စစ်ကောင်စီမှ လက်နက်ကြီး ရမ်းသမ်းပစ် ထီးစဲ့ခါးရွာ နေအိမ်ထိ မီးလောင်၊ လူထိခိုက်မှုရှိ

သျှမ်း – ကရင်နီ (ကယား) ပြည် နယ်စပ်ဒေသရှိ လွိုင်လင်လေးမြို့ ထီးစဲ့ခါး ကျေးရွာအတွင်းကို စစ်ကောင်စီမှ လက်နက်ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကာ နေအိမ်တစ်လုံးပေါ် ကျပြီး ပေါက်ကွဲသောကြောင့် လူထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်း သိရသည်။

ငွေကျပ်ရာချီ မီးလောင်ပျက်စီး

ပြီးခဲ့သည့် ဇွန်လ ၈ ရက် ညပိုင်းအချိန်တွင် စစ်ကောင်စီ၏ ခမရ (၅၃၀) တပ်ရင်းမှတပ်ဖွဲ့က ထီးစဲ့ခါးကျေးရွာ အတွင်းကို လက်နက်ကြီးဖြင့် ၅ လုံးထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် နေအိမ်တစ်လုံးထဲ ကျရောက်ပေါက်ကွဲပြီး လူထိခိုက် ဒဏ်ရာရရှိခဲ့သလို ရာနှင့်ချီ (ကျပ်ငွေ)များနှင့်အတူ နေအိမ်လည်း မီးလောင်ပျက်စီးသွားခဲ့ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးကို သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဲ့နေ့တုန်းက တိုက်ပွဲဖြစ်နေတာတွေ မရှိဘူး။ စစ်ကောင်စီက တမင်သက်သက် နဲ့ ရည်ရွယ်ချက်ရှိရှိ ရွာထဲကို လက်နက်ကြီးနဲ့ ပစ်ထည့်လိုက်တာ။ ည ၇ နာရီကျော် အချိန်ကစပြီး ဆက်တိုက်ပစ်နေတာ။ စစ်ကောင်စီ ခမရ ၅၃၀ က ပစ်တာပါ။ စိုင်းဟုန်း တို့အိမ်ကို ထိသွားပြီး မီးလောင်တာ၊ ပါသွားတာ ကုန်တောင်ကုန်တော့မယ်။ သူ့တူလေးလည်း လက်နက်ကြီးကျည်စ မှန်ပြီး တစ်ကိုယ်လုံး ထိခိုက်ဒဏ်ရာရသွားတယ် “ ဟု ၎င်း ဒေသခံတစ်ဦး ကပြောသည်။

နေအိမ် ထိခိုက်ပျက်စီး

အဆိုပါ စစ်ကောင်စီ၏ ခမရ (၃၅၀) တပ်ရင်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် နေအိမ်တစ်လုံးထဲ ကျရောက်ပေါက်ကွဲပြီး နေအိမ်အတွင်းရှိ ကလေးတစ်ဦး ထိခိုက်ဒဏ်ရာ ရသည့်အပြင် တန်ဖိုးရှိသော ကျပ်သိန်း ၁၃၀ ၊နေအိမ် နှင့် ဈေးဆိုင်များလည်း မီးလောင်ပျက်စီးသွားပြီး ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

အလားတူ စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ထီးစဲ့ခါးကျေးရွာအပြင် အနီးတဝိုက်ရှိ လိန်ဖုံရွာ (ဝၢၼ်ႈလိၼ်ၽုင်ႇ) မှ နေအိမ်တချို့လည်း ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။

“ လိန်ဖုံရွာက ရှမ်းရွာတွေပါ။ အိမ်ခြေ ၁၀၀ ကျော်တယ်။ လက်နက်ကြီး ကျပေါက်ကွဲတာကြောင့် နေအိမ် ၁၅ လုံးလောက် ပျက်စီးသွားတယ်။ ရွာက ဒေသခံတွေ ထွက်ပြေးပြီး ထီးစဲ့ခါးက ကမ္မဌာန်းကျောင်းမှာ လာခိုလှုံနေရတယ်။ စားရေးသောက်ရေးတချို့တော့ UN က လာကူညီထားတယ်။ လူတွေတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်တာပေါ့ဗျာ။ နေအိမ်ကို ပြန်မသွားချင်၊ ပြန်မသွားရဲကြတော့ဘူး “ ဟု အထက်ပါ ပုဂ္ဂိုလ်က ထပ်လောင်း ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာပြည်တဝှမ်းအတွင်း အရပ်သား နေအိမ်အဆောက်အဦး ၆ သောင်းကျော် မီးလောင်ပျက်စီးခဲ့ပြီး အရပ်သား ၁ ဒသမ ၈ သန်း အိုးအိမ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ၏ စာရင်းအရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...