နမ္မတူမြို့နယ်မှ အမျိုးသား တစ်ဦးကို TNLA တပ်သားများမှ ရိုက်နှက်

သျှမ်းပြည် နမ္မတူမြို့နယ်မှ အမျိုးသား တစ်ဦးကို မူးယစ်ဆေးဝါး သုံးစွဲသည့် စွပ်စွဲချက်ဖြင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်သားများက ဝိုင်းဝန်းရိုက်နှက်ကြောင်း စုံစမ်းသိရသည်။

ရိုက်နှက်ခံထားရသည့် အမျိုးသား

ပြီးခဲ့သည့် ဇွန်လ ၂၃ ရက် ညနေပိုင်းတွင် နမ္မတူမြို့နယ် အမှတ် (၆) ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသား တစ်ဦးကို မူးယစ်ဆေးဝါး သုံးစွဲသည် ဆိုသည့် အကြောင်းပြချက်ဖြင့် TNLA တပ်သား နှစ်ဦးက ဖမ်းဆီးရိုက်နှက်ခြင်း ဖြစ်ကြောင်း သိရသည်။

“သူ့ကို မူးယစ်ဆေးဝါးသုံးတယ်လို့ ပြောပြီး လာဖမ်းကြတာ၊ သူက မူးယစ်ဆေးဝါး မသုံးဘူးဆိုပြီး ငြင်းနေလို့ (TNLA) စစ်သား နှစ်ယောက်က ဖမ်းပြီး ရိုက်စစ်တာပေါ့၊ အမှန်တော့ သူက မူးယစ်ဆေးမသုံးပါဘူး၊ အရက် သောက်ထားတော့ အဲ့လိုတွေ အထင်လွဲပြီး ရိုက်ကြတာ၊ သူ့ကို အချိန်တော်တော်ကြာအောင်ရိုက်တယ်” ဟု ဖြစ်စဥ်ကို သိရှိသည့် ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

အဆိုပါ ရိုက်နှက်ခံရသည့် အမျိုးသားသည် ကျေးရွာအတွင်း အရက်ဆိုင်မှ ပြန်လာချင်းဖြစ်ပြီး အိမ်မရောက်မှီ လမ်းတစ်ဝက်တွင် TNLA တပ်သားနှစ်ယောက်၏ ဖမ်းဆီး စစ်ဆေးရိုက်နှက်မှုကို ခံရခြင်းဖြစ်သည်။

ရိုက်နှက်ခံရမှုကြောင့် အဆိုပါ အမျိုးသားသည် လည်ပင်း နှင့် ပါး၊ ခြေ၊ လက်တို့၌ ထိခိုက်ဒဏ်ရာများ ရရှိသွား ကြောင်းလည်း သိရသည်။

“နားရင်းအုပ်ပြီးတော့ ခြေထောက်နဲ့ ကန်တာ၊ တရွတ်တိုက် ဆွဲတာလည်း ပါတယ်၊ သူ့ဒဏ်ရာတွေကတော့ ပွန်းပဲ့၊ ညိုမဲဒဏ်ရာတွေ နဲ့ လက် အကြောလွဲသွားတယ်၊ ရိုက်နှက်ပြီး အားလုံးက ဝိုင်းတားတော့မှ သူတို့ (TNLA) အထင် လွဲတာပါ ဆိုပြီး ပြန်သွားတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ အရပ်သားတစ်ဦးကို မှားယွင်းသော စွပ်စွဲချက်ဖြင့် ရိုက်နှက်ခြင်း နှင့် ပတ်သက်ပြီး TNLA တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူထံသို့ ဖုန်းဖြင့် ဆက်သွယ်သော်လည်း အဆက်အသွယ် မရခဲ့ပေ။

ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့တွင်လည်း သိန္နီမြို့နယ်၊ မိန်းပါးကျေးရွာအုပ်စု၊ ဝမ်မိုင် နမ့်ဟူးပွက် (ဝၢၼ်ႈမႂ်ႇ ၼမ့်ႁူးပွတ်း) ကျေးရွာအုပ်ချုပ်ရေးမှူးကို TNLA တပ်သားက ရိုက်နှက်ပြီး လျော်ကြေးငွေ ၄၆,၀၀၀ ကျပ် ဖြင့် ကြေအေးပေးစေခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...