ဦး အပြင်းအထန်ဒဏ်ရာ ရရှိသည်ဟုသိရပါသည်။

Photo- Credit

၂၀၂၃ ခုနှစ် ဇွန်လ ၂၈ ရက် နေ့လည် ၁၂ နာရီခွဲ ဝန်းကျင်တွင် သိန္နီ နှင့် လားရှိုး ကြား ပြည်ထောင်စု လမ်းမကြီးပေါ် သိန္နီမြို့အထွက် နမ့်ဟူးတောင်းကျေးရွာတွင် အိမ်စီးကား တစ်စီးက ဆိုင်ကယ် နှင့် တိုက်မိခဲ့သည်ဟု ဆေးရုံသို့ ကူညီပို့ဆောင်သူတစ်ဉီးက ပြောသည်။

“သိန္နီမြို့နဲ့တော့ ၂ မိုင်ကျော် လောက်ဝေးတယ်။ ကားက လားရှိုးကို ဆင်းသွားတဲ့ ကားဗျ။ ဆိုင်ကယ် သမားကတော့ မသိဘူး။ ဆိုင်ကယ်စီးတဲ့သူက ဘယ်ဖက်လက်မောင်း နဲ့ ဘယ်ဖက် ခြေထောက် အရိုးက ကျိုးသွားတယ်ဗျ” ဟု အနှိုင်းမဲ့ကုသိုလ် လူမှုကူညီရေး အသင်း (သိန္နီမြို့) က တာဝန်ရှိပုဂ္ဂိုလ် တစ်ဉီးက ပြောသည်။

ယာဉ်တိုက်ခံရသည့် ဆိုင်ကယ်သမားသည် အသက် ၅၀ အရွယ်ဖြစ်ပြီး လက်ရှိတွင် လားရှိုးပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ကုသထားသည်ဟုလည်း သိရှိရသည်။

ထို့အတူ ဇွန်လ ၂၆ ရက်တွင် သိန္နီ နှင့် ကွမ်းလုံကြား ပြည်ထောင်စုလမ်းမ မိုင်တိုင်အမှတ် ၁၀/၄-၅ နောင်မောင်းရွာအတွင်း အိမ်စီးကားတစ်စီး မီးတိုင်ဝင်တိုက်မှုကြောင့် ၃ ဉီး သေဆုံးပြီး တစ်ဉီးက ဒဏ်ရာ ရရှိပြီး ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေဆဲ ဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article