မိုင်းလား လူသတ် မှု နောက်ကွယ် (သို့မဟုတ်) မိုင်းလား ဒုတိယ စစ်ဦးစီးချုပ် လုပ်ကြံခံရမှုမှ လွှတ်မြောက်ခြင်း

အောက်တိုဘာ ၁ ရက်နေ့ က အထူးဒေသ ၂ မိုင်းလားမြို့လယ် ဟော်တယ်တခုတွင် ဝ ပြည်သွေး စည်း ညီညွှတ်ရေးတပ်မတော် UWSA တပ်မဟာ ၄၆၈ ရဲ့ သားကြီး ပစ်သတ်ခံရတယ်လို့ သျှမ်းသံတော်ဆင့် သတင်းက အောက်တိုဘာ ၃ ရက်နေ့ ရက်စွဲနဲ့ ဖတ်လိုက်ရပါတယ်။ ကောဠာဟာဠ သတင်း လို့၊ မဟုတ် မမှန်သတင်းလို့ အဲ့ဒီသတင်းမှာ ခွန်မဲန့်ပေးတဲ့သူက ပေးပါတယ်။ အဲဒီဖြစ်ရပ် ကို အမှန် အတိုင်း တင်ြပ ရမယ် ဆိုရင် —–

မိုင်းလားလို့ပြောရင် ဝ ဆိုတဲ့ စကားလုံးကိုလဲ မလွဲမသွေ သုံးရမှာဖြစ်ပါတယ်။ အခု ကိစ္စကလည်း လဲ အဲဒီ စကားလုံးနဲ့ တိုက်ရိုက်ပတ်သက်နေလို့ပါဘဲ။

မိုင်းလားနယ်မြေ အတွင်း ဝ တပ်ဖွဲ့ဝင်လာတာ ၂ ကြိမ် နှစ်ခါ ရှိပါတယ်။ ပထမ တခါ တုန်းကတော့ စစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ် စရဖ မှူး ဗိုလ်ချုပ်ရဲမြင့် ကနေ ၂၀၀၉ ခုနှစ်တုန်းက နယ်ခြား စောင့် တပ်အသွင်ပြောင်းခိုင်းတုန်းက တကြိမ်၊ ကိုးနှစ်ရှစ်လို့ နာမည်ကြီးနေတဲ့ ၉ လ ၂၈ ရက် ၂၀၁၆ က မိုင်းလားနယ်မြေ အတွင်း တပ်ရင်း ၅ ရင်းစေလွှတ်ပြီး မိုင်းလား တပ်စခန်း ၅ ခု ကို သိမ်း ပိုက်တုန်း က တကြိမ် ဝ တပ်များ မိုင်းလားနယ်မြေ အတွင်းဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။

ပထမ တကြိမ်တုန်းက နှစ်ဦးနှစ်ဘက် သဘောတူညီချက်နဲ့ ဝင်ရောက်လာတယ်ဆိုတော့ ပြဿနာတွေ ရှိတယ်ဆိုပေမယ့် မိုင်းလားတပ်ဖွဲ့ဘက်က ထိန်းထိန်းသိမ်းသိမ်း လုပ်ခဲ့ပါတယ်။ မိုင်းလား တပ်ဖွဲ့ ထိန်းသိမ်းနေတဲ့ကြားက အဲဒီ့အခွင့်အရေးကို ထပ်မံအသုံးချ ပြီး ၉ လ ၂၈ ရက် ၂၀၁၆ က ဝ တပ်များ မိုင်းလားနယ်မြေအတွင်း အလစ်အငိုက် ဝင်ရောက်လာတဲ့အပေါ် ဝ ကို မိုင်းလားဘက် က ရှိတဲ့ မဟာမိတ်စိတ်ဓါတ် ကုန်ခမ်းခဲ့ရ ပါတယ်။

အဲဒီပြဿနာတွေကတော့ – UWSA တပ်မဟာ ၄၆၈ ရဲ့ တပ်မဟာမှူး လီအိုက်ဆု တာဝန်ထမ်းဆောင် စဉ်က မိုင်းလား နဲ့ ၀ တပ်ဖွဲ့ကြား ပြဿနာသိပ်မရှိလှပါဘူး။ UWSA ဝ တပ်ဖွဲ့ခေါင်းဆောင် ပေါက်ယူချန်းရဲ့ တူ တော်စပ်သူ ပေါက်အိုက်ပန်း (မူးယစ်ဆေးဝါးမှုနဲ့ အစိုးရမှဖမ်းဆီး) ထောင်မှ လွတ်မြောက်လာတဲ့ နောက်ပိုင်း စီးပွားရေး စစ်ရေး အင်အား အတောင့်တင်းဆုံးဖြစ်တဲ့ လီအိုက်ဆု ကိုဖယ်ရှားပြီး ပေါက်ယူချမ်းက ၎င်းရဲ့တူ ပေါက်အိုက်ပန်း ထောင်ထွက်ကို – တပ်မှူးအဖြစ် တင်မြောက် ပါတယ်။

ပေါက်အိုက်ပန်း တပ်မဟော ၄၆၈ တပ်မှူး ဖြစ်လာတဲ့နောက်ပိုင်း မိုင်းလားတပ်ဖွဲ့ကို လုံခြုံရေးပေးရ တဲ့ကိစ္စအပေါ် ၎င်းက အကျိုးအမြတ်ထည့်တွက်လာပါတယ်။

မိုင်းလားနယ်မြေအတွင်း ဝ တပ်ထိန်းချုပ်ထားတဲ့ တောတောင်က ရှိတဲ့သစ်တွေ၊ ဝါးတွေ၊ ခုတ်ဖြတ်သယ်ဆောင်၊ သတ္တုတွေ ကိုလည်း တူးဖေါ် ပြီး အိမ်နီးချင်းတရုတ်နိုင်ငံကို ရသမျှထုတ်ရောင်းပါတယ်။

ဒါကို မို်င်းလားတပ်ဖွဲ့ ကန့်ကွက်နေတဲ့ကြားက မိုင်းလားနယ်မြေပေါ်မှာ ရှိတဲ့ဟော်တယ်တွေ၊ လုပ်ငန်းရှင်တွေအနေနဲ့ မိုင်းလားတပ်ဖွဲ့ကိုပေးတဲ့ အခွန်အတုပ်တွေရဲ့ ၃၀% ခိုင်နှုန်းကို ဝ တပ်ကိုပေးဖို့၊ လောင်းကစားရုံတွေက ရတဲ့အခွန်ကို ၅၀% ပေးဖို့ မိုင်းလား ကိုတောင်းဆိုပါတယ်။ ဒါကို မိုင်းလား တပ်ဖွဲ့ဘက်က လက်မခံပါဘူး။

မိုင်းလားဘက်က ၎င်းရဲ့သဘောထားကို အာခံတဲ့အပေါ် ၎င်းက မခံချိမခံတာနဲ့ အံကြိတ်ပြီး ခံစားနေရပုံပေါ်ပါတယ်။ အဲဒါနဲ့ — မိုင်းလားတပ်ဖွဲ့ကို ဆုံးမဖို့ နည်းလမ်းတွေ ကြံစည်တော့တာပါဘဲ။

၂၀၁၆ ခု ဩဂုတ်လ က ကျင်းပတဲ့ ပထမ ပင်လုံညီလာခံ သွားတက်ပြီး ကျင်းပရေးကော်မတီအဖြစ် ပါဝင်လာခဲ့တာကို မိုင်းလားတပ်ဖွဲ့ NCA လက်ရေးထိုးတော့မယ်၊ ဝ တပ် အ တွက် အန္တရာယ် ပြုလာ နိုင်တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်အင်အား အသုံးပြုဖို့ (ပန်ဆန်းဌာနချုပ်) အထက်ကို တင်ပြ ပါတယ်။

၎င်းတင်ပြတဲ့အတိုင်း ဘကြီးတော်စပ်သူ ဝ ခေါင်းဆောင် ပေါက်ယူချမ်းကလဲ တချက်လွတ် အာဏာ နဲ့ အင်အားသုံးဖို့ သဘောတူ ညွှန်ကြားလိုက်ပါတယ်။ ဒါကို ဝ ထိပ်ပိုင်းခေါင်းဆောင် တချို့က သဘော မတူပါဘူး။ လုပ်လဲမလုပ်သင့်ဘူးလို့ အကြံပြုပါတယ်။ သို့ပေမယ့် အကြံပြုချက်မအောင်မြင်ဘဲ မိုင်းလား တပ်စခန်း ၅ ခု ကို ၉၊၂၈ က ဝင်စီး ခဲ့တာ ဘကြီး နဲ့ တူ နှစ်ဦး ပူးတွဲ စီစဉ် ခဲ့တာ ဘဲ ဖြစ်ပါတယ်။

အထက်ဖေါ်ပြတဲ့ ဖြစ်စဉ် အားလုံးမှာ ပါဝင်တဲ့ အဓိက ဇာတ်ကောင်ကတော့ ဝ တပ်မဟာမှူး ပေါက်အိုက်ပန်း နဲ့ ၎င်းကို အံတုအာခံနေတဲ့ သူ့ရဲ့စီးပွားရေးပြိုင်ဘက် မိုင်းလား တပ်မတော်ရဲ့ ဒုတိယ စစ်ဦးစီးချုပ် ဦးအားချိုင် ဆိုသူပါဘဲ။

ဦးအားချိုင် ဆိုသူကလဲ ခေသူမဟုတ်။ လုပ်ရည်ကိုင်ရည်ရှိသူဖြစ်တဲ့အပြင် ရဲအရာရှိချုပ်ကနေ တပ်ပိုင်း ဒုတိယ ဦးစီးချုပ် ဖြစ်လာတဲ့သူပါ။ အကြောင်းရင်းကတော့ သူဟာ မိုင်းလားတပ်ဖွဲ့ ဥက္ကဋ္ဌ ကတော် ရဲ့ တူတော်မောင်အရင်း တော်စပ်သူဖြစ်လို့ပါဘဲ။ ၎င်းက ဝ တပ်ဖွဲ့ ကြီးစိုးနေမှုကို လုံး၀မလိုအပ်တဲ့ ထိပ် ပိုင်း ခေါင်းဆောင်ဖြစ်ပါတယ်။

ဒီအခဲမကျေမှုတွေကြောင့် အောက်တိုဘာ ၁ ရက်နေ့ နံနက်ပိုင်းက အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ( အထူးဒေသ ၄ မိုင်းလားတပ်မတော်) ရဲ့ ဒုတိယ စစ်ဦးချုပ် ဖြစ်တဲ့ ဦးအားချိန် ရဲ့ နေအိမ်မှာ ဒီလို ဇါတ်လမ်းဖြစ်လာခဲ့ရတာပါ။

၂၀၁၇ ခု အောက်တိုဘာ ၁ ရက်နေ့ နံနက် ၇ နာရီ ကျော်ကျော် အချိန်ခန့်က ဒုတိယ စစ်ဦးချုပ် ဖြစ်တဲ့ ဦးအားချိန် ရဲ့ နေအိမ်မှာ ၀ အမျိုးသား နှစ်ဦးက ကားနဲ့ရောက်လာပါတယ်။

ဟွန်းတီးပြီး တံခါးဖွင့်ဖို့ ကားပေါ် ပါလာတဲ့လူက ဆင်းပြောပါတယ်။ တံခါး (ကင်း) ဂိတ် အစောင့် ကိုးကန့်လူမျိုးစစ်သား က – “ဘာကိစ္စလဲ” – လို့မေးပါတယ်။

ဦးကျိုးကျန့်ဂျွီ အမည်ရ ၀ အမျိုးသားက – “မင်းတို့ လူကြီး ခေါ်လို့ လာတွေ့တာ” – လို့ပြော တယ် လို့ဆိုပါတယ်။

သေနတ်ကိုင်ထားတဲ့ ဂိတ်တံခါး ဖွင့်ပေးတဲ့ စစ်သားလေးက – “ခဏလေး၊ ကျနော် သွားသတင်း ပို့ လိုက်ဦးမယ်” – လို့ ပြောပြီး အိမ်မကြီးသို့ ဦးတည်သွားဖို့ လုပ်ချိန် – အဆိုပါ၀ လူကြီး က သေနတ်ကို လှမ်းလုပါတော့တယ်။ ၀ လူကြီးက သေနတ်ဒင်ဘက် ရပြီး၊ ဂိတ်စောင့်စစ်သားလေးက သေနတ် ပြောင်း ဘက်ရပါတယ်။

စစ်သားလေးကလဲ သေနတ်မလွတ် ရုံးရင်းကန်ရင်း ကျဉ်တလုံး ပွင့်သွားလို့ ဂိတ်စောင့်စစ်သားလေး ဦးခေါင်းသေနတ်ထိမှန်ပြီးပွဲချင်းပြီးသေဆုံးသွားပါတယ်။ သေနတ်သံကြောင့် အိမ်မကြီးအတွင်း လူတွေ ရုပ်ရုပ်သဲသဲ ဖြစ်ပြီး စစ်သား တချို့လဲ ပြေးထွက်လာတာ တွေ့ရတော့ ၀ အမျိုးသားကလဲ စက်နိုးပြီး အဆင်သင့် စောင့်နေတဲ့ ကားပေါ် ပြေးတက်ပြီး ထွက်ပြေးတယ်လို့ ဆိုပါတယ်။

ဦးအားချိုင်ရဲ့ လုံခြုံရေးအဖွဲ့နဲ့ မိုင်းလားရဲတပ်ဖွဲ့တွေ အဆိုပါ ကားနောက်ကိုထပ်ကြပ်မခွါ လိုက်ပါ တယ်။ တဖက် ကလည်း မိုင်းလားလုံခြုံရေးတပ် ဖွဲ့ကို အားဖြည့်ပြီးကူဖမ်းပေးဖို့ တပ်လှန့်ပါ တော့တယ်။ အဆိုပါ ၀ ကားက အစိုးရပိုင် ပြည်သူ့ဆေးရုံ ရှေ့ကားရပ်ပြီး ဟောင်ကြား အမည်ရ ဟော်တယ် အပေါ် ပြေးတက်သွား ပါတယ်။

ဟော်တယ်အတွင်း မိုင်းလား လုံခြုံရေးတပ်ဖွဲ့နှင့် ဦးကျိုးကျန့်ဂျွီ တို့ ဟော်တယ်ပေါ် မှာ အပြန်အလှန် ပစ်ခတ်လို့ အဲဒီမှာ မိုင်းလားတပ်ဖွဲ့ဝင် နှစ်ဦးဒဏ်ရာရ ပြီး ဦးကျိုးကျန့်ဂျွီ ကိုလဲ ဒဏ်ရာ နဲ့ အရှင်ဖမ်းမိပါတယ်။

ဦးကျိုးကျန့်ဂျွီ ဟာ UWSA တပ်မဟာ ၄၆၈ မှူး ပေါက်အိုက်ပန်းရဲ့ မွေးစားသား သို့မဟုတ် လူယုံတော် လို့လဲ သတင်းထွက်ရှိနေပါတယ်။
မိုင်းလားတပ်ဖွဲ့ရဲ့ ဒုတိယ စစ်ဦးချုပ်ကို လုပ်ကြုံဖို့ စီမံတဲ့အမှု နဲ့ အတူ မိုင်းလား တပ်မတော် သား တဦးကိုသတ်တဲ့အမှုကြောင့် – မိုင်းလားတပ်ဖွဲ့ကတော့ ကွန်မြူနစ်ပီပီ လူ့အသက် တချောင်းသတ်ရင် အသက်တချောင်း ပြန်ပေးဆပ်ရမယ်ဆိုတဲ့ ဥပဒေအတိုင်း မိုင်းလားတရားရုံးက “ ဟန်လူမျိုး ကျိုးကျန့်ဂျွီဟာ ရည်ရွယ်ချက်ရှိရှိနဲ့ လူသတ်မှုကျူးလွန်သူ” လို့ ထုတ်ြပန်ြပီး အောက်တို ဘာ ၁၄ ရက်နေ့က သေဒဏ်ချမှတ်လိုက်ပါတယ် ။

မိုင်းလားတပ်ဖွဲ့ဟာ ၂၀၀၉ ခု နှစ်တုန်းကလဲ တပ်မတော်အစိုးရ ကနေ နယ်ခြားစောင့်တပ်ပြောင်း လဲရေးအတွက် ဖိအားပေးစဉ်ကလဲ အတွင်းရေးမှူးလဲဖြစ် ပြောရေးဆိုခွင့်လဲ ဖြစ်တဲ့ ဦးမင်းအိမ် ဆိုသူ သတ်ဖြတ်ခံရဖူးပါတယ်။

ကိုယ်ရေးကိုယ်တာကြောင့်ဘဲဖြစ်ဖြစ်၊ NCA ကြောင့်ဘဲဖြစ်ဖြစ်၊ ဝ နဲ့ မိုင်းလား တပ်ဖွဲ့ကြားဘဲဖြစ်ဖြစ် ဒေသ တည်ငြိမ်အေးချမ်းရေးကို ရှေ့ရှုပြီး ညှိညှိနှိုင်းနှိုင်း ဆွေးနွေးတိုင်ပင် ဖြေရှင်းသင့်ပါတယ်။

မိုင်းလားနဲ့ ၀ တပ်ဖွဲ့ဟာ ဗမာပြည်ကွန်မြူနစ်ပါတီ တပ်ဖွဲ့ဝင်ချင်းဖြစ်ဖူးသလို၊ ၁၉၈၉ ခု စစ်အစိုးရထံ ငြိမ်းချမ်းရေး စတင်ကတည်းက မဟာ မိတ်ကောင်းတွေဖြစ်ပါတယ်။

မနှစ်က မိုင်းလားတပ်ဖွဲ့ပိုင် တပ်စခန်း ၅ ခု ကို ၀ တပ်ဖွဲ့ ဝင်ရောက် စီးနင်းထိန်းချုပ်တဲ့ချိန်က စလို့ ကနေ့ အထိ နယ်ခြားလုံခြုံရေး အကြောင်းပြချက်နဲ့ အစိုးရ တပ်မတော်ကလည်း မိုင်းလားနယ် မြေအတွင်း ဝင်ရောက်တဲ့ လမ်းကြောင်းတွေကို စစ်ရေးအရ ဝ တပ်ဖွဲ့ထိန်းချုပ်ထားလို့ တာ့ပင်းဂိတ်စခန်း ကို နေပြည်တော်အမိန့်နဲ့ တပ်မတော် ဘက်က ပိတ်ထားလိုက်တာ ယနေ့တိုင်ဖြစ်ပါတယ်။

ဒါ့ကြောင့် ကိုယ်ရေး ကိုယ်တာသာ ကြည့်တဲ့ တပ်မှူးတွေကို အထက်ခေါင်းဆောင်တွေ ကြပ်မတ်စစ် ဆေးပြီး ဖယ်ရှား သင့်ရင် ပြောင်းရွှေ့ဖယ်ရှား သင့်တယ်လို့မြင်မိပါတယ်။ ၂၀၀၈ ခု နှစ် ကိုးကန့် ခေါင်းဆောင် ဦးဖုန်ကြားရှင်း နဲ့ ဦးပါယ်ဆောက်ချိန် တို့ မကြေမခြမ်းမှုတွေဖြစ်ရာကနေ ကနေ့အထိ ဒေသခံတွေ စစ်ဘေးစစ် ဒဏ်ခံနေရပါတယ်။

နွားကွဲရင် ကျားဆွဲမယ် ဆိုတဲ့ ဆိုရိုးစကားအတိုင်း ပြည်ထောင်စုတွင်းနေထိုင်တဲ့ မြန်မာအစိုးရ တပ်မတော် အပအဝင် တိုင်းရင်းသားညီကို မောင်နှမများအားလုံး ကြီးနိုင်ငယ်ညှင်းမပြုဘဲ ပြည်ထောင်စုအကျိုးလက်တွဲ သယ်ပိုးကြပါရန် ရည်ညွန်းအပ်ပါတယ်။

(ဆောင်းပါးရှင် – တာ့ဆဲမ်း)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စပါးကျီအစား အကြွေးကျီသာ ပြည့်နှက်နေသည့် ပုံးအင်းလွင်ပြင်

0
စပါးရိတ်သိမ်းပြီးစ ရိုးပြတ်များသာ ကျန်ရှိတော့သည့် ပုံးအင်းလွင်ပြင်၏ တိတ်ဆိတ်ခြောက်ကပ်နေသော မြင်ကွင်းကို ငေးကြည့်ရင်း အသက် ၄၀ အရွယ် နန်းဟွမ်တယောက် သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ လယ်ကွင်းထဲတွင် ရိတ်သိမ်းစရာ စပါးနှံများ မရှိတော့၍ အလုပ်အားသွားပြီ ဖြစ်သော်လည်း သူမ၏ ရင်ထဲတွင် ရှေ့ဆက်ရမည့် ဘဝခရီးအတွက် ပူပန်မှုများက အပြည့်နေရာယူထားဆဲ...

စစ်စရိတ်နှင့် သယံဇာတ – တအာင်းဒေသတွင် မြေရှားသတ္တုတူးဖော်မှု အရှိန်အဟုန်ဖြင့် တိုးလာနေ

0
ကမ္ဘာ့နည်းပညာလောက၏ လျှပ်စစ်ကား (EV) ဘက်ထရီများနှင့် ခတ်မီစစ်လက်နက်များ ထုတ်လုပ်ရန်အတွက် လေးလံမြေရှားဒြပ်စင် (Heavy Rare Earth) များသည် မရှိမဖြစ် လိုအပ်လာနေသည်။ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းပေးနေသည့် ကမ္ဘာ့အကြီးဆုံး ရင်းမြစ်တစ်ခုမှာ မြန်မာနိုင်ငံ ဖြစ်လာခဲ့သည်။ သို့သော်လည်း လက်ရှိတွင် အဆိုပါလုပ်ငန်းများသည် ကချင်ပြည်နယ်မှတစ်ဆင့် သျှမ်းပြည်မြောက်ပိုင်းရှိ တအာင်း (ပလောင်)...

တုက္ကစီဒိုသခင်လေးနဲ့ ခေတ်သစ်မြို့ပြလူတွေရဲ့ အဖော်မွန်

0
မနက်တိုင်း ကျနော့မှာ နာရီနှိုးစက် သီးသန့်ပေးထားစရာ မလိုပါဘူး။ ဘာလို့လဲဆိုတော့ (၇) ကီလိုလောက်ရှိတဲ့ အမွေးပွ "နှိုးစက်ကြီး" က ကျနော့်ရင်ဘတ်ပေါ် တက်ထိုင်ပြီး နှိုးတတ်လို့ပါ။ သူကတော့ ကျနော်ရဲ့ ပထမဆုံး ကိုယ်တိုင်မွေးထားတဲ့ "အိုက်တမ်" ဆိုတဲ့ ကြောင်လေးပေါ့။ "အိုက်တမ်" ဆိုတာ မြန်မာလိုဆိုရင်တော့ "အမဲလေး"...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...