Tuesday, January 27, 2026

တန့်ယန်း – ပန်ဆန်းလမ်းကြားရှိ တောင်ပေါ်လမ်း ကားတိမ်းမှောက် ယာဥ်မောင်းသေဆုံး

သျှမ်းပြည် တန့်ယန်းမြို့ နှင့် ပန်ဆန်းမြို့ လမ်းကြားရှိ သံလွင်မြစ်ကမ်းခြေ၊ တောင်ပေါ်လမ်း တစ်နေရာတွင် ကားတစ်စီး တောင်ပေါ်တက်နေစဉ် ပေ ၄၀၀ အနက် ခြောက်ထဲပြုတ်ကျပြီး ယာဉ်မောင်းတစ်ဦး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။

ယာဥ်တိမ်းမှောက်

ယမန်နေ့ မေလ ဇွန် ၂၆ ရက် ညနေ ၅ နာရီအချိန်တွင် တန့်ယန်း – ပန်ဆန်း လမ်းကြားရှိ သံလွင်မြစ်ကမ်းခြေ၊ တောင်ပေါ်လမ်းတစ်နေရာတွင် ကားတစ်စီး တောင်ပေါ်တက်နေစဉ် ဂီယာမချိန်းမိသောကြောင့် ကားနောက်ပြန်ဆုတ်ပြီး ပေ ၄၀၀ အနက် ခြောက်ထဲပြုတ်ကျသွားပြီး ယာဉ်မောင်းတစ်ဦး သေဆုံးသွားခဲ့ကြောင်း ၎င်းကို သွားရောက်ကူညီသည့် တန့်ယန်းမြို့နယ် အရန်မီးသတ်ဖွဲ့အသင်းမှ ပြောသည်။

“ကားက တောင်ပေါ်ကို တက်နေရင်း အတက်မှာ ဂီယာချိန်းလိုက်တော့ ဂီယာက မဝင်တော့ဘူး။ ကားကနောက် ပြန်ဆုတ်ပြီး ခြောက်ထဲကို ကျသွားတာ။ ပေ ၄၀၀ အနက် ခြောက်ထဲကျသွားတာပေါ့။ ကားပေါ်က လိုက်လာတဲ့သူ ကလေးတစ်ယောက် နဲ့ အမျိုးသမီးတစ်ယောက်ပါတယ်။ အမျိုးသား နှစ်ယောက်ထဲက ယာဉ်မောင်း တစ်ယောက်ကတော့ ပွဲချင်းပြီးသွားတယ် “ ဟု ၎င်း အသင်းမှ တာဝန်ခံတစ်ဦးက ပြောသည်။

အဆိုပါ ပေ ၄၀၀ အနက် ခြောက်ထဲကျသွားသောကြောင့် ကလေးတစ်ဦးအပါအဝင် အမျိုးသမီး တစ်ဦး နှင့် အမျိုးသား တစ်ဦးသည် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လားရှိုးဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် မိဘပြည်သူများအနေဖြင့် တန့်ယန်း – ပန်ဆန်း လမ်းကြားရှိ တောင်ပေါ်လမ်း၌ ယာဉ်မောင်းပြီး သွားလာပါက ယာဉ်ကိုထိန်းပြီး သတိဖြင့် ဂရုစိုက်ပေးရန် ဒေသခံတစ်ဦးက ထပ်လောင်းပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...